ယေဇကျေလ 14:4 - Common Language Bible4 ``သူတို့အားငါအရှင်ထာဝရဘုရား အ ဘယ်သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ကိုယ်တော်ကဣသရေလအမျိုးသားတိုင်း သည်ရုပ်တုများကိုစိတ်စွဲလမ်း၍ မိမိတို့ ရှေ့တွင်ကောက်ကျစ်သောထိမိ၍လဲစရာ ကိုချထားပြီးမှ ပရောဖက်ထံသို့ချဉ်း ကပ်၍မေးမြန်းစုံစမ်းမှုကိုပြု၏။ ထိုသူ အားငါထာဝရဘုရားဖြေကြားမည်။ ထိုအဖြေကား ထိုသူကိုးကွယ်သည့်ရုပ် တုများရထိုက်သောအဖြေဖြစ်သည်။- အခန်းကိုကြည့်ပါ။Garrad Bible4 သို့ ဖြစ် ၍၊ ထို သူ တို့ အား ဆင့် ဆို ရ မည် မှာ၊ ဣ သ ရေ လ အ မျိုး သား တို့ အ နက်၊ အ ကြင် သူ သည်၊ ကိုယ့် ရုပ် ပွား များ ကို စိတ် စွဲ လမ်း ၍၊ ဒု စ ရိုက် ဆိုင် ရာ ခ လုတ် ကို မျက် မှောက် ပြု လျက်၊ ပ ရော ဖက် ထံ ချဉ်း ကပ် အံ့။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုကြောင့်၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို သူတို့အား ဆင့်ဆိုရမည်မှာ၊ အကြင်ဣသရေလ အမျိုးသားသည် ကိုယ်စိတ်နှလုံး၌ ကိုယ်ရုပ်တုတို့ကို တည်ထောင်၍၊ ကိုယ်မျက်နှာရှေ့မှာ ကိုယ်ဒုစရိုက်သစ်တုံးကိုထားလျက် ပရောဖက်ထံသို့ ရောက်လာ၏။ ထိုသူ၌ ရုပ်တု များပြားသည်နှင့်အညီ ငါပြန်ပြောမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သို့ဖြစ်၍ ထိုသူတို့အား ‘ဘုရားရှင်ထာဝရဘုရားက မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော အစ္စရေးလူမျိုးမည်သူမဆို ရုပ်တုကိုနေရာပေးလျှင် ပေးသလောက် သူ့ကို ငါထာဝရဘုရား တုံ့ပြန်မည်။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့်ငါသည်သူတို့ကြောက်လန့်လျက် ရှိသည့်ဘေးအန္တရာယ်ဆိုးကိုပင်သူတို့အပေါ် သို့သက်ရောက်စေတော်မူ၏။ အဘယ်ကြောင့် ဆိုသော်ငါခေါ်သောအခါအဘယ်သူမျှ မထူးကြ။ ငါပြောသောအခါ၌လည်း အဘယ်သူမျှနားမထောင်ကြသော ကြောင့်ဖြစ်၏။ သူတို့သည်ငါ့စကားကို နားမထောင်၊ ဒုစရိုက်မှုပြုရန်ကိုသာ ရွေးချယ်ကြ၏'' ဟုမိန့်တော်မူ၏။
``ထာဝရဘုရားက`ဣသရေလပြည်တွင် ဗျာဒိတ်တော်ကိုမေးလျှောက်ရန် ဘုရားမရှိ သောကြောင့်ဧကြုန်မြို့၏ဘုရားဗာလဇေဗုပ် အားစုံစမ်းမေးမြန်းရန်သံတမန်တို့ကိုစေ လွှတ်ရသလော။ သို့ဖြစ်၍သင်သည်ပြန်လည် ကျန်းမာလာလိမ့်မည်မဟုတ်။ သေလိမ့်မည်' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆိုလေ၏။