ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
ယေဇကျေလ 14:22 - မြန်မာ့စံမီသမ္မာကျမ်း “သို့သော် ထိုပြည်ထဲ၌ လွတ်မြောက်၍ကြွင်းကျန်ရစ်သော သားသမီးအချို့တို့သည် ထုတ်ဆောင်သွားခြင်းခံရလိမ့်မည်။ သူတို့သည် သင်တို့ထံရောက်လာ၍ သူတို့၏အပြုအမူအကျင့်အကြံတို့ကို သင်တို့မြင်ရလိမ့်မည်။ ထိုအခါ ဂျေရုဆလင်မြို့အပေါ် ငါကျရောက်စေခဲ့သောဘေးအန္တရာယ် အလုံးစုံတို့အတွက် သင်တို့စိတ်သက်သာရာရလိမ့်မည်။ Common Language Bible အကယ်၍ထိုဘေးများမှလွတ်မြောက်သူ သားသမီးများရှိ၍ သူတို့သည်သင်တို့ ထံသို့ရောက်လာကြသောအခါသူတို့ ၏ပြုမူလုပ်ဆောင်ချက်များကိုကြည့်၍ ယေရုရှလင်မြို့အားငါအပြစ်ဒဏ်ပေး ရာ၌ ပေးသမျှအပြစ်ဒဏ်များသည် လည်းတရားကြောင်းကိုသင်ကောင်းစွာ သိရှိရလိမ့်မည်။- Garrad Bible သို့ ရာ တွင် လွတ် မြောက် သော သား သ မီး အ ချို့ ကြွင်း ကျန် လျှင်၊ သင် တို့ ရှိ ရာ သို့ ထွက် လာ ကြ သော်၊ အ လေ့ အ လာ အ ပြု အ ကျင့် များ ကို သိ မြင် သော သင် တို့ သည်၊ ယေ ရု ရှ လင် မြို့ ပေါ် သို့ ငါ သင့် စေ သ မျှ သော ဘေး ဒု က္ခ ကို ထောက်၍၊ နှစ် သိမ့် ခွင့် ရ ကြ လိမ့် မည်။ Judson Bible သို့ရာတွင်၊ လွတ်၍ ထွက်မြောက်ရသော အကျန်အကြွင်း သားသမီးအချို့ ရှိကြလိမ့်မည်။ သူတို့သည် သင်တို့ရှိရာသို့ ထွက်လာ၍၊ ကျင့်ကြံပြုမူသော အမှုအရာတို့ကို သင်တို့သိကြလိမ့်မည်။ ယေရုရှလင်မြို့၌ ငါရောက်စေသမျှသော အမှုများကြောင့် စိတ်ပူပန်ခြင်းမရှိ၊ သက်သာခြင်းရှိကြလိမ့်မည်။ |
ခါလဒဲဘုရင်သည် ဓားဘေးမှလွတ်၍ကြွင်းကျန်သူတို့ကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားပြီး ပါးရှားနိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် သူတို့ကို သူနှင့်သူ့သားမြေးတို့၏အစေအပါးအဖြစ် ထားရှိ၏။
သံလွင်သီးကိုရိုက်ခြွေပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း၊ စပျစ်သီးဆွတ်ခူးပြီးနောက် ကောက်သင်းကောက်သကဲ့သို့လည်းကောင်း ကမ္ဘာမြေကြီးအလယ်ရှိ တိုင်းနိုင်ငံတို့တွင် ထိုသို့ ဧကန်အမှန်ဖြစ်လိမ့်မည်။
သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ငါသည် သင်နှင့်အတူရှိမည်။ သင့်ကိုကယ်တင်မည်။ သင့်ကို ငါကွဲလွင့်စေရာအရပ်ရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။
‘ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို အဘယ်ကြောင့် ဤအမှုအလုံးစုံတို့နှင့် ကြုံစေသနည်း’ဟု သူတို့မေးကြလျှင် ‘သင်တို့သည် ငါ့ကိုစွန့်ပယ်၍ သင်တို့၏ပြည်၌ပင် တိုင်းတစ်ပါးသားတို့၏ဘုရားများကို အစေခံသည့်နည်းတူ သင်တို့ပြည်မဟုတ်သောပြည်၌ သူစိမ်းတို့ကို အစေခံရလိမ့်မည်’ဟု သင်ပြန်ဖြေလော့။
သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်ရာတို့ကို သူတို့ရောက်သွားသောလူမျိုးတကာအလယ်၌ ပြောပြနိုင်မည့်အကြောင်း သူတို့အထဲမှ လူအနည်းငယ်ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့မှ လွတ်မြောက်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။
သို့ဖြစ်၍ သင်သည် သူတို့ကို နှစ်သိမ့်အားပေးခဲ့သောကြောင့် သင်အသရေပျက်မည်၊ အရှက်ကွဲမည်။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
ကိုယ့်ကိုယ်ကိုယ် ညစ်ညူးစေခဲ့သော သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ထိုပြည်တွင် ပြန်လည်သတိရ၍ သင်တို့ပြုခဲ့သောမကောင်းမှုများကြောင့် သင်တို့ကိုယ်သင်တို့ စက်ဆုပ်ကြလိမ့်မည်။
တွင်းထဲကျသွားသူတို့နှင့်အတူ သူ့ကိုမရဏာနိုင်ငံထဲသို့ ကျသွားစေသောအခါ သူကျသွားသောအသံကြောင့် လူမျိုးတကာတို့လည်း တုန်လှုပ်ကြ၏။ ထိုအခါ ဧဒင်ဥယျာဉ်မှ အပင်များ၊ လက်ဘနွန်တောင်မှ အကောင်းတကာ့အကောင်းဆုံးအပင်များ၊ ရေဝသောအပင်များလည်း မြေကြီးအောက်အရပ်၌ စိတ်သက်သာရာရလိမ့်မည်။
အီဂျစ်ဘုရင်ဖာရောမင်းကြီးသည် ထိုသူတို့ကိုမြင်သောအခါ ဓားဖြင့်အသတ်ခံရသော မိမိလူအားလုံးတို့အတွက်၊ မိမိနှင့်တကွ မိမိစစ်သည်အားလုံးအတွက် စိတ်သက်သာရာရလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် သူတို့သည် လူမျိုးခြားတို့အလယ်သို့ ရောက်သွားသောအခါ လူတို့က သန့်ရှင်းသောငါ့နာမကို ရှုတ်ချလျက် ‘ဤသူတို့သည် ထာဝရဘုရား၏လူမျိုးတော်ဖြစ်လျက်နှင့် မိမိနေရင်းပြည်မှ ထွက်ခွာသွားရပါသည်တကား’ဟု ဆိုကြ၏။
ထိုအခါ သင်တို့၏ဆိုးညစ်သောအပြုအမူ၊ မကောင်းသောလုပ်ရပ်များကို ပြန်လည်သတိရ၍ ကိုယ်ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အပြစ်တို့ကြောင့် ကိုယ့်ကိုယ်ကို စက်ဆုပ်ကြလိမ့်မည်။
ထိုဘေးမှလွတ်၍ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း သူတို့အပြစ်ကြောင့် ချိုင့်ဝှမ်းရှိခိုငှက်ကဲ့သို့ တောင်ပေါ်တွင် ညည်းညူနေလိမ့်မည်။
ကြွင်းကျန်သောယာကုပ်အမျိုးတို့သည် လူမျိုးများစွာတို့အလယ်တွင် လူကို မမျှော်လင့်၊ လူသားတို့ကို မကိုးစားသော ထာဝရဘုရားထံမှ နှင်းစက်ကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်ကျသော မိုးပေါက်ကဲ့သို့လည်းကောင်း ရှိနေလိမ့်မည်။
ထာဝရဘုရားသည် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မမူလျှင် မည်သူမျှလွတ်နိုင်မည်မဟုတ်။ သို့သော် ကိုယ်တော်ရွေးကောက်ထားသည့် ရွေးကောက်ခံရသောသူတို့အတွက် ထိုနေ့ရက်တို့ကို တိုတောင်းစေတော်မူ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သနားစုံမက်တတ်သောဘုရားဖြစ်၍ သင်တို့ကိုစွန့်ပစ်တော်မူမည်မဟုတ်။ သင်တို့ကိုဖျက်ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သောပဋိညာဉ်ကိုလည်း မေ့လျော့တော်မူမည်မဟုတ်။