ယေဇကျေလ 14:10 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ကိုယ့်အပြစ်အတွက် အပြစ်ဒဏ်ကိုခံရမည်။ ပရောဖက်ထံမေးမြန်းသူခံရသောအပြစ်ဒဏ်သည် ပရောဖက်ခံရသော အပြစ်ဒဏ်နှင့်အတူတူပင်ဖြစ်၏။ Common Language Bible ထိုပရောဖက်နှင့်သူ့ထံသို့စုံစမ်းမေးမြန်း သူအပါအဝင် တူညီသောအပြစ်ဒဏ်ကို ခံရကြလိမ့်မည်။- Garrad Bible ပ ရော ဖက် ဒု စ ရိုက် ဝန် နှင့်၊ မေး လျှောက် သူ၏ ဒု စ ရိုက် ဝန် မ ခြား နား ဘဲ၊ နှစ် ဦး လုံး ပင် ထမ်း ဆောင် ရ မည်။ Judson Bible သူတို့သည်လည်း အပြစ်နှင့်အလျောက် ဒဏ်ခံရကြမည်။ ပရောဖက်ခံရသောဒဏ်သည် ပရောဖက်ကို ဆည်းကပ်သောသူ ခံရသောဒဏ်နှင့် တူရလိမ့်မည်။ |
ထို့ကြောင့် ထာဝရဘုရားက ထိုပရောဖက်တို့သည် ငါမစေလွှတ်ဘဲ ငါ့နာမဖြင့် ‘ဤပြည်၌ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးမရှိ’ဟု ပရောဖက်ပြုဟောပြောကြသောကြောင့် သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ဖြင့် ဆုံးစေမည်။
သို့မှ အစ္စရေးအမျိုးအနွယ်သည် ငါ့ထံမှလမ်းလွဲတော့မည်မဟုတ်။ အပြစ်ကျူးလွန်ခြင်းဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
သို့ဖြစ်၍ ထိုသူတို့အား ‘ဘုရားရှင်ထာဝရဘုရားက မိမိစိတ်ထဲတွင် ရုပ်တုများကို နေရာပေးလျက်၊ မိမိတို့ရှေ့တွင် ဒုစရိုက်ခလုတ်တံသင်းကို ချထားလျက်နှင့် ပရောဖက်ထံသို့လာရောက်မေးမြန်းသော အစ္စရေးလူမျိုးမည်သူမဆို ရုပ်တုကိုနေရာပေးလျှင် ပေးသလောက် သူ့ကို ငါထာဝရဘုရား တုံ့ပြန်မည်။
ပရောဖက်သည် သွေးဆောင်ခံရပြီး တစ်စုံတစ်ရာဟောပြောလျှင် ထိုပရောဖက်ကို သွေးဆောင်သောသူသည် ငါထာဝရဘုရားပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်၍ သူ့ကို ငါ၏လူမျိုးတော်အစ္စရေးအမျိုးထဲမှ ဖယ်ရှားပစ်မည်။
သူတို့သည် သင်ပြုခဲ့သောညစ်ညမ်းမှုအပြစ်ကို ပြန်ခံစေမည်။ ရုပ်တုနောက်လိုက်သည့်အပြစ်တို့ကို သင်ပြန်ခံရမည်။ သို့မှ ငါသည် ဘုရားရှင်ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
ငါသည် ထာဝရဘုရားကိုပြစ်မှားမိပြီဖြစ်၍ ငါ့အမှုကို ဖြေရှင်းပေးပြီး ငါ့ကို တရားသဖြင့် စီရင်သည်အထိ အမျက်တော်ကို ငါခံရမည်။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အလင်းထဲသို့ ခေါ်ဆောင်လာမည်ဖြစ်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ငါဖူးမြင်ရလိမ့်မည်။
လင်ယောက်ျားသည် ထိုဒုစရိုက်ကြောင့် သင့်ရောက်မည့်အပြစ်ဒဏ်နှင့်ကင်းလွတ်၍ ထိုမိန်းမသည် ကိုယ့်အပြစ်ကိုယ်ခံရမည်”ဟု မိန့်တော်မူ၏။