နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။
ယေဇကျေလ 13:13 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် ဒေါသဖြင့် လေပြင်းမုန်တိုင်းတိုက်စေမည်၊ အမျက်ထွက်လျက် မိုးရွာစေမည်၊ ရေလွှမ်းမိုးစေမည်။ ဒေါသဖြင့် မိုးသီးကျစေ၍ မြို့ရိုးကို ဖျက်ဆီးပစ်မည်။ Common Language Bible အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်အမျက်ထွက်၍ထိုမြို့ရိုး ကိုဖြိုရန်လေပြင်းမုန်တိုင်းကိုတိုက်စေမည်။ ဒေါသထွက်၍မိုးသည်းထန်စွာရွာသွန်း စေ၍မိုးသီးများကိုကျလျက်ပျက်စီး စေမည်။- Garrad Bible သို့ နှင့် အ ညီ အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် ဒေါ သ အ မျက် တော် ထား လျက်၊ မိုး သက် မုန် တိုင်း ဖြင့် ဖောက် ခွဲ ခြင်း၊ မိုး ရွာ သ ဖြင့် လွှမ်း စီး ခြင်း၊ မိုး သီး များ နှင့် ကုန် ခန်း စေ ခြင်း ကို ပြု၍၊ Judson Bible ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်အမျက်ထွက်၍၊ သင်တို့အုတ်ရိုးကို မိုးသက်မုန်တိုင်းအားဖြင့်တိုက်၍ ဖျက်မည်။ ငါ၏ဒေါသအရှိန်ကြောင့် မိုးရေလွှမ်းမိုး၍၊ ကြီးစွာသောမိုးသီးနှင့် ဆုံးစေမည်။ |
နှင်းပွင့်ဘဏ္ဍာတိုက်များထဲသို့ သင်ဝင်ဖူးသလော။ မိုးသီးဘဏ္ဍာတိုက်များကို သင်မြင်ဖူးသလော။
ဤဘဏ္ဍာတိုက်တို့ကို ဆင်းရဲဒုက္ခရောက်သည့်ကာလ၊ စစ်မက်ဖြစ်ပွားသည့်ကာလအဖို့ ငါသိုထားပြီ။
ကိုယ်တော်သည် သူတို့အား မိုးရေအစား မိုးသီးကိုပေး၍ သူတို့ပြည်၌ လျှပ်စီးလျှပ်နွယ်များကို ပြက်စေတော်မူ၏။
အကြောင်းမူကား ကိုယ်တော်မိန့်တော်မူသောအခါ လေမုန်တိုင်းတိုက်ခတ်၍ လှိုင်းတံပိုးများထကြ၏။
မီးနှင့်မိုးသီး၊ နှင်းပွင့်နှင့်မြူခိုး၊ ကိုယ်တော်၏အမိန့်တော်အတိုင်းလုပ်ဆောင်သော လေမုန်တိုင်း၊
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ ပြင်းစွာသောမုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။
ဘုရားရှင်သည် ဇိအုန်သမီးပျိုကို အမျက်တော်မိုးတိမ်ဖြင့် ဖုံးအုပ်တော်မူပြီတကား။ မိုးထိမြင့်သောအစ္စရေးလူမျိုး၏ဂုဏ်ကျက်သရေကို မြေသို့တိုင် ရှုတ်ချတော်မူပြီ။ အမျက်တော်ထွက်ရာနေ့၌ မိမိ၏ခြေတင်ခုံကို မေ့ပစ်တော်မူပြီ။
အစ္စရေးလူမျိုး၏ဦးချိုရှိသမျှတို့ကို အမျက်ပြင်းစွာဖြင့် ဖြတ်ပစ်တော်မူပြီ။ လက်ယာလက်တော်ကို ရန်သူ့ထံမှ ပြန်ရုပ်သိမ်းတော်မူပြီ။ ပတ်ပတ်လည်လောင်ကျွမ်းသောမီးလျှံကဲ့သို့ ယာကုပ်အမျိုးကို လောင်ကျွမ်းတော်မူပြီ။
ရန်သူကဲ့သို့ လေးကိုတင်တော်မူပြီ။ ရန်ဖက်ကဲ့သို့ လက်ယာလက်တော်ကို အသင့်ရှိစေ၍ လူတို့ တန်ဖိုးထားရသောသူအပေါင်းတို့ကို ကွပ်မျက်တော်မူပြီ။ ဇိအုန်သမီးပျို၏တဲအပေါ်၌ မီးကဲ့သို့သောအမျက်တော်ကို သွန်ချတော်မူပြီ။
ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါကဲ့သို့သောအရာတစ်ခုလည်းပါ၏။
ထိုမြို့ရိုးပြိုလဲသွားသောအခါ သင်တို့သုတ်ခဲ့သောထုံးဖြူကား ယခုအဘယ်မှာနည်းဟု သင်တို့အားမေးကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါသည်လည်း သင်တို့ကို အမျက်ဒေါသဖြင့် သင်တို့ကို ဆက်လက်ဆန့်ကျင်မည်။ ထိုမျှမက ငါသည် သင်တို့၏အပြစ်အတွက် သင်တို့ကို ခုနစ်ဆအပြစ်ဒဏ်ပေးမည်။
ထိုအခါ ထာဝရဘုရားသည် ပင်လယ်ပြင်တွင် လေပြင်းတိုက်ခတ်စေသဖြင့် လေမုန်တိုင်းကြီးကျရောက်လေ၏။ သင်္ဘောမှာလည်း ကျိုးပဲ့လုမတတ်ဖြစ်လေ၏။
သင်တို့စိုက်ပျိုးလုပ်ဆောင်သမျှကို လောင်မီးပိုးကျခြင်း၊ မှိုရောဂါစွဲခြင်း၊ မိုးသီးကျခြင်းတို့ဖြင့် ငါဒဏ်ခတ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ကောင်းကင်မှလည်း ပေါင်တစ်ရာခန့်လေးသောမိုးသီးကြီးများသည် လူတို့အပေါ်သို့ကျလေ၏။ ဤဘေးဒဏ်သည် အလွန်ပြင်းထန်သဖြင့် လူတို့သည် ထိုမိုးသီး၏ဘေးဒဏ်ကြောင့် ဘုရားသခင်ကိုစော်ကားပြောဆိုကြ၏။
ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။