တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ “ယေရမိ၊ သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “ဗာဒံကိုင်းကိုမြင်ပါသည်”ဟု လျှောက်၏။
ယေဇကျေလ 12:28 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘ငါမိန့်ဆိုသောစကားအလုံးစုံသည် ကြန့်ကြာခြင်းမရှိ အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။ Common Language Bible သို့ဖြစ်၍ကြန့်ကြာမှုရှိတော့မည်မဟုတ်။ ငါ ဖော်ပြခဲ့သည့်အတိုင်းဖြစ်လိမ့်မည်ဟု ငါ အရှင်ထာဝရဘုရားမိန့်တော်မူပြီဖြစ် ကြောင်း ထိုသူတို့အားဆင့်ဆိုလော့။ ဤကား ငါအရှင်ထာဝရဘုရားမိန့်မြွက်တော်မူ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ ပေး သော ဗျာ ဒိတ် တော် တစ် ချက် မျှ မ နှောင့် မ နှေး ဘဲ၊ အ တည် ဖြစ် မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ၍ တည်း။ Judson Bible သို့ဖြစ်၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ငါ၏စကား ပြည့်စုံချိန်မရွေ့ရ။ ငါပြောသည်အတိုင်းလည်း ပြည့်စုံစေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ “ယေရမိ၊ သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “ဗာဒံကိုင်းကိုမြင်ပါသည်”ဟု လျှောက်၏။
ထိုအခါ ထာဝရဘုရားက “သင်မြင်သည့်အတိုင်း မှန်ပေ၏။ အကြောင်းမူကား ငါ့စကားပြည့်စုံသည်ကို ငါစောင့်ကြည့်နေ၏”ဟု ငါ့အား မိန့်တော်မူ၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ထံသို့ရောက်လာ၍ “သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “မြောက်ဘက်မှမျက်နှာမူသည့် ဆူပွက်နေသောအိုးကိုမြင်ပါ၏”ဟု လျှောက်၏။
ခြင်္သေ့သည် ပုန်းအောင်းရာမှထွက်လာပြီ။ လူမျိုးတကာတို့ကိုဖျက်ဆီးသောသူသည် မိမိ၏နေရာမှထွက်လာပြီ။ သင်၏ပြည်ကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေရန် မိမိနေရာမှထွက်လာပြီ။ သင်တို့၏မြို့များသည် ပျက်စီးသွားလိမ့်မည်။ နေထိုင်သူရှိမည်မဟုတ်။
ဓားဘေးမှလွတ်မြောက်သောသူအနည်းငယ်တို့သည် အီဂျစ်ပြည်မှယုဒပြည်သို့ ပြန်လာကြလိမ့်မည်။ ထိုအခါ သူတို့စကားတည်သလော၊ ငါ့စကားတည်သလော။ မည်သူ့စကားတည်သည်ကို အီဂျစ်ပြည်သို့ သွားရောက်နေထိုင်သော ယုဒလူအကြွင်းအကျန်ရှိသမျှတို့ သိရကြလိမ့်မည်။
“အချင်းလူသား၊ ကြည့်ရှုလော့။ အစ္စရေးအမျိုးအနွယ်က ‘သူမြင်ရသောဗျာဒိတ်နိမိတ် ပြည့်စုံမည့်အချိန် ဝေးသေး၏။ အလွန်ဝေးသောအနာဂတ်အကြောင်းကို သူဟောပြော၏’ဟု ဆိုတတ်ကြ၏။
ရောင်းသောသူသည် အသက်ရှင်မည်ဆိုလျှင်လည်း မိမိရောင်းလိုက်သောပစ္စည်းကို ပြန်ရမည်မဟုတ်။ လူထုတစ်ရပ်လုံးနှင့်ဆိုင်သော ဗျာဒိတ်နိမိတ်သည် ပြန်လှည့်သွားမည်မဟုတ်။ လူတိုင်း အပြစ်ပြုကြသောကြောင့် ဆက်၍အသက်ရှင်နေနိုင်မည်မဟုတ်။
အို ပြည်သား၊ သင့်ထံ ပျက်စီးခြင်းရောက်လာပြီ။ အချိန်ကျရောက်လေပြီ။ ထိတ်လန့်ချောက်ချားဖွယ်နေ့ရက်နီးလာပြီ။ တောင်ပေါ်တွင် ဝမ်းမြောက်စွာကြွေးကြော်သံမရှိတော့ပြီ။
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။