“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
ယေဇကျေလ 12:27 - မြန်မာ့စံမီသမ္မာကျမ်း “အချင်းလူသား၊ ကြည့်ရှုလော့။ အစ္စရေးအမျိုးအနွယ်က ‘သူမြင်ရသောဗျာဒိတ်နိမိတ် ပြည့်စုံမည့်အချိန် ဝေးသေး၏။ အလွန်ဝေးသောအနာဂတ်အကြောင်းကို သူဟောပြော၏’ဟု ဆိုတတ်ကြ၏။ Common Language Bible ``အချင်းလူသား၊ ဣသရေလအမျိုးသားတို့ ကသင်မြင်သောဗျာဒိတ်ရူပါရုံများနှင့် သင် ဟောကြားသောဗျာဒိတ်စကားများသည် ဝေး ကွာသည့်အနာဂတ်ကာလနှင့်ဆိုင်သည်ဟု ထင်မှတ်ကြ၏။- Garrad Bible အ ချင်း လူ့ သား၊ ဣ သ ရေ လ အ မျိုး သား တို့ က၊ ထို ဆ ရာ မြော် မြင် ရာ ရူ ပါ ရုံ၊ ဟော ပြော ရာ အ ချက် များ သည်၊ ဝေး ကွာ လှ သော နေ့ ရက် ကာ လ နှင့် စပ် ဆိုင် သည် ဟု ဆို လေ့ ရှိ သော ကြောင့်၊ Judson Bible အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေးသောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆိုကြ၏။ |
“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘ငါမိန့်ဆိုသောစကားအလုံးစုံသည် ကြန့်ကြာခြင်းမရှိ အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
ညဥ့်ဦးယံ၊ နံနက်ယံ၌ ဖော်ပြသော ဗျာဒိတ်အာရုံသည်လည်း အမှန်ပင်ဖြစ်၏။ ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်ကာလနှင့်ဆိုင်သည်ဖြစ်၍ ၎င်းကို ဝှက်ထားလော့”ဟု ငါ့အား ရှင်းပြ၏။
သင်တို့သည် ဒုက္ခနေ့ရက်ကို အရေးမစိုက်။ အကြမ်းဖက်မှုကို နေရာပေးဖိတ်ခေါ်သူများဖြစ်ကြ၏။
“ကိုယ်တော်၏ကြွလာတော်မူခြင်းနှင့်ဆိုင်သောကတိတော်သည် အဘယ်မှာရှိသနည်း။ ရှေးဘိုးဘေးများအိပ်ပျော်ခဲ့သည့်အချိန်မှစ၍ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းခြင်း၏အစကအတိုင်း ဆက်၍တည်နေသည်မဟုတ်လော”ဟု ပြောဆိုကြလိမ့်မည်။