အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ယေဇကျေလ 12:19 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးပြည်၊ ဂျေရုဆလင်မြို့သူမြို့သားတို့အား ‘ဘုရားရှင်ထာဝရဘုရားက သူတို့သည် အစာကို စိုးရိမ်ပူပန်စိတ်ဖြင့် စားရမည်။ ရေကို ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် သောက်ရမည်။ ပြည်သူပြည်သားအပေါင်းတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့ရလိမ့်မည်။ Common Language Bible အရှင်ထာဝရဘုရားပေးတော်မူသောဤ ဗျာဒိတ်တော်ကိုဣသရေလပြည်ယေရု ရှလင်မြို့တွင် ယခုနေထိုင်လျက်ရှိသော လူတို့အတွက်ဖြစ်ကြောင်းပြောကြားလော့။ ထိုသူတို့သည်တုန်လှုပ်လျက်အစားအစာ ကိုစားရကြလိမ့်မည်။ ကြောက်လန့်တုန်လှုပ် လျက်ရေကိုသောက်ရကြလိမ့်မည်။ လူတိုင်း ပင်တရားလက်လွတ်ပြုကျင့်ကြသည်ဖြစ် ၍ သူတို့၏ပြည်ကိုငါသည်ပြောင်တလင်း ဖြစ်စေမည်။- Garrad Bible ပြည် သား ချင်း တို့ အား ဆင့် ဆို ရ မည် မှာ၊ ယေ ရု ရှ လင် မြို့ သူ ဣ သ ရေ လ ပြည် သား တို့ သည်၊ ချင်း တို့ ရက် စက် မှု များ အ တွက်၊ အ စာ ကို ကြောင့် ကြ လျက်၊ ရေ ကို အံ့ အား သင့် လျက် စား သောက် ရ ကြ မည်။ တစ် ပြည် လုံး လည်း၊ ပေါက် ရောက် သ မျှ ပါ၊ ဖုန်း ဆိုး ကုန်း ဖြစ် လ တ္တံ့။ Judson Bible အရှင်ထာဝရဘုရားသည် ဣသရေလပြည်၊ ယေရုရှလင်မြို့သားတို့ကို ရည်မှတ်၍ မိန့်တော်မူသောစကားကို ဆင့်ဆိုရမည်မှာ၊ သူတို့သည် သတိပြုလျက် အစာကို စားရကြမည်။ မိန်းမောတွေဝေလျက် ရေကို သောက်ရကြမည်။ ထိုသို့သောအားဖြင့်၊ ပြည်သူပြည်သား အပေါင်းတို့ပြုသော အဓမ္မအမှုကြောင့်၊ ဣသရေလပြည်သည် မိမိပြည့်စုံခြင်းနှင့် ကင်းလွတ်ရလိမ့်မည်။ |
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးပေါ်၌ ရှိသမျှသောအရာတို့ကိုလည်းကောင်း၊ ကမ္ဘာလောကနှင့် ကမ္ဘာလောက၌ နေထိုင်သောသူတို့ကိုလည်းကောင်း ပိုင်တော်မူ၏။
ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
သတင်းတစ်ခုရောက်လာ၏။ ကြည့်ရှုလော့။ တုန်ဟည်းသံကြီးသည် မြောက်အရပ်မှလာ၍ ယုဒမြို့ရွာများကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာဖြစ်စေမည်။
သူတို့ပြည်ကို လူသူကင်းမဲ့ရာ၊ အစဉ်ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေသဖြင့် ထိုပြည်နား ဖြတ်သန်းသွားလာသူတိုင်း အံ့ဩလျက် ခေါင်းကိုခါယမ်းကြလိမ့်မည်။
တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤမြို့ကို ခါလဒဲတပ်၏လက်သို့၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာ၏လက်သို့ အပ်မည်။ သူသည် မြို့ကိုသိမ်းပိုက်လိမ့်မည်။
ထာဝရဘုရားက ‘ဤအရပ်တွင် လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်လေပြီဟု သင်တို့ပြောဆိုကြသော လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေထိုင်သူမရှိ ဆိတ်ညံသောယုဒမြို့များနှင့် ဂျေရုဆလင်မြို့လမ်းများပေါ်တွင်
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်ခဲ့သော ဤအရပ်ရှိမြို့ရွာအားလုံးတွင် သိုးထိန်းတို့ သိုးများကိုထိန်းကျောင်းရာ စားကျက်မြေရှိလာလိမ့်မည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။
ရေတွင်းမှရေထွက်လာသကဲ့သို့ ထိုမြို့ထဲမှမကောင်းမှုထွက်လာ၏။ မြို့ထဲ၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖျက်ဆီးခြင်းသတင်းကို ကြားရ၏။ ရောဂါဝေဒနာ၊ ထိခိုက်ဒဏ်ရာသည် ငါ့ရှေ့၌ အစဉ်ရှိ၏။
ထို့ကြောင့် သင်သည် ဤသို့ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက ‘ရန်သူတို့သည် သင်တို့ကို အဘက်ဘက်ကဝိုင်းဝန်းချေမှုန်းပြီး လူသူကင်းမဲ့ရာဖြစ်စေ၏။ အခြားတိုင်းပြည်များသည် သင်တို့ကို ပိုင်ဆိုင်သွား၏။ သင်တို့ကို လူအများအတင်းပြောစရာ၊ ရှုတ်ချစရာ ဖြစ်စေ၏’ဟု မိန့်တော်မူ၏။
တစ်ဖန် ကိုယ်တော်က “အချင်းလူသား၊ ငါသည် ဂျေရုဆလင်မြို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ သူတို့သည် မုန့်ကိုချိန်လျက် စိုးရိမ်ပူပန်စိတ်ဖြင့် စားရလိမ့်မည်။ ရေကိုချင့်လျက် ထိတ်လန့်စွာ သောက်ရလိမ့်မည်။
ငါ့လက်ကိုဆန့်၍ သူတို့ကို ဆန့်ကျင်မည်။ ဒိဗလတ်ကန္တာရမှစ၍ သူတို့နေလေရာအရပ်ရပ်တို့ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ပြည်သည် မတရားသတ်ဖြတ်မှုနှင့် ပြည့်လျက်နေလေပြီ။ မြို့သည် ရက်စက်ကြမ်းကြုတ်မှုနှင့် ပြည့်လျက်နေလေပြီ။ ထို့ကြောင့် သံကြိုးကို ပြင်ဆင်လော့။
မြေကြီးသားတို့ပြုသောအမှု၏အကျိုးဆက်ကြောင့် ကမ္ဘာမြေကြီးသည် လူဆိတ်ညံရာဖြစ်လိမ့်မည်။
ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။
အကြောင်းမူကား “မြေကြီးနှင့် မြေကြီးပေါ်၌ရှိသမျှသောအရာတို့ကို ထာဝရဘုရားပိုင်ဆိုင်တော်မူ၏။”
သို့သော် တစ်စုံတစ်ယောက်က “ဤအရာသည် ရုပ်တုအားပူဇော်ထားသောအရာဖြစ်သည်”ဟု သင်တို့ကိုဆိုခဲ့လျှင် ထိုသို့ဆိုသောသူအတွက်လည်းကောင်း၊ အသိစိတ်အတွက်လည်းကောင်း ထိုအရာကိုမစားကြနှင့်။