ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
ယေဇကျေလ 11:19 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အား တစ်စိတ်တစ်သဘောတည်း ရှိစေမည်။ စိတ်နှလုံးသစ်ကို ပေးမည်။ သူတို့အထဲမှ ကျောက်နှလုံးသားကိုဖယ်ရှား၍ အသားနှလုံးသားကို ပေးမည်။ Common Language Bible သူတို့အားစိတ်သဘောတညီတညွတ်တည်း ဖြစ်စေ၍ စိတ်သစ်နှလုံးသစ်ကိုငါပေးမည်။ ငါသည်သူတို့၏ခိုင်မာသောကျောက်နှလုံး ကိုယူပစ်၍ နာခံတတ်သောနှလုံးကိုပေး မည်။- Garrad Bible ငါ့ ထုံး ဖွဲ့ ချက် များ အ တိုင်း လျှောက် လိုက် ခြင်း၊ ဆုံး ဖြတ် ချက် များ ကို စောင့် ထိန်း လိုက် နာ ခြင်း ပြု ကြ ရ အံ့ သော ငှာ၊ ငါ လည်း စိတ် သ ဘော တစ် မျိုး ကို ပေး လျက်၊ စိတ် ဝိ ညာဉ် သစ် ကို သွင်း လျက်၊ ကျောက် ခဲ နှ လုံး ကို နုတ် ယူ၍၊ အ သား နှ လုံး ပေး သ နား သ ဖြင့်၊ သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် မည်။ Judson Bible ငါသည်လည်း၊ ညီညွတ်သောစိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍၊ အသားနှလုံးကို ပေးသောကြောင့်၊ |
ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
ထာဝရဘုရားမိန့်မှာချက်အရ ရှင်ဘုရင်နှင့်မှူးမတ်တို့၏စကားကိုလိုက်နာရန် ယုဒပြည်သားတို့အား တစ်စိတ်တစ်သဘောတည်းရှိခြင်းကို ဘုရားသခင်ပေးသနားတော်မူ၏။
အို ဘုရားသခင်၊ အကျွန်ုပ်အထဲ၌ စင်ကြယ်သောစိတ်နှလုံးကို ဖန်ဆင်းတော်မူပါ။ အကျွန်ုပ်အတွင်းထဲ၌ တည်ကြည်သော စိတ်သဘောကို အသစ်ပြုပြင်တော်မူပါ။
သင်၏လည်ပင်းသည် သံချောင်းကဲ့သို့၊ သင်၏နဖူးသည် ကြေးဝါကဲ့သို့ဖြစ်၍ သင်သည် ခေါင်းမာသောသူဖြစ်ကြောင်း ငါသိသောကြောင့်
ငါသည် ထာဝရဘုရားဖြစ်ကြောင်း သိကျွမ်းသောစိတ်နှလုံးကို သူတို့အား ငါပေးမည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။ အကြောင်းမူကား သူတို့သည် ငါ့ထံသို့ စိတ်နှလုံးအကြွင်းမဲ့ပြန်လာကြမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
‘သင်တို့ကျူးလွန်သောအပြစ်များကို စွန့်၍ စိတ်နှလုံးအသစ်၊ စိတ်သဘောအသစ် ရှိကြလော့။ အို အစ္စရေးအမျိုး၊ အဘယ်ကြောင့် သင်တို့သေရမည်နည်း။
ငါ့ဝိညာဉ်ကို သင်တို့အထဲသို့ သွင်းပေးမည်ဖြစ်၍ သင်တို့သည် အသက်ရှင်လိမ့်မည်။ သင်တို့ကို သင်တို့၏နေရင်းပြည်၌ နေရာချထားမည်။ ထိုအခါ ငါထာဝရဘုရားသည် ပြောလျှင်ပြောသည့်အတိုင်း ပြုတတ်သည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်ဆို၏။
လူအပေါင်းတို့သည် ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုလျက် တစ်စိတ်တစ်သဘောတည်းဖြင့် ဝတ်ပြုနိုင်ရန် ငါသည် သူတို့အား သန့်ရှင်းသောနှုတ်ကို ပြန်ပေးမည်။
သူတို့၏စိတ်ကို စိန်ကဲ့သို့မာကျောစေကြသဖြင့် ရှေးပရောဖက်တို့မှတစ်ဆင့် ဝိညာဉ်တော်အားဖြင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေးတော်မူသော ပညတ်တရားများနှင့် နှုတ်တော်ထွက်စကားများကို မလိုက်နာကြ။ ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် သင်တို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကိုသိကြလျှင် ကောင်းကင်ဘုံရှင်အဖသည် မိမိထံတောင်းလျှောက်သောသူများအား သန့်ရှင်းသောဝိညာဉ်တော်ကို သာ၍ပင် ပေးတော်မူလိမ့်မည်မဟုတ်လော”ဟု မိန့်တော်မူ၏။
သို့သော် ငါ့နာမ၌ ခမည်းတော်စေလွှတ်တော်မူမည့် ကူညီမစသူတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် အရာခပ်သိမ်းတို့ကို သင်တို့အားသွန်သင်တော်မူ၍ ငါပြောဆိုခဲ့သမျှသောအရာတို့ကို သင်တို့အား ပြန်လည်သတိရစေတော်မူလိမ့်မည်။
ယုံကြည်သူတို့၏အစုအဝေးသည် တစ်စိတ်တစ်သဘောတည်းရှိကြ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိဥစ္စာပစ္စည်းများကို မိမိပိုင်ဆိုင်သည်ဟုမဆိုဘဲ ရှိသမျှသောအရာတို့ကို စုပေါင်းပိုင်ဆိုင်သောအရာအဖြစ်ထားကြ၏။
ဘုရားသခင်သည် သိထားနှင့်တော်မူသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မမူ။ ပရောဖက်ဧလိယက အစ္စရေးလူမျိုးကို ဘုရားသခင်ထံ တိုင်ကြားသောအခါ ကျမ်းစာ၌ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆိုထားသည်ကို သင်တို့မသိကြသလော။
ညီအစ်ကိုတို့၊ သင်တို့အားလုံးသည် ပြောဆိုရာ၌ညီညွတ်မှုရှိ၍ အချင်းချင်းကွဲပြားခြင်းမရှိဘဲ တစ်စိတ်တစ်သဘောတည်းဖြင့် စည်းစည်းလုံးလုံးရှိကြမည့်အကြောင်း ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုအမှီပြု၍ သင်တို့အား ငါတိုက်တွန်းနှိုးဆော်ပါ၏။
သင်တို့သည် ငါတို့ပြုစုသော ခရစ်တော်၏စာဖြစ်ကြောင်း ထင်ရှားလျက်ရှိ၏။ ထိုစာကို မင်အားဖြင့်မဟုတ်ဘဲ အသက်ရှင်တော်မူသောဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ရေးထားခြင်းဖြစ်ပြီး ကျောက်ပြားပေါ်၌မဟုတ်ဘဲ လူ၏နှလုံးသားပြင်ပေါ်၌ရေးထားခြင်းဖြစ်၏။
သို့ဖြစ်၍ မည်သူမဆို ခရစ်တော်၌ရှိလျှင် အသစ်ဖန်ဆင်းခံရသူဖြစ်၏။ ဟောင်းသောအရာတို့သည် ကွယ်ပျောက်သွား၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြလေပြီ။
အကြောင်းမူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ ပဓာနမဟုတ်။ အသစ်ဖန်ဆင်းခံရခြင်းသာ ပဓာနဖြစ်၏။
သင်သည် အသက်ရှင်၍ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ ချစ်မည့်အကြောင်း သင်၏ဘုရားသခင်ထာဝရဘုရားသည် သင့်စိတ်နှလုံး၊ သင့်သားမြေးတို့၏စိတ်နှလုံးအရေဖျားကို လှီးတော်မူမည်။