ယေဇကျေလ 11:19 - Common Language Bible19 သူတို့အားစိတ်သဘောတညီတညွတ်တည်း ဖြစ်စေ၍ စိတ်သစ်နှလုံးသစ်ကိုငါပေးမည်။ ငါသည်သူတို့၏ခိုင်မာသောကျောက်နှလုံး ကိုယူပစ်၍ နာခံတတ်သောနှလုံးကိုပေး မည်။- အခန်းကိုကြည့်ပါ။Garrad Bible19-20 ငါ့ ထုံး ဖွဲ့ ချက် များ အ တိုင်း လျှောက် လိုက် ခြင်း၊ ဆုံး ဖြတ် ချက် များ ကို စောင့် ထိန်း လိုက် နာ ခြင်း ပြု ကြ ရ အံ့ သော ငှာ၊ ငါ လည်း စိတ် သ ဘော တစ် မျိုး ကို ပေး လျက်၊ စိတ် ဝိ ညာဉ် သစ် ကို သွင်း လျက်၊ ကျောက် ခဲ နှ လုံး ကို နုတ် ယူ၍၊ အ သား နှ လုံး ပေး သ နား သ ဖြင့်၊ သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် မည်။ အခန်းကိုကြည့်ပါ။Judson Bible19 ငါသည်လည်း၊ ညီညွတ်သောစိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍၊ အသားနှလုံးကို ပေးသောကြောင့်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 သူတို့အား တစ်စိတ်တစ်သဘောတည်း ရှိစေမည်။ စိတ်နှလုံးသစ်ကို ပေးမည်။ သူတို့အထဲမှ ကျောက်နှလုံးသားကိုဖယ်ရှား၍ အသားနှလုံးသားကို ပေးမည်။ အခန်းကိုကြည့်ပါ။ |
ယေရုရှလင်မြို့နှင့်တကွမြို့သူမြို့သားတို့ အား ဒဏ်ခတ်ရန်ငါခြိမ်းခြောက်သည်ကိုကြား သိသောအခါ သင်သည်ငိုကြွေးကာမိမိအဝတ် ကိုဆုတ်ပြီးလျှင် နောင်တရ၍ငါ၏ရှေ့တော် တွင်စိတ်နှိမ့်ချလျက်နေ၏။ ငါသည်ဤမြို့ကို ပျက်ပြုန်းစေမည်။ ဤမြို့၏နာမည်သည် လူတို့ ကျိန်ဆဲရာလက်သုံးစကားဖြစ်လိမ့်မည်။ သို့ ရာတွင်ငါသည်သင်၏ဆုတောင်းပတ္ထနာကို နားညောင်းတော်မူပြီ။-
ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။