ကိုယ်တော်သည် သူတို့ကို လူတို့၏လျှို့ဝှက်ကြံစည်မှုများမှကင်းလွတ်စေရန် ရှေ့တော်ရှိကွယ်ကာရာအရပ်၌ ဖုံးကွယ်ထားတော်မူ၏။ ခိုက်ရန်ဖြစ်ပွားတတ်သောလျှာများနှင့်ကင်းဝေးစေရန် သူတို့ကိုယာယီတဲ၌ဝှက်ထားတော်မူ၏။
ယေဇကျေလ 11:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက ငါသည် သူတို့ကို လူမျိုးခြားတို့နေရာ ရပ်ဝေးသို့ပို့၍ အရပ်ရပ်သို့ကွဲလွင့်စေသော်လည်း သူတို့ရောက်ရှိရာအရပ်ရပ်တွင် ငါသည် သူတို့အဖို့ ယာယီသန့်ရှင်းရာဌာနဖြစ်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။ Common Language Bible ထို့ကြောင့်ငါအရှင်ထာဝရဘုရားမိန့်တော် မူသည်ကား``သူတို့အားရပ်ဝေးရှိလူမျိုးခြား နှင့်အတူနေထိုင်ရန်စေလွှတ်၍ တိုင်းတစ်ပါး တို့တွင်ပျံ့လွင့်စေခဲ့သော်လည်းအခိုက်အတန့် အားဖြင့် သူတို့ရှိရာအရပ်၌သူတို့နှင့် အတူငါရှိမည်။'' Garrad Bible သို့ ဖြစ်၍၊ ငါ သည် သိမ်း သွား ခံ ရ သူ တို့ ကို၊ လူ မျိုး ခြား တို့ တွင် ဝေး ကွာ စေ လျက်၊ အ ပြည် ပြည် သို့ ကွဲ လွင့် စေ သော် လည်း၊ ဝင် ရောက် ခဲ့ ရာ ထို ပြည် များ တွင် ရှိ နေ ခိုက်၊ ခို လှုံ ရာ ဇင်္ဂ မ ဖြစ် မည် ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ Judson Bible ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တစ်ပါးအမျိုးသားတို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်းတိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ရောက်သောပြည်တို့၌ ငါသည်သူတို့အဖို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏဖြစ်လိမ့်မည်။ |
ကိုယ်တော်သည် သူတို့ကို လူတို့၏လျှို့ဝှက်ကြံစည်မှုများမှကင်းလွတ်စေရန် ရှေ့တော်ရှိကွယ်ကာရာအရပ်၌ ဖုံးကွယ်ထားတော်မူ၏။ ခိုက်ရန်ဖြစ်ပွားတတ်သောလျှာများနှင့်ကင်းဝေးစေရန် သူတို့ကိုယာယီတဲ၌ဝှက်ထားတော်မူ၏။
ကိုယ်တော်သည် သတ်စားစရာသိုးများကဲ့သို့ အကျွန်ုပ်တို့ကိုအပ်လိုက်၍ လူမျိုးခြားတို့အလယ်တွင် အကျွန်ုပ်တို့ကိုကွဲလွင့်စေတော်မူ၏။
အို ဘုရားရှင်၊ ကိုယ်တော်သည် မျိုးဆက်အစဉ်အဆက် အကျွန်ုပ်တို့၏မှီခိုရာဖြစ်တော်မူ၏။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
ထာဝရဘုရားသည် ဇိအုန်တောင်၏ဓမ္မစည်းဝေးရာနေရာမှစ၍ ထိုတောင်၏နေရာအနှံ့တွင် နေ့အချိန်၌ မိုးတိမ်နှင့်မီးခိုးကိုလည်းကောင်း၊ ညအချိန်၌ တောက်ပသောမီးလျှံကိုလည်းကောင်း ဖြစ်ပေါ်စေတော်မူမည်။ အကယ်စင်စစ် ဘုန်းအသရေရှိသမျှတို့အပေါ်၌ မျက်နှာကြက်ရှိမည်။
ကိုယ်တော်သည် သန့်ရှင်းရာဌာနကဲ့သို့ဖြစ်တော်မူမည်။ သို့သော် အစ္စရေးအမျိုးအနွယ်နှစ်မျိုးစလုံးအတွက် ခလုတ်တိုက်စရာကျောက်၊ ထိမိ၍လဲစရာကျောက်ကဲ့သို့ဖြစ်တော်မူမည်။ ဂျေရုဆလင်မြို့သားတို့အတွက် ကျော့ကွင်း၊ ထောင်ချောက်ကဲ့သို့ဖြစ်တော်မူမည်။
ထိုအခါ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့အား “သင်တို့နားနှင့်ဆတ်ဆတ်ကြားကြသည့်အတိုင်း သူသည် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောကြောင့် သေဒဏ်ခံထိုက်သည်”ဟု ပြောဆိုကြ၏။
ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ထဲ၌ ယေရမိဆင့်ဆိုသော စကားကို ကြားကြ၏။
အကြောင်းမူကား ငါထာဝရဘုရားသည် သင်တို့အတွက်ကြံစည်ထားသော အကြံအစည်များကို ငါသာလျှင်သိ၏။ သင်တို့ကို ဒုက္ခရောက်စေမည်မဟုတ်၊ ကောင်းစားစေမည့် အကြံအစည်ဖြစ်၏။ သင်တို့မျှော်လင့်သောအနာဂတ်ကို ပေးရန်အတွက်ဖြစ်၏။
သင်တို့ကို ဖမ်းခေါ်သွား၍ သင်တို့ရောက်သောမြို့၌ အေးအေးချမ်းချမ်းနေထိုင်လျက် ထိုမြို့အတွက် ထာဝရဘုရားထံ ဆုတောင်းပေးကြလော့။ အကြောင်းမူကား ထိုမြို့အေးချမ်းလျှင် သင်တို့လည်း အေးအေးချမ်းချမ်းနေရမည်ဟူ၍ မိန့်တော်မူ၏။
ထာဝရဘုရားက “ငါသည် သင်နှင့်အတူရှိမည်။ သင့်ကိုကယ်တင်မည်။ သင့်ကို ငါကွဲလွင့်စေရာအရပ်ရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
အို လူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရှိ ကမ်းရိုးတန်းဒေသတို့တွင် ကြွေးကြော်ကြလော့။ “အစ္စရေးလူမျိုးကို ကွဲလွင့်စေသောအရှင်သည် အစ္စရေးလူမျိုးကို ပြန်စုသိမ်းမည်။ သိုးထိန်းသည် မိမိ၏သိုးစုကိုစောင့်ထိန်းသကဲ့သို့ သူတို့ကို စောင့်ထိန်းတော်မူမည်”ဟု ပြောကြားကြလော့။
ထာဝရဘုရားက ‘သင်တို့ကြောက်ရသော ဘေဘီလုံဘုရင်ကို သင်တို့မကြောက်ကြနှင့်။ သင်တို့နှင့်အတူ ငါရှိသည်ဖြစ်၍ ထိုဘုရင်လက်မှ သင်တို့ကို ငါရွေးနုတ်ကယ်တင်မည်။ သူ့ကို သင်တို့မကြောက်ကြနှင့်။
ထို့ပြင် ငါသည် သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေမည်ဟု တောကန္တာရ၌ သူတို့အား ကျိန်ဆိုခဲ့၏။
ဤသို့ဖြစ်၍ ရန်သူတို့၏ပြည်၌ သူတို့နေကြရသော်လည်း ငါသည် သူတို့ကိုဖျက်ဆီးသည်အထိ၊ သူတို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ချိုးဖောက်ရသည်အထိ သူတို့ကို ငါငြင်းပယ်မည်မဟုတ်၊ ရွံရှာမည်မဟုတ်။ အကြောင်းမူကား ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထာဝရဘုရားက “ထွက်ပြေးကြ၊ ထွက်ပြေးကြ၊ မြောက်အရပ်မှ ထွက်ပြေးကြ။ မိုးကောင်းကင် လေးမျက်နှာသို့ သင်တို့ကို ငါကွဲလွင့်စေပြီ”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် သင်တို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ ထိုသို့ သင်တို့ကို ထာဝရဘုရားနှင်ထုတ်တော်မူသောအရပ်၊ လူမျိုးခြားတို့ကြား၌ သင်တို့သည် လူဦးရေအနည်းငယ်သာကျန်လိမ့်မည်။