Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 11:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 “​အချင်း​လူသား​၊ ဂျေရုဆလင်​မြို့​တွင်​နေထိုင်​သော​သူ​တို့​က သင်​၏​ညီအစ်ကို​များ​၊ သင်​၏​ဆွေမျိုးသားချင်း​များ​နှင့် အစ္စရေး​တစ်မျိုးနွယ်လုံး​အား ‘​ထာဝရဘုရား​ထံ​တော်​မှ အဝေး​သို့ ထွက်သွား​ကြ​လော့​။ ဤ​ပြည်​ကို ငါ​တို့​အား အမွေ​အဖြစ်​ပေး​တော်မူ​ပြီ​’​ဟု ပြောဆို​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 အ ချင်း လူ့ သား၊ သင့် ဆွေ မျိုး သား ချင်း၊ သင့် ညာ တ ကာ မှ စ၍ ဣ သ ရေ လ တစ် မျိုး လုံး အား၊ ယေ ရု ရှ လင် မြို့ သား တို့ က၊ ထာ ဝ ရ ဘု ရား ထံ တော် မှ ခွာ သွား ကြ လော့။ ပြည် တော် ကား၊ ငါ တို့ ပိုင် ဖြစ် ပြီ ဟု ဆို လေ့ ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​သူ​မြို့​သား​တို့​က၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ ဝေး​စွာ​ထွက်​သွား​ကြ​လော့။ ဤ​ပြည်​ကို ငါ​တို့​အား အ​ပိုင်​ပေး​တော်​မူ​ပြီ​ဟု သင်၏​ညီ​အစ်​ကို၊ သင်၏​အ​မျိုး​သား​ချင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​အား ဆို​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 11:15
6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က ‘​တသီးတခြား​နေ​လော့​။ ငါ​သည် သင့်​ထက်​သန့်ရှင်း​၏​။ ငါ့​အနီး​သို့​မ​လာ​နှင့်​’​ဟု ပြောဆို​ကြ​၏​။ ဤ​သူ​တို့​သည် ငါ့​နှာခေါင်း​ထဲမှ မီးခိုး​၊ တစ်နေ့လုံး​တောက်လောင်​နေ​သော​မီး​နှင့်​တူ​၏​။


ထာဝရဘုရား​၏​စကား​တော်​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​တို့​၊ စကား​တော်​ကို​နားထောင်​ကြ​လော့​။ သင်​တို့​ကို​မုန်း​၍ ငါ့​နာမ​ကြောင့် သင်​တို့​ကို​နှင်ထုတ်​သော ညီအစ်ကို​တို့​က ‘​သင်​တို့​ဝမ်းမြောက်​သည်​ကို ငါ​တို့​မြင်​ရ​မည့်​အကြောင်း ထာဝရဘုရား​သည် ဘုန်းထင်ရှား​ပါစေသော​’​ဟု ကဲ့ရဲ့ပြောဆို​ကြ​၏​။ သို့သော်လည်း သူ​တို့​သည် အရှက်ကွဲ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် ငါ့​ထံသို့​ရောက်လာ​ပြန်​၍


“​အချင်း​လူသား​၊ ပြိုပျက်​နေ​သော​အစ္စရေး​ပြည်​တွင် နေထိုင်​သူ​တို့​က ‘​အာဗြဟံ​တစ်ဦးတည်း​ပင် ထို​ပြည်​ကို အပိုင်ရ​သေး​လျှင် လူ​အများ​ဖြစ်​သော​ငါ​တို့​ကို သာ၍​အပိုင်​ပေး​နိုင်​၏​’​ဟု ဆို​တတ်​ကြ​၏​။


လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​မှ ထုတ်ပယ်​ကြ​လိမ့်မည်။ ထိုမျှမက သင်​တို့​ကို​သတ်​သော​သူ​တိုင်း မိမိ​တို့​သည် ဘုရား​ဝတ်​ကို​ပြု​နေ​သည်​ဟု ထင်မှတ်​သော​အချိန်​ကာလ​ရောက်လာ​တော့မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ