ဆာလံ 31:20 - မြန်မာ့စံမီသမ္မာကျမ်း20 ကိုယ်တော်သည် သူတို့ကို လူတို့၏လျှို့ဝှက်ကြံစည်မှုများမှကင်းလွတ်စေရန် ရှေ့တော်ရှိကွယ်ကာရာအရပ်၌ ဖုံးကွယ်ထားတော်မူ၏။ ခိုက်ရန်ဖြစ်ပွားတတ်သောလျှာများနှင့်ကင်းဝေးစေရန် သူတို့ကိုယာယီတဲ၌ဝှက်ထားတော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible20 လူတို့၏လျှို့ဝှက်ကြံစည်မှုမှ ကင်းလွတ်စေအံ့သောငှာအထံတော်၌ ခိုလှုံကြသူတို့ကိုကိုယ်တော်ရှင်သည် အထံတော်တွင်လုံခြုံစွာဝှက်၍ထားတော်မူ ပါ၏။ ရန်သူများ၏စော်ကားမှုများမှကင်းလွတ်စေရန် သူတို့ကိုလုံခြုံရာအရပ်တွင်ဝှက်၍ ထားတော်မူပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible20 လူ တို့ သောင်း ကျန်း မှု များ မှ ကွယ် ကာ၍၊ အ ထံ တော်၌ ဝှက် ထား တော် မူ ပါ လိမ့် မည်။ ရန် တွေ့ ခြင်း များ နှင့် ကင်း လွတ် အောင်၊ မ ဏ္ဍပ် တော် အ တွင်း ဖုံး ထား တော် မူ ပါ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible20 လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေခြင်းငှာ ကျိန်းဝပ်တော်မူရာအတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားတော်မူ၏။ ရန်တွေ့ခြင်းအသံကိုကွယ်ကာလျက်၊ တဲတော်တွင် သူတို့ကို စောင့်မတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါရောက်လာသောအခါ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့ကို ငါတွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရသကဲ့သို့ ငါ့ကိုလည်း သင်တို့တွေ့မြင်လိုသည့်အတိုင်း မတွေ့မြင်ရမည်ကိုလည်းကောင်း၊ ပဋိပက္ခဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသကြီးခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ပုတ်ခတ်ပြောဆိုခြင်း၊ အတင်းအဖျင်းပြောဆိုခြင်း၊ မာနထောင်လွှားခြင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းများ ရှိမည်ကိုလည်းကောင်း ငါစိုးရိမ်၏။