ထိုသတ္တဝါတို့ကိုကြည့်နေစဉ် မျက်နှာလေးဖက်ပါသော သတ္တဝါတစ်ပါးစီတို့၏ဘေးရှိ မြေပေါ်တွင် ဘီးတစ်ဘီးစီရှိနေသည်ကို တွေ့ရ၏။
ယေဇကျေလ 10:13 - မြန်မာ့စံမီသမ္မာကျမ်း ဘီးများကို “ဘီးစကြာ”ဟု ခေါ်ဆိုသည်ကို ငါကြား၏။ Common Language Bible ထိုဘီးတို့ကို``စကြာဘီးများ'' ဟုခေါ်ဆို သည်ကိုငါကြားရ၏။ Garrad Bible ထို စက် များ ကို ကား၊ ငါ ကြား ရ သည့် အ တိုင်း၊ လည် စက် ဟု ခေါ် ဝေါ် သ တည်း။ Judson Bible ထိုဘီးတို့ကို စကြာဟူသော အမည်ဖြင့် သမုတ်သည်ကို ငါကြား၏။ |
ထိုသတ္တဝါတို့ကိုကြည့်နေစဉ် မျက်နှာလေးဖက်ပါသော သတ္တဝါတစ်ပါးစီတို့၏ဘေးရှိ မြေပေါ်တွင် ဘီးတစ်ဘီးစီရှိနေသည်ကို တွေ့ရ၏။
ခေရုဗိမ်လေးပါးရှိ ဘီးများနှင့်တကွ ခေရုဗိမ်တို့၏ကျော၊ လက်များ၊ တောင်ပံများနှင့် တစ်ကိုယ်လုံးတွင် မျက်စိအပြည့်ပါရှိ၏။
ခေရုဗိမ်တစ်ပါးစီတွင် မျက်နှာလေးခုစီပါရှိ၏။ ပထမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် လင်းယုန်မျက်နှာဖြစ်၏။
ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ်အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။