Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 1:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ထို​သတ္တဝါ​တို့​ကို​ကြည့်​နေ​စဉ် မျက်နှာ​လေး​ဖက်​ပါ​သော သတ္တဝါ​တစ်ပါးစီ​တို့​၏​ဘေး​ရှိ မြေ​ပေါ်တွင် ဘီး​တစ်​ဘီး​စီ​ရှိ​နေ​သည်​ကို တွေ့​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ငါ​သည်​မျက်​နှာ​လေး​မျိုး​ရှိ​သော​သတ္တ​ဝါ​လေး​ပါး​ကို​ကြည့်​၍​နေ​စဉ် သူ​တို့​အ​သီး​သီး​၏​အ​နီး​တွင်​မြေ​နှင့်​ထိ​၍​နေ​သော​ရ​ထား​ဘီး​တစ်​ခု​စီ​ရှိ​၍​နေ​သည်​ကို​မြင်​ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ထို သ တ္တ ဝါ တို့ ကို ငါ ရှု မြင် ရာ၊ တစ် ပါး တစ် ပါး အ နီး၊ မျက် နှာ လေး ခု အ ဖို့၊ စက် တစ် ခု စီ ရှိ သည် ကို မြင် ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ထို​သ​တ္တ​ဝါ​တို့​ကို ငါ့​ကြည့်​ရှု​စဉ်၊ သူ​တို့​အ​နား​မှာ လေး​ပိုင်း​ရှိ​သော ရ​ထား​ဘီး​တစ်​ခု​စီ ထင်​ရှား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 1:15
9 ပူးပေါင်းရင်းမြစ်များ  

တွန်းလှည်း​တစ်ခုစီ​တွင် ကြေးနီ​ဘီး​လေး​ဘီး​စီ​နှင့် ကြေးနီ​ဝင်ရိုး​များ​ပါရှိ​၏​။ ထောက်တိုင်​လေး​တိုင်​သည် အင်တုံ​အောက်​၌ ထောက်ထား​၏​။ ထို​အင်တုံ​ကို​ထောက်ထား​သော​တိုင်​တစ်​တိုင်​စီ​တွင် ကနုတ်ပန်း​များ သွန်းလုပ်​ထား​၏​။


တစ်ပါးစီ​၌ မျက်နှာ​လေး​ခု​၊ တောင်ပံ​လေး​ခု ပါရှိ​၏​။


ကိုယ်တော်​သည် ပိတ်ချောထည်​ဝတ်​ထား​သူ​အား “​ခေရုဗိမ်​အောက် ဘီး​များ​ကြား​သို့​ဝင်​၍ ခေရုဗိမ်​အလယ်​ရှိ​မီးခဲ​ကို လက်​နှင့်​အပြည့်​ယူ​ပြီးလျှင် မြို့​ပေါ်​ကြဲချ​လော့​”​ဟု မိန့်​တော်မူ​ရာ ထို​သူ​လည်း ဝင်သွား​သည်​ကို ငါ​တွေ့​ရ​၏​။


ထို့နောက် ငါ​ကြည့်​လိုက်​သော် ခေရုဗိမ်​တို့​၏​ဘေး​တွင် ဘီး​လေး​ဘီး​ရှိ​၏​။ ခေရုဗိမ်​တစ်ပါးစီ​၏​ဘေး​တွင် ဘီး​တစ်​ဘီး​စီ​ရှိ​ပြီး ဘီး​များ​သည် ကျောက်မျက်ရွဲ​အရောင်​ကဲ့သို့ တောက်ပ​နေ​၏​။


သတ္တဝါ​တို့​၏​အတောင်ပံ​များ တစ်​ခု​နှင့်​တစ်​ခု​ထိခတ်​သော​အသံ​၊ သတ္တဝါ​တို့​အနား​ရှိ ဘီး​များ​လည်​နေ​သော​အသံ​ကို​လည်း ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ​ကြား​ရ​၏​။


ငါ​ကြည့်​လျက်​နေ​စဉ် ပလ္လင်​များ​ကို​ခင်းကျင်း​၍ သက်တော်ကြီးရင့်​သော​အရှင် ထိုင်​တော်မူ​၏​။ အဝတ်​တော်​သည် နှင်းပွင့်​ကဲ့သို့​ဖြူ​၏​။ ဦးခေါင်း​တော်​မှ​ဆံပင်​သည်​လည်း သိုးမွေး​ကဲ့သို့ ဖြူ​၏​။ ပလ္လင်​တော်​သည် မီး​လျှံ​၊ ဘီး​တော်​တို့​သည် မီးတောက် ဖြစ်​၏​။


ပထမ​သတ္တဝါ​သည် ခြင်္သေ့​နှင့်​တူ​၍ ဒုတိယ​သတ္တဝါ​သည် နွားသငယ်​နှင့်​တူ​၏။ တတိယ​သတ္တဝါ​ကား လူ​နှင့်​တူ​သော​မျက်နှာ​ရှိ​၍ စတုတ္ထ​သတ္တဝါ​သည် ပျံသန်း​နေ​သော​လင်းယုန်​နှင့်​တူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ