ထို့နောက် သရပ်တို့ထဲမှတစ်ပါးသည် ငါ့ထံသို့ပျံသန်းလာ၏။ လက်ထဲ၌ မီးညှပ်ဖြင့် ယဇ်ပလ္လင်ပေါ်မှယူသော မီးခဲတစ်ခဲပါလာ၏။
ယေဇကျေလ 1:8 - မြန်မာ့စံမီသမ္မာကျမ်း ဘေး၌ရှိသော အတောင်ပံလေးခုအောက်တွင် လူလက်ပါ၏။ ထိုသတ္တဝါလေးပါးတို့တွင် မျက်နှာနှင့်တောင်ပံများရှိ၏။ Common Language Bible သူတို့တွင်မျက်နှာလေးခုနှင့်တောင်ပံလေးခုအပြင် တောင်ပံတစ်ခုစီ၏အောက်၌လူလက်ရှိ၏။- Garrad Bible လေး ဘက်၌ အ တောင် များ အောက်၊ လူ့ လက် များ နှင့် ပြည့် စုံ၏။ ထို လေး ပါး တို့ မျက် နှာ နှင့် အ တောင် များ ကား၊ Judson Bible ထိုလေးပါးတို့သည် မျက်နှာတို့နှင့်လည်းကောင်း၊ အတောင်တို့နှင့်လည်းကောင်း ပြည့်စုံကြ၏။ |
ထို့နောက် သရပ်တို့ထဲမှတစ်ပါးသည် ငါ့ထံသို့ပျံသန်းလာ၏။ လက်ထဲ၌ မီးညှပ်ဖြင့် ယဇ်ပလ္လင်ပေါ်မှယူသော မီးခဲတစ်ခဲပါလာ၏။
သွားသောအခါတွင်လည်း ဟိုဘက်သည်ဘက်မကွေ့ဘဲ သတ္တဝါတို့မျက်နှာမူရာ လေးဘက်လေးတန်သို့သာ သွားတတ်၏။
သွားသောအခါ ဟိုဘက်သည်ဘက်မကွေ့ဘဲ ခေရုဗိမ်တို့ မျက်နှာမူရာလေးဘက်လေးတန်သို့ သွား၏။ မျက်နှာတစ်ဖက်၏ဦးဆောင်သွားရာဘက်သို့ ဟိုဘက်သည်ဘက်မကွေ့ဘဲ လိုက်သွား၏။
တစ်ဖန် ထာဝရဘုရား၏ဘုန်းအသရေတော်သည် အိမ်တော်တံခါးခုံမှခွာသွား၍ ခေရုဗိမ်အထက်၌ တည်နေ၏။
ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ်အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။
တစ်ပါးစီတွင် မျက်နှာလေးခု၊ တောင်ပံလေးခုရှိ၍ တောင်ပံများအောက်တွင် လူလက်နှင့်တူသောလက်ရှိ၏။
ထိုလူထံမှ လက်နှင့်တူသောအရာတစ်ခု ထွက်လာ၍ ငါ့ဦးခေါင်းမှဆံပင်ကို လှမ်းဆွဲ၏။ ဘုရားသခင်ဖွင့်ပြသော နိမိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို မိုးနှင့်မြေအကြားသို့ချီမလိုက်ပြီး မနာလိုဝန်တိုစိတ်ကိုဆွပေးသောရုပ်တု စိုက်ထူထားရာ ဂျေရုဆလင်မြို့မြောက်ဘက်၊ အတွင်းတံတိုင်းတံခါးဝသို့ ဆောင်သွားတော်မူ၏။