ရှေ့တော်တွင် ဘုန်းကျက်သရေနှင့် ခန့်ညားထည်ဝါမှုတို့ ရှိပါ၏။ ကိန်းဝပ်တော်မူရာအရပ်တွင် အစွမ်းတန်ခိုးနှင့် ဝမ်းမြောက်ခြင်းတို့ရှိပါ၏။
ယေဇကျေလ 1:27 - မြန်မာ့စံမီသမ္မာကျမ်း ထိုလူ၏ခါးအပေါ်ပိုင်းသည် တောက်ပသောကြေးဝါအဆင်းရှိ၍ ဝန်းကျင်၌ မီးရောင်သဖွယ်ဖြာထွက်နေသည်ကို တွေ့ရ၏။ ခါးအောက်ပိုင်းဝန်းကျင်၌လည်း မီးရောင်သဖွယ် တောက်ပသောအလင်းဖြာထွက်လျက်ရှိသည်ကို တွေ့ရ၏။ Common Language Bible ထိုသူ၏ခါးအထက်ပိုင်းသည်မီးလျှံထဲမှကြေးဝါကဲ့သို့တောက်ပြောင်၍နေ၏။ ခါးမှခြေဖျားထိသူ၏အောက်ပိုင်းသည် မီးရောင်ဖြင့်ပင်လျှင်တစ်ကိုယ်လုံးထွန်းလင်းတောက်ပလျက်ရှိပေသည်။- Garrad Bible ထို အ သွင်၏ ခါး သဏ္ဌာန် အ ထက်၊ အ တွင်း အ ပြင် ၌ ပ ယင်း ရောင် မီး သဏ္ဌာန် ကို လည်း ကောင်း၊ ခါး သဏ္ဌာန် အောက် မီး သဏ္ဌာန် ကို လည်း ကောင်း ငါ မြင် ရ ၍၊ ပတ် လည်၌ လည်း ရောင် ခြည် လွှတ် တော် မူ ၏။ Judson Bible ပလ္လင်အတွင်း၌လည်းကောင်း၊ ပတ်လည်၌လည်းကောင်း၊ ခါးသဏ္ဌာန်မှသည် အထက်ပိုင်း၌ ဟရှမေလရွှေအရောင်နှင့် မီးအရောင်ကဲ့သို့ ထင်ရှား၏။ အောက်ပိုင်း၌ မီးအရောင်ကဲ့သို့ ထင်ရှား၍ ပတ်လည်၌ ထွန်းတောက်လေ၏။ |
ရှေ့တော်တွင် ဘုန်းကျက်သရေနှင့် ခန့်ညားထည်ဝါမှုတို့ ရှိပါ၏။ ကိန်းဝပ်တော်မူရာအရပ်တွင် အစွမ်းတန်ခိုးနှင့် ဝမ်းမြောက်ခြင်းတို့ရှိပါ၏။
ငါတို့၏ဘုရားသခင်သည် ကြွလာတော်မူမည်။ ကိုယ်တော်သည် တိတ်ဆိတ်စွာနေတော်မူမည်မဟုတ်။ ကိုယ်တော်၏ရှေ့တော်၌ ဝါးမျိုတတ်သောမီးရှိ၍ ကိုယ်တော်၏ပတ်လည်၌ ပြင်းထန်သောမုန်တိုင်းရှိ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
ထာဝရဘုရား၏ဘုန်းအသရေတော်သည် အစ္စရေးအမျိုးသားတို့မျက်မှောက်တွင် တောင်ထိပ်ပေါ်၌လောင်ကျွမ်းနေသောမီးကဲ့သို့ ထင်ရှား၏။
ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါကဲ့သို့သောအရာတစ်ခုလည်းပါ၏။
ထိုအခါ ငါကြည့်လိုက်သော် လူနှင့်တူသောသဏ္ဌာန်တစ်ခုကို တွေ့ရ၏။ ထိုသူ၏ခါးအောက်ပိုင်းသည် မီးကဲ့သို့ဖြစ်၏။ ခါးအပေါ်ပိုင်းသည် တောက်ပသောကြေးဝါအဆင်းရှိ၏။
ရောင်ခြည်တော်သည် အရုဏ်တက်အလင်းကဲ့သို့ဖြစ်၏။ လက်တော်မှအလင်းဖြာထွက်၍ ထိုအထဲတွင် ကိုယ်တော်၏တန်ခိုးတော် ကိန်းအောင်းလျက်နေ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လောင်သောမီး၊ သဝန်တိုသောဘုရားဖြစ်တော်မူ၏။
ထိုအခါ ကိုယ်တော်သည် ဘုရားသခင်ကိုမသိသောသူတို့နှင့် ငါတို့သခင်ယေရှု၏ကောင်းမြတ်သောသတင်းကို မနာခံသောသူတို့အား တရားသဖြင့်စီရင်တော်မူလိမ့်မည်။