Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 1:27 - Common Language Bible

27 ထို​သူ​၏​ခါး​အ​ထက်​ပိုင်း​သည်​မီး​လျှံ​ထဲ​မှ​ကြေး​ဝါ​ကဲ့​သို့​တောက်​ပြောင်​၍​နေ​၏။ ခါး​မှ​ခြေ​ဖျား​ထိ​သူ​၏​အောက်​ပိုင်း​သည် မီး​ရောင်​ဖြင့်​ပင်​လျှင်​တစ်​ကိုယ်​လုံး​ထွန်း​လင်း​တောက်​ပ​လျက်​ရှိ​ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

27 ထို အ သွင်၏ ခါး သဏ္ဌာန် အ ထက်၊ အ တွင်း အ ပြင် ၌ ပ ယင်း ရောင် မီး သဏ္ဌာန် ကို လည်း ကောင်း၊ ခါး သဏ္ဌာန် အောက် မီး သဏ္ဌာန် ကို လည်း ကောင်း ငါ မြင် ရ ၍၊ ပတ် လည်၌ လည်း ရောင် ခြည် လွှတ် တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

27 ပ​လ္လင်​အ​တွင်း၌​လည်း​ကောင်း၊ ပတ်​လည်၌​လည်း​ကောင်း၊ ခါး​သ​ဏ္ဌာန်​မှ​သည် အ​ထက်​ပိုင်း၌ ဟ​ရှ​မေ​လ​ရွှေ​အ​ရောင်​နှင့် မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၏။ အောက်​ပိုင်း၌ မီး​အ​ရောင်​ကဲ့​သို့ ထင်​ရှား၍ ပတ်​လည်၌ ထွန်း​တောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

27 ထို​လူ​၏​ခါး​အပေါ်​ပိုင်း​သည် တောက်ပ​သော​ကြေးဝါ​အဆင်း​ရှိ​၍ ဝန်းကျင်​၌ မီးရောင်​သဖွယ်​ဖြာထွက်​နေ​သည်​ကို တွေ့​ရ​၏​။ ခါး​အောက်ပိုင်း​ဝန်းကျင်​၌​လည်း မီးရောင်​သဖွယ် တောက်ပ​သော​အလင်း​ဖြာထွက်​လျက်​ရှိ​သည်​ကို တွေ့​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 1:27
11 ပူးပေါင်းရင်းမြစ်များ  

ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​အာ​နု​ဘော် တော်​သည် ကိုယ်​တော်​အား​ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​ဗိ​မာန်​တော်​သည်​ဝမ်း​မြောက် ရွှင်​မြူး​သံ​နှင့်​ပြည့်​လျက်​ရှိ​၏။


ငါ​တို့​၏​ဘု​ရား​သည်​ကြွ​လာ​တော်​မူ​၏။ သို့​ရာ​တွင်​ဆိတ်​ဆိတ်​ကြွ​လာ​တော်​မူ​သည်​မ​ဟုတ်။ ရှေ့​တော်​တွင်​မီး​တောက်​မီး​လျှံ​ဟုန်း​ဟုန်း​ထ​လျက် ကိုယ်​တော်​၏​ပတ်​လည်​တွင်​လေ​ပြင်း​မုန်​တိုင်း တိုက်​ခတ်​လျက်​ရှိ​၏။


မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။


ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မြောက်​အ​ရပ်​မှ လေ​မုန်​တိုင်း​တစ်​ခု​လာ​နေ​သည်​ကို​မြင်​ရ​၏။ မိုး​တိမ်​တိုက်​ကြီး​တစ်​ခု​မှ​လျှပ်​ပန်း​လျှပ်​နွယ်​များ​ထွက်​လျက် ထို​မိုး​တိမ်​၏​ပတ်​လည်​ရှိ​ကောင်း​ကင်​ပြင်​သည်​ဝင်း​ဝါ​တောက်​ပ​လျက်​နေ​၏။ လျှပ်​ပန်း​လျှပ်​နွယ်​ထွက်​ရာ​တွင်​ကြေး​ဝါ​နှင့်​တူ​သော​အ​ရာ​တစ်​ခု​သည်​အ​ရောင်​လက်​၍​နေ​၏။-


ငါ​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​မီး​လျှံ​တောက်​နေ​သော​လူ​ပုံ​သဏ္ဌာန်​တစ်​ခု​ကို​မြင်​ရ​၏။ သူ​၏​ခါး​မှ​ခြေ​ဖျား​အ​ထိ​အောက်​ပိုင်း​တစ်​ခု​လုံး​သည်​မီး​နှင့်​တူ​၍ အ​ထက်​ပိုင်း​တစ်​ခု​လုံး​မှာ​တိုက်​ချွတ်​ထား​သည့်​ကြေး​ဝါ​သ​ဖွယ်​တောက်​ပ​လျက်​နေ​၏။-


အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​တို့​၏​ဘု​ရား သ​ခင်​သည်​ကျွမ်း​လောင်​စေ​တတ်​သော​မီး သ​ဖွယ်​ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ