သူတို့သည် မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။ သွားသောအခါ ဟိုဘက်သည်ဘက်မလှည့်ဘဲ ဝိညာဉ်တော်ညွှန်ပြရာသို့သာသွား၏။
ယေဇကျေလ 1:20 - မြန်မာ့စံမီသမ္မာကျမ်း ဝိညာဉ်တော်သွားရာသို့ သတ္တဝါတို့လိုက်ပါသွားရ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သည်ဖြစ်၍ ဝိညာဉ်တော်သွားရာသို့ ဘီးတို့သည် ဝိညာဉ်တော်နှင့်အတူ ကြွကြ၏။ Garrad Bible ဝိ ညာဉ် သွား လို သည့် အ တိုင်း၊ စက် များ သွား ရ၏။ သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည် စက် များ၌ ပါ ရှိ သော ကြောင့်၊ ဝိ ညာဉ် သွား လို သည့် အ တိုင်း၊ စက် များ လည်း အ နီး၌ တက် ရ၏။ Judson Bible သတ္တဝါတို့သည် မြေကြီးနှင့်ကွာ၍ တက်သောအခါ၊ ဘီးတို့သည်လည်း တက်ကြ၏။ ဝိညာဉ်တော်သွားခွင့်ရှိသည်အတိုင်း၊ သူတို့သည်လည်း သွားကြ၏။ ဘီးတို့သည်လည်း သူတို့နှင့် ထက်ကြပ်တက်၍ လိုက်ကြ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီးတို့၌ရှိ၏။ |
သူတို့သည် မျက်နှာမူရာသို့သာ တည့်တည့်သွားတတ်၏။ သွားသောအခါ ဟိုဘက်သည်ဘက်မလှည့်ဘဲ ဝိညာဉ်တော်ညွှန်ပြရာသို့သာသွား၏။
သူတို့သွားသောအခါ ဘီးတို့သည်သွားကြ၏။ သူတို့ရပ်သောအခါ ဘီးတို့သည်ရပ်ကြ၏။ သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သတ္တဝါတို့ မြေမှကြွသောအခါ ဘီးတို့လည်း သူတို့နှင့်အတူ ကြွကြ၏။
သတ္တဝါတို့၏ဝိညာဉ်သည် ဘီး၌တည်သောကြောင့် သူတို့ရပ်သောအခါ ဘီးတို့လည်း ရပ်ကြ၏။ သူတို့ကြွသောအခါ ဘီးတို့လည်း ကြွကြ၏။