Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 1:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

21 သူ​တို့​သွား​သောအခါ ဘီး​တို့​သည်​သွား​ကြ​၏​။ သူ​တို့​ရပ်​သောအခါ ဘီး​တို့​သည်​ရပ်​ကြ​၏​။ သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သတ္တဝါ​တို့ မြေ​မှ​ကြွ​သောအခါ ဘီး​တို့​လည်း သူ​တို့​နှင့်အတူ ကြွ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

21 ဝိ​ညာဉ်​သည်​မိ​မိ​တို့​လို​ရာ​အ​ရပ်​သို့​သွား​ကြ​သော​အ​ခါ ဘီး​တို့​သည်​လည်း​သတ္တ​ဝါ​များ​ပြု​သည့်​အ​တိုင်း​အ​ထက်​သို့​တက်​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သတ္တ​ဝါ​များ​၏​ဝိ​ညာဉ်​သည်​ဘီး​တို့​အား​ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​သည်။ သို့​ဖြစ်​၍​သတ္တ​ဝါ​များ​လှုပ်​ရှား​သွား​လာ​သော​အ​ခါ ရပ်​ဆိုင်း​သည့်​အ​ခါ​လေ​ထဲ​သို့​တက်​ကြ​သည့်​အ​ခါ​၌ ဘီး​တို့​သည်​ထပ်​တူ​ထပ်​မျှ​လိုက်​၍​ပြု​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​တို့​အား​သတ္တ​ဝါ​တို့​၏​ဝိ​ညာဉ်​တို့​က ထိန်း​ချုပ်​ထား​သော​ကြောင့်​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

21 သ တ္တ ဝါ တို့၏ ဝိ ညာဉ် သည်၊ စက် များ၌ ပါ ရှိ သော ကြောင့်၊ သ တ္တ ဝါ တို့ သွား ကြ သော် စက် များ လည်း သွား ခြင်း၊ ရပ် ကြ သော် ရပ် ခြင်း၊ မြေ ပေါ် မှ တက် ကြ သော် တက် ခြင်း ပြု ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

21 သူ​တို့​သွား​သော​အ​ခါ ဘီး​တို့​သည် သွား​ကြ၏။ သူ​တို့​ရပ်​သော​အ​ခါ ဘီး​တို့​သည် ရပ်​ကြ၏။ သူ​တို့​သည် မြေ​ကြီး​နှင့်​ကွာ၍ တက်​သော​အ​ခါ၊ ဘီး​တို့​သည်​လည်း သူ​တို့​နှင့် ထက်​ကြပ်​တက်၍ လိုက်​ကြ၏။ အ​ကြောင်း​မူ​ကား၊ သ​တ္တ​ဝါ​တို့၏ ဝိ​ညာဉ်​သည် ဘီး​တို့၌​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 1:21
4 ပူးပေါင်းရင်းမြစ်များ  

သတ္တဝါ​တို့​၏​ဦးခေါင်း​အထက်​တွင် အံ့ဩဖွယ်​ကောင်း​သော​၊ ကျောက်သလင်း​သဏ္ဌာန်​နှင့်​တူ​သော မျက်နှာပြင်​ကြီး​တစ်​ခု​ရှိ​၍ သူ​တို့​၏​ဦးခေါင်း​အထက်​တွင် ပြန့်​လျက်​နေ​၏​။


သတ္တဝါ​တို့​၏​ဝိညာဉ်​သည် ဘီး​၌​တည်​သောကြောင့် သူ​တို့​ရပ်​သောအခါ ဘီး​တို့​လည်း ရပ်​ကြ​၏​။ သူ​တို့​ကြွ​သောအခါ ဘီး​တို့​လည်း ကြွ​ကြ​၏​။


အကြောင်းမူကား ခရစ်တော်​ယေရှု​၌​ရှိ​သည့် အသက်ရှင်​ခြင်း​၏​ဝိညာဉ်​တော်​နှင့်ဆိုင်သော​တရား​သည် အပြစ်​နှင့်​သေ​ခြင်း​တို့​နှင့်ဆိုင်သော​တရား​မှ သင့်​ကို​လွတ်မြောက်​စေ​ပြီ​ဖြစ်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ