တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
ယေဇကျေလ 1:15 - မြန်မာ့စံမီသမ္မာကျမ်း ထိုသတ္တဝါတို့ကိုကြည့်နေစဉ် မျက်နှာလေးဖက်ပါသော သတ္တဝါတစ်ပါးစီတို့၏ဘေးရှိ မြေပေါ်တွင် ဘီးတစ်ဘီးစီရှိနေသည်ကို တွေ့ရ၏။ Common Language Bible ငါသည်မျက်နှာလေးမျိုးရှိသောသတ္တဝါလေးပါးကိုကြည့်၍နေစဉ် သူတို့အသီးသီး၏အနီးတွင်မြေနှင့်ထိ၍နေသောရထားဘီးတစ်ခုစီရှိ၍နေသည်ကိုမြင်ရ၏။- Garrad Bible ထို သ တ္တ ဝါ တို့ ကို ငါ ရှု မြင် ရာ၊ တစ် ပါး တစ် ပါး အ နီး၊ မျက် နှာ လေး ခု အ ဖို့၊ စက် တစ် ခု စီ ရှိ သည် ကို မြင် ရ၏။ Judson Bible ထိုသတ္တဝါတို့ကို ငါ့ကြည့်ရှုစဉ်၊ သူတို့အနားမှာ လေးပိုင်းရှိသော ရထားဘီးတစ်ခုစီ ထင်ရှား၏။ |
တွန်းလှည်းတစ်ခုစီတွင် ကြေးနီဘီးလေးဘီးစီနှင့် ကြေးနီဝင်ရိုးများပါရှိ၏။ ထောက်တိုင်လေးတိုင်သည် အင်တုံအောက်၌ ထောက်ထား၏။ ထိုအင်တုံကိုထောက်ထားသောတိုင်တစ်တိုင်စီတွင် ကနုတ်ပန်းများ သွန်းလုပ်ထား၏။
ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ်အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။
ထို့နောက် ငါကြည့်လိုက်သော် ခေရုဗိမ်တို့၏ဘေးတွင် ဘီးလေးဘီးရှိ၏။ ခေရုဗိမ်တစ်ပါးစီ၏ဘေးတွင် ဘီးတစ်ဘီးစီရှိပြီး ဘီးများသည် ကျောက်မျက်ရွဲအရောင်ကဲ့သို့ တောက်ပနေ၏။
သတ္တဝါတို့၏အတောင်ပံများ တစ်ခုနှင့်တစ်ခုထိခတ်သောအသံ၊ သတ္တဝါတို့အနားရှိ ဘီးများလည်နေသောအသံကိုလည်း ငလျင်လှုပ်သံကြီးကဲ့သို့ ငါကြားရ၏။
ငါကြည့်လျက်နေစဉ် ပလ္လင်များကိုခင်းကျင်း၍ သက်တော်ကြီးရင့်သောအရှင် ထိုင်တော်မူ၏။ အဝတ်တော်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။ ဦးခေါင်းတော်မှဆံပင်သည်လည်း သိုးမွေးကဲ့သို့ ဖြူ၏။ ပလ္လင်တော်သည် မီးလျှံ၊ ဘီးတော်တို့သည် မီးတောက် ဖြစ်၏။
ပထမသတ္တဝါသည် ခြင်္သေ့နှင့်တူ၍ ဒုတိယသတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါကား လူနှင့်တူသောမျက်နှာရှိ၍ စတုတ္ထသတ္တဝါသည် ပျံသန်းနေသောလင်းယုန်နှင့်တူ၏။