နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
ယေဇကျေလ 1:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုသတ္တဝါတို့၏သဏ္ဌာန်သည် မီးတောက်နေသော မီးခဲသဏ္ဌာန်နှင့်တူ၏။ မီးရှူးမီးပန်းသဏ္ဌာန်နှင့်တူသောအရာများသည်လည်း ထိုသတ္တဝါတို့ကြားတွင် ရွေ့လျားသွားလာလျက်ရှိ၏။ မီးသည် တောက်ပလျက် မီးထဲမှလည်း လျှပ်စီးတဖျပ်ဖျပ်လက်လျက်ရှိ၏။ Common Language Bible ထိုသတ္တဝါတို့၏အလယ်တွင်မီးလျှံထနေသောမီးရှူးတိုင်နှင့်တူသည့်အရာတစ်ခုသည် အစဉ်ပင်ရွေ့လျားလျက်နေ၏။ ထိုအရာမှမီးလျှံတက်ပြီးလျှင်လျှပ်စစ်နွယ်များထွက်ပေါ်လာ၏။- Garrad Bible တောက် လောင် သော မီး ကျီး၊ မီး ရှူး သ ဖွယ်၊ ထို သ တ္တ ဝါ တို့ အ လယ် တွင်၊ အ ဆင်း သဏ္ဌာန် လူး လာ လျက် တောက် ထိန် သော မီး ထဲ မှ လျှပ် စစ် ပြက် လေ၏။ Judson Bible ထိုသတ္တဝါတို့၏ အဆင်းအရောင်သည်ကား၊ တောက်သော မီးခဲအရောင်၊ မီးခွက်အရောင်နှင့် တူ၏။ မီးသည်တောက်လျက် သတ္တဝါတို့တွင် အနှံ့အပြားလှည့်လည်၍ မီးထဲက လျှပ်စစ်ပြက်လေ၏။ |
နေဝင်၍ မှောင်လာသောအခါ မီးခိုးထွက်နေသောမီးဖိုနှင့် မီးတောက်နေသောမီးတိုင်သည် ထိုပိုင်းထားသောအသေကောင်တို့အလယ်၌ ဖြတ်သွား၏။
မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိ၏အမှုကိုထမ်းဆောင်သောသူတို့အား လောင်ကျွမ်းသောမီးကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏။
သူတို့၏ခြေသည် ဖြောင့်တန်း၍ ခြေဖဝါးမူကား နွားသငယ်၏ခွာနှင့်တူပြီး တိုက်ချွတ်ထားသောကြေးနီကဲ့သို့ ပြောင်လက်လျက်ရှိ၏။
ကိုယ်တော်သည် ပိတ်ချောထည်ဝတ်ထားသူအား “ခေရုဗိမ်အောက် ဘီးများကြားသို့ဝင်၍ ခေရုဗိမ်အလယ်ရှိမီးခဲကို လက်နှင့်အပြည့်ယူပြီးလျှင် မြို့ပေါ်ကြဲချလော့”ဟု မိန့်တော်မူရာ ထိုသူလည်း ဝင်သွားသည်ကို ငါတွေ့ရ၏။
ငါကြည့်လျက်နေစဉ် ပလ္လင်များကိုခင်းကျင်း၍ သက်တော်ကြီးရင့်သောအရှင် ထိုင်တော်မူ၏။ အဝတ်တော်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။ ဦးခေါင်းတော်မှဆံပင်သည်လည်း သိုးမွေးကဲ့သို့ ဖြူ၏။ ပလ္လင်တော်သည် မီးလျှံ၊ ဘီးတော်တို့သည် မီးတောက် ဖြစ်၏။
သူ၏အဆင်းသဏ္ဌာန်သည် လျှပ်စီးလက်သကဲ့သို့ဖြစ်ပြီး သူ၏အဝတ်သည် နှင်းပွင့်ကဲ့သို့ဖြူ၏။
ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုခြုံလျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံရှိ၍ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး သူ၏ခြေသည် မီးလျှံတိုင်ကဲ့သို့ဖြစ်၏။
ထို့နောက် ကြီးမားသောအခွင့်အာဏာပါလျက် ကောင်းကင်မှဆင်းသက်လာသည့် အခြားသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ ကမ္ဘာမြေကြီးသည် သူ၏ဘုန်းအသရေကြောင့် ထွန်းလင်းတောက်ပလေ၏။
ပလ္လင်တော်အထဲမှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လေ၏။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်သော မီးခွက်ခုနစ်လုံးသည်လည်း ပလ္လင်တော်ရှေ့၌ တောက်လောင်လျက်ရှိ၏။