သို့သော် သူ၏နေ့ရက်ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့ကိုရယ်မောတော်မူ၏။
ယောလ 3:14 - မြန်မာ့စံမီသမ္မာကျမ်း တရားစီရင်ဆုံးဖြတ်ရာချိုင့်ဝှမ်းလွင်ပြင်၌ လူအမြောက်အမြား ပြည့်နှက်နေပါတကား။ စင်စစ် ဆုံးဖြတ်ရာချိုင့်ဝှမ်းလွင်ပြင်တွင် ထာဝရဘုရား၏နေ့ရက် ရောက်လုနီးပြီ။ Common Language Bible ထောင်ပေါင်းများစွာသောသူတို့သည် တရားစီရင်တော်မူရာချိုင့်ဝှမ်းတွင် ရှိနေကြ၏။ ထိုချိုင့်ဝှမ်းသို့ထာဝရဘုရား တရားစီရင်တော်မူရာနေ့ရက်ကာလ သည် များမကြာမီသက်ရောက်လာလိမ့်မည်။ Garrad Bible ငါ ထာ ဝ ရ ဘု ရား၏ နေ့ ရက် သည်။ တ ရား သ ဘင် ချိုင့် တွင် ရောက် အံ့ ဆဲ ဖြစ် သည့် အ လျောက်။ ထို ချိုင့် တွင် လူ အ မြောက် အ မြား ပြည့် နှက် လျက် ရှိ၏။ Judson Bible ကွပ်မျက်ရာချိုင့်၌ လူများစည်းဝေးလျက်၊ လူများစည်းဝေးလျက် ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရဘုရား၏နေ့ရက်သည် ရောက်လုနီးပြီ။ |
သို့သော် သူ၏နေ့ရက်ရောက်လာတော့မည်ကို ဘုရားရှင်သည် သိမြင်တော်မူ၍ သူ့ကိုရယ်မောတော်မူ၏။
လူအုပ်ကြီးမှထွက်သောအသံကဲ့သို့ တောင်ပေါ်မှ ဆူဆူညံညံအသံ၊ တိုင်းနိုင်ငံတို့မှ လူမျိုးတို့ အတူတကွစုဝေး၍ အုတ်အုတ်ကျက်ကျက်ဖြစ်သောအသံပါတကား။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စစ်ပွဲအတွက် စစ်သည်အလုံးအရင်းကို ခင်းကျင်းတော်မူပြီ။
စိတ်အာရုံချိုင့်ဝှမ်းနှင့်ဆိုင်သောဗျာဒိတ်တော်။ မည်သည့်အကြောင်းကြောင့် သင်တို့အားလုံး ခေါင်မိုးပြင်ပေါ်သို့တက်သွားကြသနည်း။
အလို၊ ထာဝရဘုရား၏နေ့ရက်ပါတကား။ ထိုနေ့ရက် ရောက်လုနီးပြီ။ ထိုနေ့ရက်သည် အနန္တတန်ခိုးရှင်ထံတော်မှဖျက်ဆီးခြင်းဘေးကဲ့သို့ ရောက်လာလိမ့်မည်။
ဇိအုန်တောင်ပေါ်တွင် တံပိုးမှုတ်ကြလော့။ ငါ၏သန့်ရှင်းရာတောင်တော်ပေါ်တွင် သတိပေးသံပြုကြလော့။ ထာဝရဘုရား၏နေ့ရက်သည် လာနေပြီ၊ အမှန်ပင် ရောက်လုနီးပြီဖြစ်သောကြောင့် ပြည်သူပြည်သားအပေါင်းတို့၊ ထိတ်လန့်တုန်လှုပ်ကြလော့။
ထာဝရဘုရားသည် မိမိတပ်တော်ရှေ့တွင် ကျယ်လောင်သောအသံဖြင့် အမိန့်ပေးတော်မူ၏။ အကြောင်းမှာ တပ်တော်သည် အလွန်ကြီးမား၏။ အမိန့်တော်အတိုင်း လုပ်ဆောင်သောသူသည်လည်း ခွန်အားကြီး၏။ ထာဝရဘုရား၏နေ့ရက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေ့ကြီးဖြစ်၍ မည်သူခံရပ်နိုင်မည်နည်း။
“လူမျိုးတကာတို့သည် ထ၍ ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ လာကြပါစေ။ ငါသည် ထိုနေရာတွင် ထိုင်၍ အရပ်ရပ်မှလူမျိုးတကာတို့ကို စီရင်မည်။
လူမျိုးတကာတို့ကို စုရုံးပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်သို့ ငါခေါ်ဆောင်လာမည်။ သူတို့သည် ငါ့လူမျိုးတော်ကို လူမျိုးတကာတို့ထံသို့ ကွဲလွင့်စေပြီး ငါ့ပြည်ကို ကွဲပြားစေခဲ့သောကြောင့် ငါ့လူမျိုးတော်ဖြစ်သည့် ငါ့အမွေတော်အစ္စရေးတို့အတွက် သူတို့ကို ထိုအရပ်၌ ငါတရားစီရင်မည်။
ထာဝရဘုရား၏နေ့ရက်တော်ကြီး ရောက်လုနီးပြီ၊ ရောက်လုနီးပြီ။ အလျင်အမြန်ရောက်လာတော့မည်။ ထာဝရဘုရား၏နေ့ရက်တော်တွင် အော်ဟစ်သံသည် ခါးသီး၏။ စစ်သူရဲတို့ပင် ကျယ်လောင်စွာအော်ဟစ်ကြလိမ့်မည်။
ခွေးများကို သတိပြုကြလော့။ မကောင်းသောလုပ်သားများကို သတိပြုကြလော့။ ကိုယ်အင်္ဂါလှီးဖြတ်သောသူတို့ကို သတိပြုကြလော့။
ယခုရှိသော ကောင်းကင်နှင့်မြေကြီးမူကား ထိုနှုတ်ကပတ်တော်အားဖြင့် မီးအတွက်သိုမှီးထားခြင်းခံရ၍ ဘုရားတရားမဲ့သောသူတို့၏ပျက်စီးခြင်းနှင့် တရားစီရင်ခြင်းနေ့ရက်တိုင်အောင် ထိန်းသိမ်းထားခြင်းခံရလျက်ရှိ၏။