သူ့ကို ကျိုင်းကောင်ကဲ့သို့ ခုန်ပေါက်တတ်စေနိုင်သလော။ သူ့နှာမှုတ်သံကြီးမှာ ကြောက်မက်ဖွယ်ကောင်း၏။
ယောလ 2:5 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် စစ်ရထားချီသံကဲ့သို့လည်းကောင်း၊ ရိုးပြတ်ကို လောင်ကျွမ်းသောမီးတောက်မီးလျှံအသံကဲ့သို့လည်းကောင်း၊ စစ်တလင်းပြင်မှ စစ်သည်အင်အားထုကြီးကဲ့သို့လည်းကောင်း တောင်ထိပ်ပေါ်သို့ ကဆုန်ပေါက်တက်လာကြလေပြီ။ Common Language Bible သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊ မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။ သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။ Garrad Bible စစ် ရ ထား ဘီး သံ၊ ရိုး ပြတ် ကို ကျွမ်း လောင် သံ၊ အင် အား ကြီး သော အ လုံး အ ရင်း ခင်း ကျင်း သံ များ နှင့်၊ တောင် တန်း ပေါ် တွင် ခုန် ပေါက် ကြ သော၊ Judson Bible ရထားမြည်သံ ကဲ့သို့လည်းကောင်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့လည်းကောင်းအသံမြည်၍ တောင်ထိပ်တို့အပေါ်မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှာ ခင်းကျင်း၍ အားကြီးသောလူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။ |
သူ့ကို ကျိုင်းကောင်ကဲ့သို့ ခုန်ပေါက်တတ်စေနိုင်သလော။ သူ့နှာမှုတ်သံကြီးမှာ ကြောက်မက်ဖွယ်ကောင်း၏။
သို့ဖြစ်၍ ထိုသူတို့သည် ကောက်ရိုးအစား ရိုးပြတ်ကိုရှာယူရန် အီဂျစ်ပြည်တစ်ပြည်လုံးသို့ ကွဲလွင့်သွားကြလေ၏။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
သူတို့သည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ပညတ်တရားကိုပယ်၍ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်မိန့်တော်မူသောစကားကို မထီလေးစားပြုကြ၏။ ထို့ကြောင့် မီးတောက်သည် ရိုးပြတ်ကိုလောင်မြိုက်သကဲ့သို့၊ မီးလျှံသည် မြက်ခြောက်ကိုလောင်ကျွမ်းသကဲ့သို့ သူတို့၏အမြစ်သည် ဆွေးမြည့်၍ သူတို့၏အပွင့်သည်လည်း မြေမှုန့်ကဲ့သို့လွင့်သွားလိမ့်မည်။
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့မြင်းကိုစီး၍ စစ်ချီလာသောအသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဘေဘီလုံသမီးပျို၊ သူတို့သည် စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
သူတို့၌ သံရင်အုပ်တန်ဆာနှင့်တူသော ရင်အုပ်တန်ဆာရှိ၍ သူတို့၏တောင်ပံခတ်သံသည် စစ်ပွဲသို့ပြေးသွားသည့် များစွာသောမြင်းရထားတို့၏အသံနှင့်တူ၏။