ယောလ 2:5 - Common Language Bible5 သူတို့သည်တောင်ရိုးများပေါ်တွင်ခုန်လွှားကာ စစ်မြင်းရထားမြည်သံကဲ့သို့လည်းကောင်း၊ မြက်ခြောက်မီးလောင်သကဲ့သို့လည်းကောင်း အော်မြည်ကြ၏။ သူတို့သည်တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ရှိသည့် တပ်မတော်ကြီးကဲ့သို့စီတန်းလျက်နေကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 စစ် ရ ထား ဘီး သံ၊ ရိုး ပြတ် ကို ကျွမ်း လောင် သံ၊ အင် အား ကြီး သော အ လုံး အ ရင်း ခင်း ကျင်း သံ များ နှင့်၊ တောင် တန်း ပေါ် တွင် ခုန် ပေါက် ကြ သော၊ အခန်းကိုကြည့်ပါ။Judson Bible5 ရထားမြည်သံ ကဲ့သို့လည်းကောင်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့လည်းကောင်းအသံမြည်၍ တောင်ထိပ်တို့အပေါ်မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှာ ခင်းကျင်း၍ အားကြီးသောလူ အလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သူတို့သည် စစ်ရထားချီသံကဲ့သို့လည်းကောင်း၊ ရိုးပြတ်ကို လောင်ကျွမ်းသောမီးတောက်မီးလျှံအသံကဲ့သို့လည်းကောင်း၊ စစ်တလင်းပြင်မှ စစ်သည်အင်အားထုကြီးကဲ့သို့လည်းကောင်း တောင်ထိပ်ပေါ်သို့ ကဆုန်ပေါက်တက်လာကြလေပြီ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်လူအပေါင်းတို့အား အာနုဘော်တော်နှင့်ပြည့်ဝသည့်အသံတော် ကိုကြားစေတော်မူ၍ မိမိ၏အမျက်တော် အရှိန်ကိုခံစားစေတော်မူလိမ့်မည်။ မီး တောက်မီးလျှံများ၊ မိုးထစ်ချုန်းမှု၊ မိုးသီး များကျမှုနှင့်သည်းထန်စွာမိုးရွာသွန်း မှုကိုဖြစ်ပွားစေတော်မူလိမ့်မည်။-
ထို့ကြောင့်ကောက်ရိုးနှင့်မြက်ခြောက်တို့သည် မီး လျှံတွင်တွန့်လိမ်လောင်ကျွမ်းသွားသကဲ့သို့၊ သင်တို့၏အမြစ်များသည်ဆွေးမြေ့လျက် အပွင့်များသည်လည်းခြောက်သွေ့လွင့်စင်လျက် သွားလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့ သည်ငါတို့အား ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအနန္တတန်ခိုး ရှင်ထာဝရဘုရားဟောပြောသွန်သင်တော်မူ သည့်တရားတော်ကိုပစ်ပယ်ကြသောကြောင့် ဖြစ်၏။-