Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ထွက်​မြောက် 5:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 သို့ဖြစ်၍ ထို​သူ​တို့​သည် ကောက်ရိုး​အစား ရိုးပြတ်​ကို​ရှာယူ​ရန် အီဂျစ်​ပြည်​တစ်ပြည်လုံး​သို့ ကွဲလွင့်​သွား​ကြ​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အီ​ဂျစ်​ပြည်​အ​နှံ့​အ​ပြား​သို့​သွား​ရောက်​၍ ကောက်​ရိုး​ရှာ​ရ​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို သူ တို့ သည် ကောက် ရိုး အ ဖြစ် ကောက် ငုပ် ကို ယူ ခြင်း ငှါ အိ ဂျစ် ပြည် လုံး နှံ့ တ ကွဲ တ ပြား ရှာ ရ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 သို့​ဖြစ်၍ လူ​တို့​သည် ကောက်​ရိုး​အ​တွက် အ​မှိုက်​ကို​ရှာ​ယူ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး​တွင် အ​ရပ်​ရပ်​ကွဲ​ပြား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 5:12
9 ပူးပေါင်းရင်းမြစ်များ  

တစ်စုံတစ်ဦး​သည် ထို​အုတ်မြစ်​ပေါ်တွင် ရွှေ၊ ငွေ၊ ကျောက်မျက်​ရတနာ၊ သစ်သား၊ မြက်​ခြောက်၊ ကောက်ရိုး​တို့​ဖြင့် တည်ဆောက်​လျှင်


သူ​တို့​သည် ဆူးချုံ​ကဲ့သို့ ရစ်ပတ်​ရှုပ်ထွေး​လျက်​၊ စပျစ်ဝိုင်​ကို​သောက်စား​မူးယစ်​လျက်​နေစဉ် ခြောက်သွေ့​သော​ရိုးပြတ်​ကဲ့သို့ မီး​လောင်ကျွမ်း​ခြင်း​ခံရ​လိမ့်မည်​။


ယာကုပ်​အမျိုးအနွယ်​သည် မီး​၊ ယောသပ်​အမျိုးအနွယ်​သည် မီးလျှံ​ဖြစ်​၏​။ ရိုးပြတ်​နှင့်တူသော ဧသော​အမျိုးအနွယ်​ကို သူ​တို့​သည် မီးညှိ​လိုက်​သဖြင့် ဧသော​အမျိုးအနွယ်​ကို​ဝါးမျို​လိမ့်မည်​။ ဧသော​အမျိုးအနွယ်​တွင် အသက်ရှင်​ကျန်ရစ်​သူ ရှိ​မည်​မ​ဟုတ်”​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။


သူ​တို့​သည် စစ်ရထားချီသံ​ကဲ့သို့​လည်းကောင်း​၊ ရိုးပြတ်​ကို လောင်ကျွမ်း​သော​မီးတောက်​မီးလျှံ​အသံ​ကဲ့သို့​လည်းကောင်း​၊ စစ်​တလင်းပြင်​မှ စစ်သည်​အင်အားထုကြီး​ကဲ့သို့​လည်းကောင်း တောင်​ထိပ်​ပေါ်သို့ ကဆုန်ပေါက်​တက်လာ​ကြ​လေ​ပြီ​။


ကြည့်ရှု​လော့​။ သူ​တို့​သည် ရိုးပြတ်​ကဲ့သို့​ဖြစ်​၍ မီး​လောင်ကျွမ်း​ခြင်း​ခံရ​မည်​။ မီးတောက်မီးလျှံ​မှ မိမိကိုယ်မိမိ မ​ကယ်​နိုင်​ကြ​။ အနွေးဓာတ်​ရ​ဖို့​မီးခဲ​၊ ထိုင်လှုံစရာ​မီး​အဖြစ်​ပင် ကျန်​မည်​မ​ဟုတ်​။


သူ​တို့​သည် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ပညတ်တရား​ကို​ပယ်​၍ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​မိန့်​တော်မူ​သော​စကား​ကို မထီလေးစား​ပြု​ကြ​၏​။ ထို့ကြောင့် မီးတောက်​သည် ရိုးပြတ်​ကို​လောင်မြိုက်​သကဲ့သို့​၊ မီးလျှံ​သည် မြက်ခြောက်​ကို​လောင်ကျွမ်း​သကဲ့သို့ သူ​တို့​၏​အမြစ်​သည် ဆွေးမြည့်​၍ သူ​တို့​၏​အပွင့်​သည်​လည်း မြေမှုန့်​ကဲ့သို့​လွင့်သွား​လိမ့်မည်​။


ကိုယ်တော်​ကို​ဆန့်ကျင်​သော​သူ​တို့​ကို ကြီးမား​သော​ဘုန်းတန်ခိုး​တော်​ဖြင့် မှောက်လှန်​တော်မူ​၏​။ ပြင်းထန်​သော​အမျက်​တော်​ကို​လွှတ်​တော်မူ​၍ ရိုးပြတ်​ကဲ့သို့​လောင်ကျွမ်း​စေ​တော်မူ​၏​။


သင်​တို့​ကိုယ်တိုင် ကောက်ရိုး​ကို​တွေ့​နိုင်​သည့်​နေရာ​မှ သွား​ယူ​ကြ​လော့​။ သို့သော် သင်​တို့​၏​အလုပ်​အနည်းငယ်​မျှ မ​လျော့​ရ​’​ဟူ၍ မိန့်ဆို​၏​”​ဟု ပြော​လေ​၏​။


အဓမ္မ​စေခိုင်း​သူ​များ​က​လည်း “​သင်​တို့​၏​အလုပ်​ကို ကောက်ရိုး​ရရှိ​စဉ်က​အတိုင်း တစ်နေ့​အလုပ်​ကို တစ်နေ့​အတွင်း ပြီးစီး​စေ​ကြ​လော့​”​ဟု ဖိအား​ပေး​ပြောဆို​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ