ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ယောလ 2:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုကာလတွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့ပင်လျှင် ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ Common Language Bible ထိုကာလ၌ငါသည်မိမိ၏ဝိညာဉ်တော်ကို ယောကျာ်းအစေခံများနှင့်၊မိန်းမအစေခံများ အပေါ်သို့ပင်သက်ရောက်စေတော်မူမည်။ Garrad Bible ၎င်း ပြင်၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ တို့ အ ပေါ် သို့၊ ထို နေ့ ရက် ကာ လ၌၊ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း မည်။ Judson Bible ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ |
ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး၍ ငါ၏တရားလမ်းများသို့ လိုက်လျှောက်စေမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို လိုက်နာစောင့်ထိန်းစေမည်။
ငါ့ဝိညာဉ်ကို သင်တို့အထဲသို့ သွင်းပေးမည်ဖြစ်၍ သင်တို့သည် အသက်ရှင်လိမ့်မည်။ သင်တို့ကို သင်တို့၏နေရင်းပြည်၌ နေရာချထားမည်။ ထိုအခါ ငါထာဝရဘုရားသည် ပြောလျှင်ပြောသည့်အတိုင်း ပြုတတ်သည်ကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ပရောဖက်ပြုဟောပြောလော့”ဟု မိန့်ဆို၏။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။
သင်တို့အားလုံးသည် ခရစ်တော်ယေရှု၌ တစ်လုံးတစ်ဝတည်းဖြစ်ကြသောကြောင့် ဂျူးလူမျိုးနှင့်ဂရိလူမျိုးဟူ၍မရှိ။ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ယောက်ျားနှင့်မိန်းမဟူ၍လည်းမရှိ။
ထိုသို့ဖန်ဆင်းပြုပြင်ရာ၌ ဂရိလူမျိုးနှင့်ဂျူးလူမျိုး၊ အရေဖျားလှီးထားသောသူနှင့်မလှီးထားသောသူ၊ သကုသိလူနှင့်လူရိုင်း၊ ကျွန်နှင့်လွတ်လပ်သူဟူ၍မရှိ။ ခရစ်တော်သည် အလုံးစုံဖြစ်ပြီး အလုံးစုံတို့၌ရှိတော်မူ၏။