ယောလ 2:29 - Common Language Bible29 ထိုကာလ၌ငါသည်မိမိ၏ဝိညာဉ်တော်ကို ယောကျာ်းအစေခံများနှင့်၊မိန်းမအစေခံများ အပေါ်သို့ပင်သက်ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။Garrad Bible29 ၎င်း ပြင်၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ တို့ အ ပေါ် သို့၊ ထို နေ့ ရက် ကာ လ၌၊ ဝိ ညာဉ် တော် ကို ငါ သွန်း လောင်း မည်။ အခန်းကိုကြည့်ပါ။Judson Bible29 ငါ၏အမှုကိုဆောင်ရွက်သော ယောက်ျားမိန်းမတို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 ထိုကာလတွင် ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့အပေါ်သို့ပင်လျှင် ငါ၏ဝိညာဉ်တော်ကို သွန်းလောင်းမည်။ အခန်းကိုကြည့်ပါ။ |
ငါသည်ငါ၏ဝိညာဉ်တော်ကိုသူတို့အား ပေးသွင်း၍ သူတို့အားအသက်ပြန်၍ရှင် လာစေပြီးလျှင် မိမိတို့ကိုယ်ပိုင်ပြည်တွင် နေထိုင်စေမည်။ ထိုအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိရှိ ကြလိမ့်မည်။ ငါသည်ဤအမှုကိုပြု မည်ဟုကတိထားတော်မူပြီ။ ဤကား ငါထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
``ငါသည်ဒါဝိဒ်၏သားစဉ်မြေးဆက်များ နှင့် အခြားယေရုရှလင်မြို့သူမြို့သား တို့အားကရုဏာထားတတ်သောသဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောသဘော နှင့်ပြည့်ဝစေမည်။ သူတို့သည်မိမိတို့ဋ္ဌား နှင့်ထိုး၍သတ်ခဲ့သူကိုကြည့်ပြီးလျှင် တစ် ဦးတည်းသောသား၏အတွက်ငိုကြွေးမြည် တမ်းဘိသကဲ့သို့ ထိုသူ၏အတွက်ငိုကြွေး မြည်တမ်းကြလိမ့်မည်။ သူတို့သည်သားဦး သေဆုံးရသူများကဲ့သို့ဝမ်းနည်းပက် လက်ငိုကြွေးမြည်တမ်းကြလိမ့်မည်။-