ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
ယောလ 2:21 - မြန်မာ့စံမီသမ္မာကျမ်း အို ပြည်တော်၊ မကြောက်ရွံ့နှင့်။ ဝမ်းမြောက်ရွှင်လန်းလော့။ ထာဝရဘုရားသည် ကြီးမြတ်သောအမှုကို ပြုတော်မူလေပြီ။ Common Language Bible ``အို လယ်ပြင်တို့မစိုးရိမ်ကြနှင့်။ သင်တို့အဖို့ထာဝရဘုရားပြုတော်မူသော အမှုများအတွက်၊ ရွှင်လန်း ဝမ်းမြောက်ကြလော့။ Garrad Bible အို ပြည် တော်၊ မ ကြောက် ရွံ့ လင့်။ ငါ ထာ ဝ ရ ဘု ရား သည် အား ကြီး စွာ စီ ရင် မည် ကို ထောက်၍၊ အား ရ ရွှင် လန်း လော့။ Judson Bible အို ပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် အထက်ကောင်းကင်တိုင်အောင်ရောက်ပါ၏။ ကြီးမြတ်သောအမှုတို့ကိုပြုတော်မူသော ဘုရားသခင်၊ မည်သူသည် ကိုယ်တော်နှင့်တူပါသနည်း။
မြစ်တို့သည် လက်ခုပ်တီးကြပါစေ။ တောင်များသည် ထာဝရဘုရားရှေ့တော်၌ အတူတကွရွှင်လန်းစွာသီချင်းဆိုကြပါစေ။
တောကန္တာရနှင့်ခြောက်သွေ့သောအရပ်သည် ရွှင်မြူးကြလိမ့်မည်။ သဲကန္တာရသည် ရွှင်လန်း၍ နှင်းဆီပန်းကဲ့သို့ ဖူးပွင့်လိမ့်မည်။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။
သင်မကြောက်နှင့်၊ အရှက်ကွဲရမည်မဟုတ်။ သင်မရှက်နှင့်၊ မျက်နှာပျက်ရမည်မဟုတ်။ အကယ်စင်စစ် ငယ်ရွယ်စဉ်ကအရှက်ကွဲခဲ့ရသည်ကို သင်မေ့လျော့သွားမည်။ မုဆိုးမဘဝကကဲ့ရဲ့ခံခဲ့ရသည်ကို သင်သတိရတော့မည်မဟုတ်။
သင်တို့သည် ဝမ်းမြောက်စွာထွက်ခွာလာ၍ ငြိမ်းချမ်းစွာပို့ဆောင်ခြင်းခံရမည်။ တောင်ကြီး၊ တောင်ငယ်တို့သည် သင်တို့ရှေ့၌ ဝမ်းမြောက်စွာသီချင်းဟစ်ကြော်သီဆိုကြလိမ့်မည်။ တော၌ရှိသောအပင်အားလုံးတို့သည် လက်ခုပ်တီးကြလိမ့်မည်။
‘ငါ့ကိုခေါ်လော့။ ငါထူးမည်။ သင်မသိ နားမလည်နိုင်သော ကြီးမြတ်သောအရာ၊ ကွယ်ဝှက်ထားသောအရာတို့ကို သင့်အားပြောပြမည်’ဟု မိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက “ထိုနေ့ရက်တွင် ငါထူးတော်မူမည်။ ငါသည် မိုးကောင်းကင်ကို ထူးတော်မူမည်။ မိုးကောင်းကင်လည်း မြေကြီးကို ထူးလိမ့်မည်။
မြောက်ပိုင်းရန်သူကို သင်တို့နှင့်ဝေးစေမည်။ သူ့ကို လူသူကင်းမဲ့၍ တိတ်ဆိတ်သောပြည်သို့ နှင်ထုတ်မည်။ သူ၏တပ်ဦးစစ်သည်ကို အရှေ့ပင်လယ်ထဲသို့လည်းကောင်း၊ သူ၏နောက်ရံစစ်သည်ကို အနောက်ပင်လယ်ထဲသို့လည်းကောင်း နှင်ထုတ်မည်။ သူ့ထံမှအပုပ်နံ့၊ အသိုးနံ့တို့ ထွက်လိမ့်မည်။ အကြောင်းမူကား သူသည် အမှုကြီးကို ပြုလေပြီ”ဟု ပြန်လည်မိန့်ဆိုတော်မူမည်။
သင်တို့သည် ဝလင်စွာစားရသဖြင့် သင်တို့အဖို့ အံ့ဖွယ်သောအမှုပြုတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို သင်တို့ချီးမွမ်းကြလိမ့်မည်။ ငါ၏လူမျိုးတော်သည် ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ယခုကာလတွင်လည်း ယုဒအမျိုးအနွယ် ဂျေရုဆလင်မြို့သားတို့ ကောင်းစားဖို့ ငါပြုမည်ဟု စိတ်ပိုင်းဖြတ်ထားပြီ။ ထို့ကြောင့် မကြောက်ကြနှင့်။
သင်တို့မမွေးမီ ရှေးကာလကအကြောင်းကို မေးမြန်းလော့။ မြေကြီးပေါ်၌ လူကိုဘုရားသခင်ဖန်ဆင်းသောနေ့မှစ၍ မိုးကောင်းကင်၏အစွန်းတစ်ဖက်မှ မိုးကောင်းကင်၏အခြားအစွန်းတစ်ဖက်တိုင်အောင် ဤကြီးမားသောအမှုမျိုး ဖြစ်ဖူးသလော။ ဤအမှုမျိုး ကြားဖူးသလော။
ယခု ရပ်နေကြလော့။ သင်တို့ရှေ့၌ ထာဝရဘုရားပြုတော်မူမည့်အမှုကြီးကို ကြည့်ကြလော့။
ထာဝရဘုရားသည် သင်တို့အဖို့ မည်မျှကြီးမားသောအမှုပြုတော်မူသည်ကို ဆင်ခြင်၍ ထာဝရဘုရားကို ကြောက်ရွံ့ရိုသေကြလော့။ သစ္စာရှိလျက် ကိုယ်တော့်ကို စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုကြလော့။