သူတို့၏စပျစ်ပင်များနှင့်သဖန်းပင်များကိုလည်း ဖျက်ဆီး၍ သူတို့ပြည်ရှိ သစ်ပင်များကိုချိုးတော်မူ၏။
ယောလ 1:7 - မြန်မာ့စံမီသမ္မာကျမ်း ငါ့စပျစ်ပင်ကို ချိုးဖဲ့ပြီး ငါ့သဖန်းပင်တို့ကို ဖျက်ဆီးပစ်လေပြီ။ ပြောင်တလင်းခါအောင်ခွာပြီး လွှင့်ပစ်လေပြီ။ အခက်များလည်း ဖြူခါပြာခါကျလေပြီ။ Common Language Bible သူတို့သည်ငါတို့၏စပျစ်နွယ်များကိုဖျက်ဆီးကာ၊ ငါတို့သဖန်းပင်များကိုကိုက်ဖြတ်ပစ်ကြ၏။ သူတို့သည်၊အကိုင်းအခက်များဖြူသွားသည်တိုင်အောင်၊ သစ်ခေါက်များကိုအကုန်အစင်သုတ်သင်ပယ်ရှင်းကြလေပြီ။ Garrad Bible စ ပျစ် ခြံ ကို မြေ ပြင်၊ သ ဖန်း ခြံ ကို သစ် ခွ ဖြစ် စေ လျက်၊ အ ကိုင်း အ ခက် ဖြူ သည့် တိုင် အောင်၊ အ ခေါက် ကို ကိုက် စား ပစ် ချ ကြ လေ ပြီ။ Judson Bible ငါ့စပျစ်နွယ်ပင်ကို ဖျက်ဆီး၍ ငါ့သင်္ဘောသဖန်းပင်ကို ကျိုးပဲ့စေပြီ။ သုတ်သင်ပယ်ရှင်း၍ ပစ်လိုက်လေပြီ။ အခက်အလက်တို့သည် ဖြူကြ၏။ |
သူတို့၏စပျစ်ပင်များနှင့်သဖန်းပင်များကိုလည်း ဖျက်ဆီး၍ သူတို့ပြည်ရှိ သစ်ပင်များကိုချိုးတော်မူ၏။
အလွန်များပြားသောကျိုင်းကောင်များသည် အီဂျစ်ပြည်တစ်ပြည်လုံးပေါ်သို့ တက်လာ၍ အီဂျစ်ပြည်တစ်လျှောက်လုံးတွင် နားနေကြ၏။ ထိုကဲ့သို့သောကျိုင်းကောင်များသည် ယခင်ကလည်းမရှိစဖူး၊ နောင်တွင်လည်း ရှိလိမ့်မည်မဟုတ်။
ကျိုင်းကောင်တို့သည် မြေမျက်နှာတစ်ပြင်လုံးကိုဖုံးလွှမ်းသဖြင့် မြေပြင်သည်မည်းနက်လေ၏။ မိုးသီးဘေးပြီးနောက် ကျန်ရစ်သောကောက်ပင်အားလုံးနှင့် ထိုပြည်ရှိသစ်သီးဝလံအားလုံးတို့ကိုစားကြသဖြင့် အီဂျစ်ပြည်တစ်ပြည်လုံးတွင် အပင်မှအရွက်စိမ်းတစ်ရွက်မျှ၊ လယ်ထဲရှိကောက်ပင်တစ်ပင်မျှ မကြွင်းကျန်ပေ။
စပျစ်ဝိုင်အသစ်သည် ငိုကြွေးမြည်တမ်းရပြီ။ စပျစ်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွားပြီ။ စိတ်နှလုံးဝမ်းမြောက်ခဲ့သောသူအပေါင်းတို့သည်လည်း ညည်းတွားကြရလေပြီ။
ရှင်းလင်းပြုစုခြင်း၊ တူးဆွပေါင်းသင်ခြင်းမခံရဘဲ ချုံပင်၊ ဆူးပင်များပေါက်ရောက်ရာ ဖုန်းဆိုးမြေဖြစ်မည်။ ထိုခြံအပေါ် မိုးမရွာသွန်းစေရန် တိမ်တိုက်တို့ကို ငါမိန့်မှာမည်။
ထာဝရဘုရားက “ငါသည် သူတို့ကို အကုန်အစင်ဖျက်ဆီးမည်။ စပျစ်ပင်၌ စပျစ်သီးမကျန်။ သဖန်းပင်၌ သဖန်းသီးမကျန်။ အရွက်လည်း ညှိုးနွမ်းသွားလိမ့်မည်။ သူတို့အား ငါပေးသောအရာများကို သူတို့လက်လွတ်ဆုံးရှုံးရလိမ့်မည်”ဟု မိန့်တော်မူ၏။
‘ငါ့ချစ်သူတို့က ငါ့ကိုလက်ဆောင်ပေးသည်’ဟုဆိုသည့် သူ၏စပျစ်ပင်၊ သဖန်းပင်တို့ကိုလည်း ငါဖျက်ဆီး၍ တောအုပ်ဖြစ်စေကာ တောရိုင်းတိရစ္ဆာန်တို့ ကျက်စားရာဖြစ်စေမည်။
စပျစ်ပင်ခြောက်သွေ့ပြီ။ သဖန်းပင် ညှိုးနွမ်းပြီ။ သလဲပင်၊ စွန်ပလွံပင်၊ ပန်းသီးပင်အစရှိသောကွင်းပြင်ရှိ အပင်အားလုံးတို့သည်လည်း ခြောက်သွေ့လေပြီ။ စင်စစ် လူသားတို့အဖို့ ပျော်ရွှင်ခြင်းသည် ပျောက်လွင့်သွားလေပြီ။
“လောင်မီးပိုးကျပြီး မှိုရောဂါစွဲခြင်းဖြင့် သင်တို့ကို ငါဒဏ်ခတ်ပြီ။ များပြားလှသော သင်တို့ ဥယျာဉ်များ၊ စပျစ်ပင်များ၊ သဖန်းပင်များ၊ သံလွင်ပင်များကိုလည်း ဂါဇံကျိုင်းတို့ ဝါးမျိုလေပြီ။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သဖန်းပင် မပွင့်၊ စပျစ်ပင် မသီး၊ သံလွင်ပင်လည်း မဖြစ်ထွန်း၊ လယ်ယာသီးနှံလည်း မထွက်၊ သိုးခြံမှ သိုးပြတ်၍ တင်းကုပ်များ၌ နွားတစ်ကောင်မျှမရှိသော်လည်း
“လောင်မီးပိုးကို ငါတားဆီးမည်။ သင်တို့မြေမှအသီးအနှံကို မဖျက်ဆီးစေရ။ သင်တို့မြေမှစပျစ်ပင်သည် အသီးမသီးဘဲမနေရ”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။