ယောလ 1:6 - မြန်မာ့စံမီသမ္မာကျမ်း6 အင်အားကြီးပြီး မရေမတွက်နိုင်သည့် လူမျိုးတစ်မျိုးသည် ငါ့ပြည်သို့ စစ်ချီလာပြီ။ ထိုလူမျိုး၏သွားသည် ခြင်္သေ့ပျို၏သွားနှင့်တူ၏။ အစွယ်သည်လည်း ခြင်္သေ့မ၏အစွယ်နှင့်တူ၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ကျိုင်းကောင်အုပ်ကြီးသည်ငါတို့ပြည်ကိုတိုက်ခိုက်လှလေပြီ။ သူတို့သည်အားအင်ကြီး၍မရေမတွက်နိုင်အောင်များပြားကြ၏။ သူတို့၏သွားများသည်ခြင်္သေ့သွားကဲ့သို့ထက်မြက်၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ခွန် အား ကြီး လျက် ရေ တွက်၍ မ ရ၊ ခြင်္သေ့ ကဲ့ သို့ သွား၊ သီ ဟ ကဲ့ သို့ အ စွယ် နှင့် ပြည့် စုံ သော အ လုံး အ ရင်း သည်၊ ငါ့ ပြည် ပေါ် သို့ တက် ချီ၍၊ အခန်းကိုကြည့်ပါ။Judson Bible6 အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော အမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ။ ထိုအမျိုး၏ သွားသည် ခြင်္သေ့သွားကဲ့သို့လည်းကောင်း၊ အံသွားသည်လည်း ခြင်္သေ့မ အံသွားကဲ့သို့လည်းကောင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |