အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယော​ရှု 9:20 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ရ​မည်​။ သို့မဟုတ်လျှင် သူ​တို့​နှင့်​ကျိန်ဆို​ထား​သောကြောင့် အမျက်​တော်​သည် ငါ​တို့​အပေါ် ကျရောက်​လာ​မည်​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​ပြု​ထား​သော​ကတိ​သစ္စာ​ကြောင့်​သူ တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး​ရ​မည်။ ငါ တို့​ကတိ​မ​တည်​လျှင်​ဘု​ရား​သ​ခင်​သည် ငါ​တို့​အား​ဒဏ်​ခတ်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထား ခဲ့ သော သ စ္စာ အ တွက်၊ ငါ တို့ အ ပေါ် တွင် အ မျက် တော် သင့် မည် ကို စိုး ရိမ်၍၊ အ သက် ချမ်း သာ ပေး ကြ ကုန် အံ့ ဟု လူ ပ ရိ သတ် တို့ အား ပြန် ဆို ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​တို့​အား ကျိန်​ဆို​မိ​သော​ကြောင့် အ​ပြစ်​ဒဏ်​ရောက်​မည်​ကို စိုး​ရိမ်၍၊ အ​သက်​ချမ်း​သာ​ပေး​သ​ဖြင့် အ​ဘယ်​သို့ ပြု​ရ​မည်​နည်း​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။



ယော​ရှု 9:20
10 ပူးပေါင်းရင်းမြစ်များ  

သူ့​အား ဘုရားသခင်​ထံ​တိုင်တည်ကျိန်ဆို​စေ​ခဲ့​သော​နေဗုခဒ်နေဇာ​မင်းကြီး​ကို​လည်း ပုန်ကန်​၏​။ သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လှည့်​၊ ခေါင်းမာ​လျက်​၊ စိတ်နှလုံး​မာကျော​လျက်​သာ နေ​၏​။


တစ်စုံတစ်ခု​ကို သန့်ရှင်းသောအရာ​အဖြစ် အလျင်စလို​ဆက်ကပ်​၍ ကတိသစ္စာ​ပေး​ပြီးမှ ထောက်ရှုဆင်ခြင်​ခြင်း​သည် လူ​တစ်ဦး​အတွက် ထောင်ချောက်​ဖြစ်​၏​။


“​သင်​တို့​ကို တရားစီရင်​ရန် သင်​တို့​ထံသို့ ငါ​ကြွလာ​မည်​။ ငါ​သည် မှော်ဆရာ​များ​၊ အိမ်ထောင်ရေးဖောက်ပြန်​သော​သူ​များ​၊ မဟုတ်မမှန်​ကျိန်ဆို​သော​သူ​များ​၊ သူရင်းငှား​၏​လုပ်အားခ​ကို မပေး​သော​သူ​များ​၊ မုဆိုးမ​နှင့် ဖတဆိုး​တို့​ကို နှိပ်စက်​သော​သူ​များ​၊ တိုင်းတစ်ပါးသား​တို့​ကို လျစ်လျူရှု​၍ ငါ့​ကို​မ​ကြောက်ရွံ့​သော​သူ​များ​ကို​ဆန့်ကျင်​လျက် အလျင်အမြန်​သက်သေ​ထွက်ဆို​မည်​”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


အသိတရား​ကင်းမဲ့​သော​သူ၊ ကတိ​မ​တည်​သော​သူ၊ ကြင်နာစိတ်​ကင်းမဲ့​သော​သူ၊ သနား​ခြင်း​စိတ်​မ​ရှိ​သော​သူ​များ​ဖြစ်​ကြ​၏။


တရားနှင့်မညီ​မေထုန်ပြု​သူ​များ၊ လိင်တူ​ဆက်ဆံ​သူ​များ၊ လူ​ကုန်ကူး​သူ​များ၊ လိမ်လည်​သော​သူ​များ၊ မမှန်မကန်​သက်သေ​ထွက်ဆို​သော​သူ​များ​နှင့် မှန်ကန်​ပြည့်စုံ​သော​ဩဝါဒ​ကို​ဆန့်ကျင်​သည့် အခြား​အရာ​အားလုံး​တို့​အတွက်​ရှိ​ကြောင်း​ကို ငါ​တို့​သိ​ကြ​၏။


ခေါင်းဆောင်​အပေါင်း​တို့​က​လည်း လူထု​တစ်ရပ်လုံး​အား “​ငါ​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​တိုင်တည်​၍ သူ​တို့​နှင့်​ကျိန်ဆို​ထား​သောကြောင့် သူ​တို့​ကို ထိပါး​၍​မ​ရ​။


“​ခေါင်းဆောင်​တို့ ပြော​ထား​သည့်​အတိုင်း သူ​တို့​ကို အသက်ချမ်းသာ​ခွင့်​ပေး​ပြီး လူထု​တစ်ရပ်လုံး​အတွက် ထင်း​ခွေ​၊ ရေ​ခပ်​ပေး​ရ​သော​အလုပ်​ကို လုပ်​စေ​”​ဟု ခေါင်းဆောင်​တို့​က သူ​တို့​အား ဆို​၏​။