သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။
ယောရှု 9:18 - မြန်မာ့စံမီသမ္မာကျမ်း လူထုခေါင်းဆောင်တို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားနှင့် ကျိန်ဆိုထားပြီဖြစ်၍ အစ္စရေးအမျိုးသားတို့က သူတို့ကို မတိုက်ခိုက်ဘဲနေ၏။ သို့သော် အစ္စရေးလူထုတစ်ရပ်လုံးက ခေါင်းဆောင်တို့ကို အပြစ်တင်ကြ၏။ Common Language Bible သို့ရာတွင်ဣသရေလအမျိုးသားအကြီး အကဲတို့သည် ဘုရားသခင်ထာဝရဘုရား ကိုတိုင်တည်၍ကတိသစ္စာပြုခဲ့ကြသဖြင့် သူတို့ကိုမသတ်ဖြတ်မသုတ်သင်နိုင်ကြ ချေ။ ထိုကြောင့်ဣသရေလအမျိုးသားတို့ သည် အကြီးအကဲတို့အားအပြစ်တင် ကြ၏။- Garrad Bible ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား တိုင် တည် လျက် ပ ရိ သတ် အ ကြီး အ ကဲ တို့ သ စ္စာ ဆို မိ သည် ကို ထောက်၍၊ မ ကွပ် မျက် ကြ ချေ။ အ ကြီး အ ကဲ တို့ အား လူ ပ ရိ သတ် တို့ ညည်း ညူး ကြ သော အ ခါ၊ Judson Bible ပရိသတ်အကဲအမှူးတို့သည် ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုသောကြောင့်၊ ဣသရေလအမျိုးသားတို့သည် သူတို့ကို မလုပ်ကြံကြ။ ပရိသတ်အပေါင်းတို့သည် အကဲအမှူးတို့ကို အပြစ်တင်ကြ၏။ |
သို့သော် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမင်းကြီး၏သားယောနသန်တို့ကြား၌ ထာဝရဘုရားကိုတိုင်တည်၍ ပြုထားသောကတိသစ္စာကြောင့် ရှင်ဘုရင်သည် ရှောလု၏မြေး၊ ယောနသန်၏သား မေဖိဗောရှက်ကို ချမ်းသာပေး၏။
ဆိုးယုတ်သောသူကို အယုတ်ဟုမြင်သောသူ၊ ထာဝရဘုရားကိုကြောက်ရွံ့သောသူအား ရိုသေလေးမြတ်သောသူ၊ မိမိအကျိုးထိခိုက်လျှင်ပင် ကျိန်ဆိုထားသောကတိကိုမဖျက်သောသူ၊
ဘုရားသခင်၏ရှေ့တော်၌နှုတ်မြွက်ရန် သင်၏နှုတ်ကိုမလောစေနှင့်။ သင်၏စိတ်ကိုလည်း မမြန်စေနှင့်။ အကြောင်းမူကား ဘုရားသခင်သည် ကောင်းကင်ဘုံ၌ရှိတော်မူပြီး သင်သည် မြေကြီးပေါ်၌ရှိ၏။ ထို့ကြောင့် သင်၏စကားကို နည်းစေလော့။
သင်၏နှုတ်ကြောင့် သင့်အပေါ်၌ အပြစ်မရောက်စေနှင့်။ စေတမန်ရှေ့၌ “ထိုကတိသစ္စာကို မတော်တဆပြုမိပါသည်”ဟု ပြောရသောအကြောင်းမရှိစေနှင့်။ အဘယ်ကြောင့် သင်၏စကားအားဖြင့် ဘုရားသခင်ကို အမျက်ထွက်စေ၍ သင်၏လက်ဖြင့်ပြုသောအမှုကို ဖျက်ဆီးစေမည်နည်း။
ဖြောင့်မတ်သောသူနှင့် ဆိုးယုတ်သောသူဖြစ်စေ၊ ကောင်းသောသူနှင့် မကောင်းသောသူဖြစ်စေ၊ စင်ကြယ်သောသူနှင့် မစင်ကြယ်သောသူဖြစ်စေ၊ ယဇ်ပူဇော်သောသူနှင့် ယဇ်မပူဇော်သောသူဖြစ်စေ၊ သူတော်ကောင်းနှင့် အပြစ်ပြုသောသူဖြစ်စေ၊ ကျိန်ဆိုသောသူနှင့် ကျိန်ဆိုခြင်းကိုကြောက်သောသူဖြစ်စေ အားလုံးသည် အားလုံးနည်းတူ တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရ၏။
မိန်းမတစ်ယောက်သည် ငယ်ရွယ်စဉ် မိမိဖခင်အိမ်၌ ထာဝရဘုရားအား ကတိသစ္စာပြုလျှင်ဖြစ်စေ၊ ကတိစကားဖြင့်မိမိကိုယ်မိမိ ချည်နှောင်ထားလျှင်ဖြစ်စေ
သင်၏ဘုရားသခင်ထာဝရဘုရားအား သင့်ဆန္ဒရှိ၍ သင့်နှုတ်ဖြင့်ကတိသစ္စာပြုခဲ့သည့်အတိုင်း ထိုနှုတ်ထွက်ကတိသစ္စာကို ကြိုးစားလုပ်ဆောင်ရမည်။
သင်သည် မိမိအိမ်နီးချင်း၏စပျစ်ခြံထဲသို့ဝင်သောအခါ စပျစ်သီးကို သင်စားလိုသမျှ အဝစားခွင့်ရှိ၏။ သို့သော် သင့်အိတ်ထဲ ထည့်ယူမသွားရ။
အစ္စရေးအမျိုးသားတို့ ခရီးပြုကြရာ သုံးရက်မြောက်သောနေ့၌ ထိုသူတို့နေထိုင်ရာ ဂိဗောင်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့သို့ ရောက်လာကြ၏။
ခေါင်းဆောင်အပေါင်းတို့ကလည်း လူထုတစ်ရပ်လုံးအား “ငါတို့သည် အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားကိုတိုင်တည်၍ သူတို့နှင့်ကျိန်ဆိုထားသောကြောင့် သူတို့ကို ထိပါး၍မရ။