Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တော​လည် 30:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 မိန်းမ​တစ်​ယောက်​သည် ငယ်ရွယ်​စဉ် မိမိ​ဖခင်​အိမ်​၌ ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ထား​လျှင်​ဖြစ်စေ

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 အ​ဖ​၏​အုပ်​ထိန်း​မှု​အောက်​တွင်​ရှိ​နေ​သေး သော​မိန်း​မ​ပျို​တစ်​ဦး​သည် ထာ​ဝ​ရ​ဘု​ရား အား​တစ်​စုံ​တစ်​ခု​ကို​ဆက်​သ​ရန်​က​တိ​ပြု လျှင်​သော်​လည်း​ကောင်း၊ တစ်​စုံ​တစ်​ရာ​ကို ရှောင်​ကြဉ်​ရန်​သစ္စာ​ဆို​လျှင်​သော်​လည်း ကောင်း၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 အ ဘ အုပ် ထိန်း သော ပျို ရွယ် သူ မိန်း မ လည်း ထာ ဝ ရ ဘု ရား အ ဖို့ သ စ္စာ ဝတ် ထား ခြင်း၊ ကိုယ် ကို ချုပ် တည်း ရန် ဝန် ခံ ခြင်း ပြု သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 မိန်း​မ​သည် အ​ဘ​အိမ်၌​အ​သက်​ငယ်​စဉ်​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ပြု​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 30:3
10 ပူးပေါင်းရင်းမြစ်များ  

သူ့​အား ဘုရားသခင်​ထံ​တိုင်တည်ကျိန်ဆို​စေ​ခဲ့​သော​နေဗုခဒ်နေဇာ​မင်းကြီး​ကို​လည်း ပုန်ကန်​၏​။ သူ​သည် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​ထံ ပြန်​မ​လှည့်​၊ ခေါင်းမာ​လျက်​၊ စိတ်နှလုံး​မာကျော​လျက်​သာ နေ​၏​။


ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ဘုရားသခင်​အား​ပူဇော်​လော့​။ အမြင့်ဆုံး​သော​အရှင်​ထံ သင်​ပြု​ထား​သော​ကတိသစ္စာ​များ​ကို ပြည့်စုံ​စေ​လော့​။


“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ သင်​တန်ဖိုး​ဖြတ်​သည့်​အတိုင်း တစ်စုံတစ်ယောက်​သည် လူ​ကို ထာဝရဘုရား​ထံ ဆက်ကပ်​ပေးလှူ​ရန် ကတိသစ္စာ​ပြု​သောအခါ


ယောက်ျား​တစ်​ယောက်​သည် ထာဝရဘုရား​အား ကတိသစ္စာ​ပြု​လျှင်​ဖြစ်စေ​၊ ကျိန်ဆို​ခြင်း​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ထား​လျှင်​ဖြစ်စေ သူ​သည် မိမိ​စကား​ကို​မ​ဖျက်​ရ​။ မိမိ​နှုတ်​ထွက်​သမျှ​အတိုင်း ပြု​ရ​မည်​။


ထို​ကတိသစ္စာ​ပြု​ခြင်း​၊ ကတိစကား​ဖြင့်​မိမိကိုယ်မိမိ ချည်နှောင်​ခြင်း​ကို သူ​၏​ဖခင်​ကြား​သော်လည်း ဘာမျှ​မ​ပြော​ဘဲ​နေ​လျှင် သူ​၏​ကတိသစ္စာ​အားလုံး​၊ မိမိကိုယ်မိမိ ချည်နှောင်​သော​ကတိစကား​အားလုံး တည်​လိမ့်မည်​။


“​အစ္စရေး​အမျိုးသား​တို့​ကို ဆင့်ဆို​လော့​။ ယောက်ျား​ဖြစ်စေ​၊ မိန်းမ​ဖြစ်စေ နာဇရိလူ​အဖြစ် ထာဝရဘုရား​အတွက် မိမိကိုယ်မိမိ သီးခြား​ထား​ရန် ကတိသစ္စာ​ပြု​လို​လျှင်


မိန်းမ​တို့​သည် အသင်းတော်​တွင် တိတ်ဆိတ်​စွာ​နေ​ကြ​ရ​မည်။ အကြောင်းမူကား သူ​တို့​၌ ဟောပြော​ရ​သော​အခွင့်​မ​ရှိ။ ပညတ်​တရား​၌​လည်း​ဆို​ထား​သည့်​အတိုင်း သူ​တို့​သည် နာခံ​မှု​ရှိ​ကြ​ရ​မည်။


လူထု​ခေါင်းဆောင်​တို့​သည် အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​နှင့် ကျိန်ဆို​ထား​ပြီ​ဖြစ်၍ အစ္စရေး​အမျိုးသား​တို့​က သူ​တို့​ကို မ​တိုက်ခိုက်​ဘဲ​နေ​၏​။ သို့သော် အစ္စရေး​လူထု​တစ်ရပ်လုံး​က ခေါင်းဆောင်​တို့​ကို အပြစ်တင်​ကြ​၏​။


ယေဖသ​သည် သမီး​ကို​မြင်​သောအခါ မိမိ​အဝတ်​ကို​ဆုတ်​ပြီး “​အို ငါ့​သမီး​၊ ငါ့​ကို အလွန်​စိတ်ဆင်းရဲ​စေ​ပြီ​တကား​။ အလွန်​ဒုက္ခရောက်​စေ​ပြီ​တကား​။ ငါ​သည် ထာဝရဘုရား​ကို ကတိသစ္စာ​ပြု​ပြီးမှ ချိုးဖောက်​၍​မ​ရ​တော့​ပြီ​”​ဟု ဆို​လေ​၏​။


“​ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ ကိုယ်တော့်​ကျွန်မ ခံရ​သော​ဆင်းရဲဒုက္ခ​ကို အကယ်စင်စစ် ကြည့်​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​ကို မ​မေ့လျော့​ဘဲ အောက်မေ့​တော်မူ​ပါ​။ ကိုယ်တော့်​ကျွန်မ​အား သား​ယောက်ျား​ကို​ပေးသနား​တော်မူ​ပါ​။ သို့ပြုလျှင် အကျွန်ုပ်​သည် သူ့​ဘဝ​တစ်ခုလုံး​ကို ထာဝရဘုရား​ထံ ဆက်ကပ်​အပ်နှံ​ပါ​မည်​။ သူ့​ဆံပင်​ကို​လည်း မ​ရိတ်​ပါ​”​ဟု ကတိသစ္စာ​ပြု​ဆုတောင်း​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ