“ယဇ်ပလ္လင်ကို သံလက်နက်ကိရိယာ မသုံးဘဲ သဘာဝကျောက်တုံးများဖြင့်သာ တည်ရမည်”ဟု ထာဝရဘုရား၏အစေအပါးမောရှေက အစ္စရေးအမျိုးသားတို့အား မှာကြားခဲ့သည်နှင့်အညီ မောရှေ၏ပညတ်တရားကျမ်း၌ရေးသားထားသည့်အတိုင်း တည်၏။ ထို့နောက် ထိုယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအား မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
ထာဝရဘုရား၏အစေခံမောရှေ၏ပညတ် တရားတွင်``သံလက်နက်ကိရိယာဖြင့်မဆစ် သောကျောက်များဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်'' ဟူ၍ညွှန်ကြားသည့်အတိုင်းထိုယဇ်ပလ္လင်ကို တည်လေသည်။ သူတို့သည်မီးရှို့သောယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအားပူဇော်ကြသည်။-
ထာဝရဘုရား၏ကျွန်မောရှေသည်၊ ဣသရေလအမျိုးသားတို့ကို မှာထား၍ မောရှေ၏ပညတ္တိကျမ်း၌ ရေးမှတ်လျက်ရှိသည်အတိုင်း၊ သံတန်ဆာမပါမသုံးဘဲ မကွဲမပြတ်သောကျောက်တို့ဖြင့် ယဇ်ပလ္လင်ကိုတည်၍၊ ထာဝရဘုရားအဖို့ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ပူဇော်ကြ၏။
သို့သော် သူသည် “သားသမီးကြောင့် ဖခင်ကို မသတ်ရ။ ဖခင်ကြောင့် သားသမီးကို မသတ်ရ။ လူတိုင်း ကိုယ့်အပြစ်နှင့်ကိုယ်သာ အသတ်ခံရမည်”ဟု မောရှေပညတ္တိကျမ်းတွင်ရေးသားထားသော ထာဝရဘုရား၏ပညတ်ချက်အတိုင်း ခမည်းတော်အားလုပ်ကြံသောသူတို့၏သားသမီးများကိုမူ မကွပ်မျက်ခဲ့ပေ။
ယဇ်ပုရောဟိတ်မင်းဟိလခိသည် စာရေးတော်ကြီးရှာဖန်အား “ထာဝရဘုရား၏အိမ်တော်တွင် ဤပညတ်တရားကျမ်းကို ရှာတွေ့ပြီ”ဟုဆိုလျက် ဟိလခိသည် ထိုကျမ်းစာလိပ်ကိုရှာဖန်အား ပေးအပ်သဖြင့် ရှာဖန်လည်း ဖတ်ကြည့်လေ၏။
သို့သော် သူသည် “သားသမီးကြောင့် ဖခင်ကို မသတ်ရ။ ဖခင်ကြောင့် သားသမီးကို မသတ်ရ။ လူတိုင်း ကိုယ့်အပြစ်နှင့်ကိုယ်သာ အသတ်ခံရမည်”ဟု မောရှေပညတ္တိကျမ်းတွင်ရေးသားထားသော ထာဝရဘုရား၏ပညတ်ချက်အတိုင်း ခမည်းတော်အားလုပ်ကြံသောသူတို့၏သားသမီးများကိုမူ မကွပ်မျက်ခဲ့ပေ။
ထို့နောက် မောရှေကျမ်းတွင်ရေးသားထားသည့်အတိုင်း ထာဝရဘုရားထံယဇ်ပူဇော်ရန် ဘိုးဘေးတို့၏အိမ်ထောင်စုအလိုက် အုပ်စုခွဲထားသောပြည်သူပြည်သားတို့အား မီးရှို့ရာယဇ်ကို ခွဲဝေပေးကြ၏။ နွားများကိုလည်း ထိုနည်းတူပြုကြ၏။
ထို့နောက် မောရှေ၏ပညတ်တရားကျမ်း၌ရေးထားသည့်အတိုင်း ဂျေရုဆလင်မြို့တွင် ဘုရားသခင်၏အမှုတော်ကိုထမ်းဆောင်ရန် ယဇ်ပုရောဟိတ်အုပ်စု၊ လေဝိအုပ်စုတို့ကို ခန့်ထားလေ၏။
ထိုနေ့၌ မောရှေ၏ပညတ္တိကျမ်းကိုလူတို့ ကြားသိအောင် ဖတ်ပြရာတွင် “အမ္မုန်လူမျိုးနှင့် မောဘလူမျိုးတို့သည် ဘုရားသခင်၏လူမျိုးတော်စာရင်းတွင် ဘယ်သောအခါမျှဝင်ခွင့်မရှိစေရ”ဟု ရေးသားထားသည်ကို တွေ့ရှိရ၏။
ထို့နောက် မောရှေ၏ယောက္ခမယေသရောသည် ဘုရားသခင်ထံ မီးရှို့ရာယဇ်နှင့် ယဇ်ကောင်များကို ယူဆောင်လာ၏။ အာရုန်နှင့်အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ မောရှေ၏ယောက္ခမနှင့်အတူ အစားအစာစားသောက်ရန် လာကြ၏။
ထို့နောက် အစ္စရေးအမျိုးသားလူငယ်တို့ကိုစေလွှတ်သဖြင့် သူတို့သည် ထာဝရဘုရားအား မီးရှို့ရာယဇ်တို့ကိုပူဇော်၍ နွားထီးများကို မိတ်သဟာယယဇ်အဖြစ် ယဇ်ပူဇော်ကြလေ၏။
စာတန်သည် စာတန်ကိုနှင်ထုတ်လျှင် မိမိအတွင်း၌ ဆန့်ကျင်ကွဲပြား၏။ သို့ဖြစ်လျှင် သူ၏နိုင်ငံသည် မည်သို့တည်မြဲမည်နည်း။
သင်တို့သည် ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်သို့ရောက်သောနေ့၌ ကျောက်တုံးကြီးများကိုဆင့်၍ ထုံးသုတ်ရမည်။
ဤတရားစကားရှိသမျှတို့ကို ထိုကျောက်တုံးများပေါ်၌ ရှင်းလင်းပြတ်သားစွာရေးသားထားရမည်”ဟု မှာကြားလေ၏။
ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။