ထွက်မြောက် 18:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထို့နောက် မောရှေ၏ယောက္ခမယေသရောသည် ဘုရားသခင်ထံ မီးရှို့ရာယဇ်နှင့် ယဇ်ကောင်များကို ယူဆောင်လာ၏။ အာရုန်နှင့်အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ မောရှေ၏ယောက္ခမနှင့်အတူ အစားအစာစားသောက်ရန် လာကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ထိုနောက်ယေသရောသည်ထာဝရဘုရား အားပူဇော်ရန် မီးရှို့ရာယဇ်နှင့်အခြားပူ ဇော်ရာယဇ်များကိုဆောင်ခဲ့၏။ အာရုန်နှင့် ဣသရေလအမျိုးသားခေါင်းဆောင်အပေါင်း တို့သည်ယေသရောနှင့်အတူ ထာဝရဘုရား ၏ရှေ့တော်၌အစားအစာသုံးဆောင်ရန် လာကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ထို နောက် မော ရှေ့ ယော က္ခ မ ယေ သ ရော သည် ဘု ရား သ ခင် အား ဆက် ကပ် ရန် မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ များ ကို ဆောင် လှူ ပြီး လျှင် အာ ရုန် နှင့် ဣ သ ရေ လ လူ ကြီး အ ပေါင်း တို့ လည်း မော ရှေ ယော က္ခ မ နှင့် အ တူ ဘု ရား သ ခင့် ရှေ့ တော် တွင် အ စာ သုံး ဆောင် ခြင်း ငှါ ဝင် လာ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 မောရှေ၏ယောက္ခမယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဖို့ ယဇ်များကိုဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုးအသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ယောက္ခမနှင့်အတူ ဘုရားသခင့်ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။ အခန်းကိုကြည့်ပါ။ |
ဟေဇကိမင်းကြီးသည်လည်း ထာဝရဘုရား၏အမှုတော်ကို ကောင်းမွန်ကျွမ်းကျင်စွာထမ်းဆောင်သော လေဝိအမျိုးသားအပေါင်းတို့အား အားပေးစကားပြောဆို၏။ ဤသို့ဖြင့် သူတို့သည် ပွဲတော်အစားအစာကို ခုနစ်ရက်ပတ်လုံး စားသောက်လျက်၊ မိတ်သဟာယယဇ်ကိုပူဇော်လျက် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ချီးမွမ်းကြ၏။
စားသောက်ပွဲအလှည့်ကျကျင်းပသောနေ့များပြီးသောအခါတွင်လည်း ယောဘက “ငါ့သားသမီးတို့စိတ်ထဲတွင် ဘုရားသခင်ကို ကျိန်ဆဲ၍ အပြစ်ပြုမိကောင်းပြုမိကြလိမ့်မည်”ဟု တွေး၍ သူတို့ကို ခေါ်ပြီး ကိုယ်ကိုသန့်ရှင်းစေလျက် နံနက်စောစောထ၍ သူတို့အားလုံးအရေအတွက်အတိုင်း မီးရှို့ရာယဇ်ကို ပူဇော်၏။ ယောဘသည် ထိုသို့ အမြဲပြုလေ့ရှိ၏။
ထိုအခါ ယောဘ၏ညီအစ်ကိုမောင်နှမအပေါင်းတို့နှင့် ယခင်က သိကျွမ်းခဲ့သူအပေါင်းတို့သည် သူ့ထံသို့ရောက်လာ၍ သူ့အိမ်၌ အတူစားသောက်ကြ၏။ သူ့အား ထာဝရဘုရား ကြုံတွေ့စေသောဆင်းရဲဒုက္ခအပေါင်းတို့အတွက် သူ့ကို အားပေးနှစ်သိမ့်ကြ၏။ သူ့အား ငွေစတစ်စနှင့် ရွှေလက်စွပ်တစ်ကွင်းစီလည်း ပေးကြ၏။
ထို့ကြောင့် နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်ကိုယူ၍ ငါ့အစေအပါးယောဘဆီသွားပြီး မီးရှို့ရာယဇ်ကို ပူဇော်ကြလော့။ ငါ့အစေအပါးယောဘသည် သင်တို့အဖို့ ဆုတောင်းပေးလိမ့်မည်။ သင်တို့သည် ငါ့အကြောင်းကို ယောဘကဲ့သို့ မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့မိုက်မဲခဲ့သည့်အတိုင်း သင်တို့ကိုမစီရင်မည့်အကြောင်း သူဆုတောင်းပေးလျှင် သူ့မျက်နှာကိုထောက်ပြီး ငါလက်ခံမည်”ဟု မိန့်တော်မူ၏။
မောရှေသည် မိမိယောက္ခမဖြစ်သူ မိဒျန်လူမျိုးရွေလသား ဟောဗပ်အား “ ‘ထိုပြည်ကိုသင်တို့အား ငါပေးမည်’ဟု ထာဝရဘုရားမိန့်တော်မူခဲ့သောအရပ်သို့ အကျွန်ုပ်တို့ခရီးပြုနေကြပါ၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အား ကောင်းစားစေမည်ဟူသောကတိထားခဲ့သည်ဖြစ်၍ အကျွန်ုပ်တို့နှင့်အတူ လိုက်ခဲ့ပါ။ သင့်ကို ကျေးဇူးပြုပါမည်”ဟု ဆိုလေ၏။