“ရှင်ဘုရင်ငါးပါးသည် မက္ကဒါအရပ်ရှိလိုဏ်ဂူထဲ၌ ပုန်းနေသည်ကို တွေ့ပါပြီ”ဟု ယောရှုအား ကြားလျှောက်ကြသောအခါ
ယောရှု 8:23 - မြန်မာ့စံမီသမ္မာကျမ်း အာဣဘုရင်ကိုကား အရှင်ဖမ်း၍ ယောရှုထံ ခေါ်ဆောင်လာ၏။ Garrad Bible အာ ဣ ဘု ရင် ကို ကား လက် ရ ဘမ်း၍၊ ယော ရှု ထံ ယူ သွား ကြ ၏။ Judson Bible အာဣမင်းကြီးကို အရှင်ဖမ်း၍ ယောရှုထံသို့ ဆောင်ခဲ့ကြ၏။ |
“ရှင်ဘုရင်ငါးပါးသည် မက္ကဒါအရပ်ရှိလိုဏ်ဂူထဲ၌ ပုန်းနေသည်ကို တွေ့ပါပြီ”ဟု ယောရှုအား ကြားလျှောက်ကြသောအခါ
ယောရှုက “လိုဏ်ဂူဝကိုဖွင့်ပြီး ထိုလိုဏ်ဂူထဲမှရှင်ဘုရင်ငါးပါးကို ငါ့ထံသို့ ထုတ်ဆောင်လာခဲ့ကြလော့”ဟု ဆိုသည့်အတိုင်း
ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။
အစ္စရေးစစ်သည်တို့သည် သူတို့ကိုတောကန္တာရကွင်းပြင်အထိ လိုက်လံတိုက်ခိုက်သည့်အာဣမြို့သားအပေါင်းတို့အား တစ်ယောက်မကျန်သတ်ဖြတ်၏။ ထိုသူတို့အားလုံး ဓားဖြင့်လဲကျသေဆုံးသွားပြီးနောက် အစ္စရေးစစ်သည်အပေါင်းတို့သည် အာဣမြို့သို့ တစ်ဖန်ပြန်လာ၍ ကျန်ရစ်သူတို့ကို ဓားဖြင့်သတ်ဖြတ်လေ၏။
အာဣဘုရင်ကို နေဝင်ချိန်တိုင်အောင် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထား၏။ နေဝင်သောအခါ ယောရှုအမိန့်အတိုင်း လူတို့သည် အလောင်းကို သစ်ပင်မှချ၍ မြို့တံခါးဝတွင်ပစ်ထားပြီးလျှင် အလောင်းပေါ်တွင် ကျောက်ပုံကြီးပုံထား၏။ ထိုကျောက်ပုံသည် ယနေ့တိုင်အောင် ရှိ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
အာမလက်ဘုရင်အာဂတ်မင်းကြီးကို အရှင်ဖမ်းပြီး သူ၏လူအပေါင်းတို့ကို ဓားဖြင့် သတ်ဖြတ်ပစ်လေ၏။