ယွာဘသည် အရှေ့ဘက်နှင့် အနောက်ဘက်တွင် စစ်ခင်းကျင်းထားသည်ကို မြင်လျှင် အစ္စရေးစစ်သူရဲများထဲမှ လက်ရွေးစင်အချို့ကို ဆီးရီးယားလူမျိုးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် စစ်ခင်းကျင်း၏။
ယောရှု 8:21 - မြန်မာ့စံမီသမ္မာကျမ်း ကင်းပုန်းတပ်က မြို့ကိုသိမ်းပြီး မြို့ထဲမှမီးခိုးထွက်လာသည်ကို ယောရှုနှင့်အစ္စရေးတပ်သားအပေါင်းတို့ မြင်သောအခါ ပြန်လှည့်လာ၍ အာဣမြို့သားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ Common Language Bible ယောရှုနှင့်သူ၏တပ်သားတို့သည်မိမိတို့ တပ်ပုန်းများက မြို့ကိုသိမ်းလိုက်ကြောင်းကို လည်းကောင်း၊ မြို့မီးလောင်လျက်ရှိသည်ကို လည်းကောင်းတွေ့မြင်ရလျှင်ပြန်လှည့်၍ အာဣမြို့သားများကိုတိုက်ခိုက်သတ်ဖြတ် ကြသည်။- Judson Bible ကင်းတပ်သားတို့သည် မြို့ကိုရ၍ မြို့၌မီးခိုးတက်လျက်ရှိသည်ကို ယောရှုနှင့် ဣသရေလအမျိုးသား အပေါင်းတို့သည်မြင်လျှင်၊ တစ်ဖန်ပြန်လှည့်၍ အာဣမြို့သားတို့ကို တိုက်သတ်ကြ၏။ |
ယွာဘသည် အရှေ့ဘက်နှင့် အနောက်ဘက်တွင် စစ်ခင်းကျင်းထားသည်ကို မြင်လျှင် အစ္စရေးစစ်သူရဲများထဲမှ လက်ရွေးစင်အချို့ကို ဆီးရီးယားလူမျိုးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန် စစ်ခင်းကျင်း၏။
ယောရှုသည် အာဣမြို့ကိုသိမ်း၍ ဂျေရိခေါမြို့နှင့်ဘုရင်ကို ပြုသကဲ့သို့ အာဣမြို့နှင့်ဘုရင်ကိုပြု၍ ချေမှုန်းခဲ့ကြောင်းကိုလည်းကောင်း၊ ဂိဗောင်မြို့သားတို့သည် အစ္စရေးလူမျိုးတို့နှင့် မိတ်ဖွဲ့ပြီး အတူနေထိုင်ကြောင်းကိုလည်းကောင်း ဂျေရုဆလင်ဘုရင်အဒေါနိဇေဒက်မင်းကြီး ကြားသောအခါ
အာဣမြို့သားတို့သည် အနောက်သို့လှည့်ကြည့်သောအခါ မြို့ထဲမှမီးခိုးများ ကောင်းကင်သို့တက်နေသည်ကို မြင်၏။ ထိုအခါ မည်သည့်ဘက်သို့ ပြေးရမည်ကို မသိဖြစ်ကြ၏။ တောကန္တာရဘက်သို့ပြေးသွားသောစစ်သည်တို့ကလည်း အနောက်မှလိုက်သောသူတို့ထံ ပြန်လှည့်လာ၏။
ကင်းပုန်းတပ်ကလည်း မြို့ထဲမှထွက်လာ၍ အာဣစစ်သည်တို့ကို တိုက်လေ၏။ ထို့ကြောင့် သူတို့သည် အစ္စရေးစစ်သည်နှစ်ဖွဲ့ကြားတွင် ပိတ်မိလေ၏။ အစ္စရေးစစ်သည်တို့သည် အာဣစစ်သည်တို့ အသက်ရှင်ကျန်ရစ်သူ၊ ထွက်ပြေးလွတ်မြောက်သူ တစ်ယောက်မျှမရှိအောင် သတ်ဖြတ်လေ၏။