သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
ယောရှု 8:20 - မြန်မာ့စံမီသမ္မာကျမ်း အာဣမြို့သားတို့သည် အနောက်သို့လှည့်ကြည့်သောအခါ မြို့ထဲမှမီးခိုးများ ကောင်းကင်သို့တက်နေသည်ကို မြင်၏။ ထိုအခါ မည်သည့်ဘက်သို့ ပြေးရမည်ကို မသိဖြစ်ကြ၏။ တောကန္တာရဘက်သို့ပြေးသွားသောစစ်သည်တို့ကလည်း အနောက်မှလိုက်သောသူတို့ထံ ပြန်လှည့်လာ၏။ Common Language Bible အာဣမြို့သားတို့သည်နောက်သို့လှည့်ကြည့် သောအခါ မြို့မှမီးခိုးလုံးကြီးများအထက် သို့တက်လျက်ရှိသည်ကိုမြင်ရလေသည်။ ထို အခါမြို့ပြင်ဘက်သို့ထွက်ပြေးခဲ့ကြသော ဣသရေလတပ်သားတို့သည်ပြန်လှည့်၍ အာဣမြို့သားတို့ကိုတိုက်ခိုက်ကြသဖြင့် သူတို့ထွက်ပေါက်မရှိဘဲပိတ်မိနေကြ၏။- Garrad Bible အာ ဣ စစ် သား တို့ လှည့် ကြည့်၍ မြို့ မှ ကောင်း ကင် သို့ မီး ခိုး တက် သည် ကို မြင် ကြ လျှင်၊ လက် လျော့ သည် နှင့် ဝဲ ယာ သို့ မ ဆုတ် မ ပြေး နိုင် သည့် အ တွင်း မြို့ ကို တပ် ပုန်း သိမ်း ယူ သည် ကိုလည်း ကောင်း၊ မြို့ မှ မီး ခိုး တက် သည် ကိုလည်း ကောင်း၊ သဲ က န္တာ ရ လမ်း ဖြင့် ဆုတ် ခဲ့ သော ယော ရှု နှင့် ဣ သ ရေ လ တစ် တပ် လုံး မြင် ကြ သော်၊ လိုက် လံ သူ အာ ဣ စစ် သား တို့ ကို ပြန် လှည့် လုပ် ကြံ ကြ ရာ၊ Judson Bible အာဣမြို့သားတို့သည် ပြန်ကြည့်၍၊ မြို့ကိုလောင်သော မီး၏အခိုးသည် မိုးကောင်းကင်သို့ တက်လျက်ရှိသည်ကို မြင်သောအခါ၊ အဘယ်အရပ်ကိုမျှ ပြေးခြင်းငှာ မတတ်စွမ်းနိုင်ကြ။ တောသို့ပြေးသောသူတို့သည်လည်း လိုက်သောသူတို့ကို ပြန်လှန်၍ တိုက်ကြ၏။ |
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
ဆိုးယုတ်သောသူတို့၏မျက်စိသည် မှုန်ဝါးသွား၍ လွတ်မြောက်ရာလမ်းလည်းရှိလိမ့်မည်မဟုတ်။ သူတို့၏မျှော်လင့်ချက်မှာ သေခြင်းသာဖြစ်လိမ့်မည်”ဟု ဆိုလေ၏။
ရဲရင့်သောသူတို့သည် အလုယက်ခံရ၍ အပြီးတိုင်အိပ်ပျော်သွားကြပြီ။ စစ်သူရဲအပေါင်းတို့သည်လည်း မိမိတို့လက်စွမ်းကို မပြနိုင်ခဲ့ကြပေ။
နေ့ညမပြတ် မီးငြိမ်းလိမ့်မည်မဟုတ်။ မီးခိုးသည် အစဉ်အမြဲတက်လိမ့်မည်။ ထိုပြည်သည် မျိုးဆက်အဆက်ဆက် တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်။ ထိုပြည်ကို ကာလအစဉ်အဆက် မည်သူမျှ ဖြတ်သန်းသွားလာလိမ့်မည်မဟုတ်။
ထိုသို့ရွယ်လိုက်သောအခါ ကင်းပုန်းတို့သည် ကိုယ့်နေရာမှအလျင်အမြန်ထကာ မြို့ထဲသို့ ပြေးဝင်ကြ၏။ ထို့နောက် မြို့ကိုသိမ်း၍ ချက်ချင်းမီးရှို့ပစ်ကြ၏။
ကင်းပုန်းတပ်က မြို့ကိုသိမ်းပြီး မြို့ထဲမှမီးခိုးထွက်လာသည်ကို ယောရှုနှင့်အစ္စရေးတပ်သားအပေါင်းတို့ မြင်သောအခါ ပြန်လှည့်လာ၍ အာဣမြို့သားတို့ကို တိုက်ခိုက်သတ်ဖြတ်လေ၏။
သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြပြီး စည်းစိမ်ခံစားခဲ့ကြသော ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူ့ကိုလောင်ကျွမ်းသည့်မီးခိုးကို မြင်ကြသောအခါ သူ့အတွက် ရင်ဘတ်စည်တီးလျက်ငိုကြွေးကြလိမ့်မည်။
ထို့နောက် တစ်ဖန် သူတို့က “ဟာလေလုယာ။ သူ၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်သွားလျက်ရှိ၏”ဟု ဆိုကြ၏။
အချက်ပြလက္ခဏာအဖြစ် မြို့ထဲမှ မီးခိုးလုံးကြီးတက်စေမည်ဟူ၍ အစ္စရေးတပ်ဖွဲ့နှင့် တပ်ပုန်းအဖွဲ့တို့ ချိန်းချက်ထား၏။
ထိုစဉ် မြို့ထဲမှ မီးခိုးလုံး စတက်လာလေ၏။ ဗင်္ယာမိန်အမျိုးသားတို့လည်း နောက်သို့လှည့်ကြည့်ရာ မြို့ထဲမှမီးခိုးလုံးကြီး ကောင်းကင်သို့တက်နေသည်ကို မြင်လေ၏။
အစ္စရေးစစ်တပ်လည်း ပြန်လှည့်လာ၏။ ဗင်္ယာမိန်အမျိုးသားတို့လည်း အဖြစ်ဆိုးနှင့်ကြုံရတော့မည်ကို သိ၍ထိတ်လန့်နေကြ၏။