Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 8:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

19 ထိုသို့​ရွယ်လိုက်​သောအခါ ကင်းပုန်း​တို့​သည် ကိုယ့်​နေရာ​မှ​အလျင်အမြန်​ထ​ကာ မြို့​ထဲသို့ ပြေး​ဝင်​ကြ​၏​။ ထို့နောက် မြို့​ကို​သိမ်း​၍ ချက်ချင်း​မီး​ရှို့​ပစ်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

19 ယော​ရှု​သည်​လှံ​ကို​ကိုင်​၍​မြို့​ဘက်​သို့​ချိန်​ရွယ် လိုက်​ရာ​စစ်​သူ​ရဲ​တို့​သည် ပုန်း​အောင်း​ရာ​မှ အ​လျင်​အ​မြန်​ထွက်​လာ​၍ မြို့​တွင်း​သို့​ပြေး ဝင်​ကြ​ပြီး​လျှင်​မြို့​ကို​သိမ်း​၍​ချက်​ချင်း မီး​ရှို့​ဖျက်​ဆီး​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

19 တပ် ပုန်း သည် ချ ရာ အ ရပ် မှ အ သော့ ထ၍၊ မြို့ ကို ပြေး ဝင် သိမ်း ယူ ပြီး လျှင်၊ ရုတ် ခြင်း မီး တိုက် ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

19 ရွယ်​သော​အ​ခါ၊ ကင်း​တပ်​သား​တို့​သည် ချက်​ချင်း​ထ၍ အ​လျင်​အ​မြန်​ပြေး​လျက် မြို့​ထဲ​သို့​ဝင်​မိ​လျှင်၊ ကြိုး​စား၍​သိမ်း​ယူ​ပြီး​မှ မီး​ရှို့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 8:19
5 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ထာဝရဘုရား​က ယောရှု​အား “​သင်​ကိုင်ထား​သော​လှံ​ကို အာဣ​မြို့​သို့ ရွယ်​လော့​။ ထို​မြို့​ကို သင့်​လက်​သို့ ငါ​အပ်​မည်​”​ဟု မိန့်​တော်မူ​သဖြင့် ယောရှု​သည် မိမိ​ကိုင်​ထား​သော​လှံ​ကို ထို​မြို့​သို့ ရွယ်​လေ​၏​။


သင်​သည် ဂျေရိခေါ​မြို့​နှင့် ဂျေရိခေါ​ဘုရင်​ကို​ပြု​သကဲ့သို့ အာဣ​မြို့​နှင့်​အာဣ​ဘုရင်​ကို​ပြု​ရ​မည်​။ ထို​မြို့​မှ တိုက်ယူ​သော​ပစ္စည်း​နှင့်​တိရစ္ဆာန်​တို့​ကို​ကား သင်​တို့​အဖို့ သိမ်းယူ​ခွင့်​ရှိ​၏​။ မြို့​အနောက်ဘက်​၌ ကင်းပုန်း​ချထား​လော့​”​ဟု မိန့်​တော်မူ​၏​။


အာဣ​မြို့သား​တို့​သည် အနောက်​သို့​လှည့်​ကြည့်​သောအခါ မြို့​ထဲမှ​မီးခိုး​များ ကောင်းကင်​သို့​တက်​နေ​သည်​ကို မြင်​၏​။ ထိုအခါ မည်သည့်​ဘက်​သို့ ပြေး​ရ​မည်​ကို မ​သိ​ဖြစ်​ကြ​၏​။ တောကန္တာရ​ဘက်​သို့​ပြေးသွား​သော​စစ်သည်​တို့​က​လည်း အနောက်မှလိုက်​သော​သူ​တို့​ထံ ပြန်လှည့်​လာ​၏​။


ဤသို့ဖြင့် အစ္စရေး​အမျိုးသား​အပေါင်း​တို့​သည် ထို​အရပ်​မှ​ထွက်​၍ ဗာလတာမာ​အရပ်​၌ နေရာယူ​ကြ​၏​။ အစ္စရေး​တပ်ပုန်းအဖွဲ့​က​လည်း မိမိ​တို့​ပုန်းနေရာ မာရေ​ဂေဗ​မှ ထွက်လာ​ကြ​၏​။


တပ်ပုန်းအဖွဲ့​က​လည်း ဂိဗာ​မြို့​ထဲသို့ တစ်ဟုန်ထိုး​ပြေးဝင်​၍ တပ်ဖြန့်​ကာ မြို့​တစ်မြို့လုံး​ကို ဓား​ဖြင့်​လုပ်ကြံ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ