အကြောင်းမှာ သူသည် ဘုရားသခင်ကို လက်သီးလက်မောင်းတန်းပြခဲ့၏။ အနန္တတန်ခိုးရှင်ကို အာခံခဲ့၏။
ယောရှု 8:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရားက ယောရှုအား “သင်ကိုင်ထားသောလှံကို အာဣမြို့သို့ ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူသဖြင့် ယောရှုသည် မိမိကိုင်ထားသောလှံကို ထိုမြို့သို့ ရွယ်လေ၏။ Common Language Bible ထိုအခါထာဝရဘုရားသည်ယောရှု အား``သင်၏လှံကိုအာဣမြို့ဘက်သို့ချိန် ရွယ်လော့။ မြို့ကိုသင်၏လက်သို့ငါအပ်မည်'' ဟုမိန့်တော်မူ၏။ ထာဝရဘုရားမိန့်တော် မူသည့်အတိုင်း၊- Garrad Bible ထို အ ခါ ထာ ဝ ရ ဘု ရား က၊ သင် ကိုင် သော လှံ ကို အာ ဣ မြို့ သို့ ရွယ် လော့။ သင့် လက် သို့ ငါ အပ် မည် ဟု ယော ရှု အား မိန့် တော် မူ သည့် အ တိုင်း၊ ကိုင် သော လှံ ကို မြို့ သို့ ယော ရှု ရွယ် သည် နှင့် တစ် ပြိုင် နက် Judson Bible ထာဝရဘုရားကလည်း၊ သင်ကိုင်သောလှံကို အာဣမြို့သို့ရွယ်လော့။ ထိုမြို့ကို သင့်လက်သို့ငါအပ်မည်ဟု ယောရှုအား မိန့်တော်မူသည်အတိုင်း၊ ယောရှုသည် မိမိကိုင်သောလှံကို ထိုမြို့သို့ရွယ်လေ၏။ |
အကြောင်းမှာ သူသည် ဘုရားသခင်ကို လက်သီးလက်မောင်းတန်းပြခဲ့၏။ အနန္တတန်ခိုးရှင်ကို အာခံခဲ့၏။
သူ့အနီးတွင် မြားကျည်တောက်သံ တတောက်တောက်မြည်၍ လှံတိုလှံရှည်တို့ တလက်လက်တောက်ပနေသော်လည်း သူမကြောက်။
သင်မူကား တောင်ဝှေးကိုမြှောက်ပြီးလျှင် ပင်လယ်အပေါ်သို့ သင့်လက်ကိုဆန့်၍ ပင်လယ်ကိုခွဲလော့။ ထိုအခါ အစ္စရေးအမျိုးသားတို့သည် ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် သွားရလိမ့်မည်။
ထိုအခါ ထာဝရဘုရားက မောရှေအား “သင်သည် ဖာရောမင်းကြီးထံသို့ဝင်၍ ထာဝရဘုရားက ‘ငါ၏လူမျိုးတော်သည် ငါ့ကိုဝတ်ပြုရန် သူတို့ကိုလွှတ်လော့။
တစ်ဖန် ထာဝရဘုရားက မောရှေအား “ ‘သင်ကိုင်ထားသောတောင်ဝှေးကို မြစ်များ၊ ချောင်းများ၊ ရေအိုင်များပေါ်သို့ ဆန့်လော့။ ဖားများကို အီဂျစ်ပြည်တစ်လျှောက် တက်လာစေလော့’ဟူ၍ အာရုန်အား ပြောလော့”ဟု မိန့်တော်မူ၏။
ထိုသို့ ဘေဘီလုံဘုရင်လက်ရုံးကို ငါခိုင်ခံ့စေမည်။ ဖာရော၏လက်ရုံးမူကား ကျိုးသွားလိမ့်မည်။ ငါ့ဓားကို ဘေဘီလုံဘုရင်လက်သို့အပ်၍ ထိုဓားဖြင့် အီဂျစ်ပြည်ကို တိုက်ခိုက်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။
အာဣမြို့၊ ဗေသလမြို့တို့၌ ယောက်ျားတစ်ယောက်မကျန် မြို့ကိုချန်ထား၍ အစ္စရေးစစ်သည်တို့နောက်သို့ လိုက်ကြ၏။
ထိုသို့ရွယ်လိုက်သောအခါ ကင်းပုန်းတို့သည် ကိုယ့်နေရာမှအလျင်အမြန်ထကာ မြို့ထဲသို့ ပြေးဝင်ကြ၏။ ထို့နောက် မြို့ကိုသိမ်း၍ ချက်ချင်းမီးရှို့ပစ်ကြ၏။
အာဣမြို့သားတို့ကို ချေမှုန်း၍မပြီးမချင်း ယောရှုသည် လှံရွယ်ထားသောလက်ကို မချ။
သင်တို့သည် ကင်းပုန်းချရာနေရာမှထွက်၍ မြို့ကိုသိမ်းပိုက်ရမည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုမြို့ကို သင်တို့လက်သို့အပ်တော်မူမည်။
ထိုဖိလိတ္တိပြည်သားသည် ဒါဝိဒ်ထံသို့ချဉ်းကပ်လာ၏။ ဒိုင်းလွှားကိုင်သူလည်း သူ့ရှေ့မှ သွား၏။
ဒါဝိဒ်ကလည်း ထိုဖိလိတ္တိပြည်သားအား “သင်သည် ဓား၊ လှံတို၊ လှံရှည်တို့ဖြင့် ငါ့ထံလာ၏။ ငါမူကား သင်စော်ကားပြောဆိုနေသော အစ္စရေးစစ်သည်တို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်ဖြင့် သင့်ထံလာ၏။
သူ၏ခြေထောက်တွင်လည်း ကြေးနီညို့သကျည်းကာပါရှိပြီး ပခုံးတွင်လည်း ကြေးနီလှံရှည် လွယ်ထား၏။