ယေဇကျေလ 30:25 - မြန်မာ့စံမီသမ္မာကျမ်း25 ထိုသို့ ဘေဘီလုံဘုရင်လက်ရုံးကို ငါခိုင်ခံ့စေမည်။ ဖာရော၏လက်ရုံးမူကား ကျိုးသွားလိမ့်မည်။ ငါ့ဓားကို ဘေဘီလုံဘုရင်လက်သို့အပ်၍ ထိုဓားဖြင့် အီဂျစ်ပြည်ကို တိုက်ခိုက်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible25 ငါသည်သူ့အားအမှန်ပင်ချည့်နဲ့စေ၍ ဗာဗုလုန်မင်းအားသန်မာစေမည်။ ငါ၏ ဋ္ဌားကိုဗာဗုလုန်ဘုရင်လက်သို့ပေးအပ် ၍ သူသည်အီဂျစ်ပြည်သို့ဋ္ဌားဦးကိုလှည့် လိုက်သောအခါ ငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းကိုလူတိုင်းသိရှိကြ လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible25 ငါ သည် ဗာ ဗု လုန် ဘု ရင်၏ လက် ရုံး ကို သန် မာ စေ လျက်၊ စွဲ ကိုင် စေ မည့် ဓား တော် ကို၊ အိ ဂျစ် ပြည် ပေါ် တွင် ထို ဘု ရင် ဆန့် မိုး သ ဖြင့်၊ ဖာ ရော မင်း လက် ရုံး လျော့ ကျ သည့် ကာ လ၊ ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။ အခန်းကိုကြည့်ပါ။Judson Bible25 ဗာဗုလုန်ရှင်ဘုရင်၏လက်ရုံးတို့ကို ငါခိုင်မာစေမည်။ ဖာရောဘုရင်၏လက်မူကား၊ အောက်သို့ကျလိမ့်မည်။ ငါ့ဓားကို ဗာဗုလုန်ရှင်ဘုရင်လက်၌ ငါအပ်၍၊ သူသည် အဲဂုတ္တပြည်ကို ထိုဓားနှင့်ခုတ်သောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
မိုးတိမ်သည် မြေပြင်ကိုလွှမ်းမိုးသကဲ့သို့ သင်သည် ငါ့လူမျိုးတော်အစ္စရေးတို့ကိုတိုက်ခိုက်ရန် စစ်ချီလာမည်။ အို ဂေါဂမင်းကြီး၊ နောင်ကာလတွင် ငါ၏ပြည်တော်ကို တိုက်ခိုက်ရန် သင့်ကို ငါစစ်ချီစေ၍ ငါသန့်ရှင်းကြောင်းကို သင့်အားဖြင့် လူမျိုးတကာတို့ရှေ့တွင် ထင်ရှားစေသောအခါ သူတို့သည် ငါ့ကိုသိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးသည် မျှော်ကြည့်လျှင် မိုးနှင့်မြေကြားလေထဲ၌ရပ်နေသောကောင်းကင်တမန်တစ်ပါးကို တွေ့ရ၏။ ထိုကောင်းကင်တမန်သည် ဓားကိုကိုင်ထားလျက် ဂျေရုဆလင်မြို့ဘက်သို့ လက်ဆန့်ထား၏။ ထိုအခါ လျှော်တေအဝတ်ကိုဝတ်ထားသောဒါဝိဒ်မင်းကြီးနှင့်သက်ကြီးဝါကြီးတို့သည် ပျပ်ဝပ်လျက် နေလေ၏။