ထိုအခါ အာခန်က ယောရှုအား “အကျွန်ုပ်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားကို အမှန်တကယ်ပြစ်မှားမိခဲ့ပါ၏။ အကျွန်ုပ် ဤသို့ပြုမိခဲ့ပါ၏။
ထိုအခါအာခန်က``အကျွန်ုပ်သည်ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားမိခဲ့ကြောင်းဝန်ခံပါ သည်။-
အာ ခန် က၊ ဣ သ ရေ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ကျွန် တော် မု ချ ပြစ် မှား မိ ပါ ပြီ။ ပြု မိ သော အ မှု ကား၊ လက် ရ ပ စ္စည်း အ တွင်း၊
အာခန်က၊ ဟုတ်ပါ၏။ ဣသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားကို ကျွန်တော်ပြစ်မှားပါပြီ။ ကျွန်တော်ပြုမိသောအမှုဟူမူကား၊
ထိုအခါ သူတို့က “အကယ်စင်စစ် ငါတို့သည် ငါတို့ညီအပေါ်ပြုခဲ့သောအမှုအတွက် အပြစ်ရှိသောသူများဖြစ်ကြ၏။ သူသည် ငါတို့ကိုအသနားခံသောအခါ သူစိတ်ဒုက္ခရောက်နေသည်ကိုငါတို့မြင်ရသော်လည်း ငါတို့နားမထောင်ခဲ့ကြချေ။ ထို့ကြောင့် ထိုဒုက္ခသည် ငါတို့အပေါ်သို့ရောက်လေပြီ”ဟု အချင်းချင်းပြောဆိုကြ၏။
သူသည် လူတို့ကိုကြည့်ရှု၍ ‘ငါသည် ဖြောင့်မှန်သောလမ်းမှလွဲ၍ အပြစ်ပြုမိပြီ။ သို့သော် ငါခံထိုက်သောအပြစ်ကို ခံစေတော်မမူ။
လူကိုစောင့်ကြည့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်ပြုမိပြီလော။ ကိုယ်တော့်ကိုမည်သို့ပြုမိပါသနည်း။ အကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် ဝန်ထုပ်ဝန်ပိုးဖြစ်ရသည်အထိ အဘယ်ကြောင့်အကျွန်ုပ်ကိုပစ်မှတ်ထားတော်မူပါသနည်း။
အမှန်စင်စစ် အကျွန်ုပ်သည် အကျွန်ုပ်၏ဒုစရိုက်ကို ဖော်ပြဝန်ခံပါ၏။ အကျွန်ုပ်၏အပြစ်ကြောင့် စိုးရိမ်ပူပန်ပါ၏။
ထိုအခါ ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကို အလျင်အမြန်ဆင့်ခေါ်၍ “ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားနှင့် သင်တို့ကို ပြစ်မှားပါပြီ။
ဖာရောမင်းကြီးသည် မောရှေနှင့်အာရုန်ကိုဆင့်ခေါ်ပြီးလျှင် “ဤတစ်ကြိမ်ကား ငါပြစ်မှားမိပြီ။ ထာဝရဘုရားသာလျှင် ဖြောင့်မတ်တော်မူ၏။ ငါနှင့်ငါ့လူတို့မူကား ဆိုးယုတ်သောသူများဖြစ်ကြပါ၏။
ထိုအခါ ဗာလမ်က ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်ပြစ်မှားပါပြီ။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆီးတားရန် လမ်း၌ရပ်နေသည်ကို အကျွန်ုပ်မသိပါ။ ကိုယ်တော်မနှစ်မြို့လျှင် အကျွန်ုပ်ပြန်သွားပါမည်”ဟု လျှောက်လေ၏။
ဤဆီမွှေးကို အဖိုးများစွာနှင့်ရောင်း၍ ဆင်းရဲသားတို့ကို ပေးကမ်းနိုင်သည်”ဟု ဆိုကြ၏။
“အကျွန်ုပ်သည် အပြစ်ကင်းသောသူ၏သွေးကိုအပ်နှံပြီး အပြစ်ပြုမိပါပြီ”ဟု ဆို၏။ သို့သော် ထိုသူတို့က “ငါတို့နှင့် မည်သို့ဆိုင်သနည်း။ ကိုယ့်အမှုကို ကိုယ်ဖြေရှင်းလော့”ဟု ဆိုကြ၏။
ထိုအခါ ယောရှုက အာခန်အား “ငါ့သား၊ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်းလော့။ ကျေးဇူးတော်ကို ချီးမွမ်းလော့။ သင်ပြုသောအမှုကို ငါ့အား ယခုပြောပါလော့။ ဘာမျှ ဖုံးကွယ်မထားနှင့်”ဟု ဆို၏။
အကျွန်ုပ်သည် တိုက်ယူသောပစ္စည်းထဲ၌ လှပသောရှိနာပြည်သားဝတ်လုံတစ်ထည်၊ ငွေရှယ်ကယ်နှစ်ရာနှင့် အလေးချိန်ရှယ်ကယ်ငါးဆယ်ရှိသောရွှေချောင်းတစ်ချောင်းကို တွေ့သောအခါ တပ်မက်စိတ်ဝင်၍ ယူမိပါပြီ။ အကျွန်ုပ်၏တဲအတွင်း မြေအောက်၌ဝှက်ထားလျက်ရှိပါ၏။ ငွေသည် အောက်ဆုံး၌ ရှိပါ၏”ဟု ပြန်ဖြေလေ၏။
ထိုအခါ ရှောလုမင်းကြီးက ရှမွေလအား “အကျွန်ုပ် အပြစ်ပြုမိပါပြီ။ အကျွန်ုပ်သည် လူတို့ကိုကြောက်၍ သူတို့စကားကို နားထောင်မိသောကြောင့် ထာဝရဘုရား၏စကားတော်နှင့် အရှင်၏စကားကို လွန်ဆန်မိပါပြီ။
သို့သော် သူက “အကျွန်ုပ်ပြစ်မှားမိပါပြီ။ သို့သော် ယခု အကျွန်ုပ်၏လူမျိုး သက်ကြီးဝါကြီးတို့ရှေ့၊ အစ္စရေးလူမျိုးတို့ရှေ့တွင် အသရေမပျက်ရပါစေနှင့်။ အကျွန်ုပ်သည် အရှင်၏ဘုရားသခင်ထာဝရဘုရားကို ရှိခိုးကိုးကွယ်ရပါမည့်အကြောင်း အကျွန်ုပ်နှင့်အတူ ပြန်လိုက်ခဲ့ပါ”ဟု ဆိုပြန်၏။