ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ယောရှု 6:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထိုပြည်ကို စူးစမ်းခဲ့သောလုလင်တို့သည် ရာခပ်အိမ်သို့ဝင်၍ ရာခပ်အပါအဝင် သူ၏မိဘ၊ ညီအစ်ကိုမောင်နှမများနှင့် သူ့အိမ်၌ရှိသောသူအပေါင်းတို့ကို ခေါ်ထုတ်လာ၏။ ရာခပ်၏ဆွေမျိုးသားချင်းအားလုံးကို ခေါ်ထုတ်လာ၍ အစ္စရေးတပ်စခန်းအပြင်ဘက်၌ထားလေ၏။ Common Language Bible ထိုကြောင့်သူတို့သည်ရာခပ်နှင့်တကွသူ၏ မိဘများ၊ မောင်နှမများနှင့်အိမ်သူအိမ်သား များကိုခေါ်ဆောင်ခဲ့၏။ ကျေးကျွန်များပါ မကျန်သူတို့အားလုံးတို့ကိုဣသရေလ အမျိုးသားတို့၏စခန်းအနီးလုံခြုံသော အရပ်တွင်နေရာချထားကြလေသည်။- Garrad Bible သူ လျှို လု လင် တို့ ဝင် ပြီး လျှင်၊ ရာ ခပ် မှ စ၍၊ မိ ဘ၊ မောင် ဘွား၊ ဆွေ မျိုး သား ချင်း နှင့် ရှိ ရှိ သ မျှ ကို ထွက် စေ လျက်၊ ဣ သ ရေ လ တပ် စား ခန်း အ ပ တွင် ထား ကြ ပြီး မှ Judson Bible သူလျှိုလုပ်သောလုလင်တို့သည် ဝင်၍၊ ရာခပ်နှင့် သူ့မိဘ၊ သူ့မောင်များ၊ သူ၌ရှိသမျှတို့ကိုလည်းကောင်း၊ သူ့ပေါက်ဖော်အပေါင်းတို့ကိုလည်းကောင်း ထုတ်ဆောင်ခဲ့၍၊ ဣသရေလတပ်ပြင်မှာ ထားပြီးလျှင်၊ |
ငါသည် သင့်ကို ကြီးမြတ်သောလူမျိုးဖြစ်စေမည်။ သင့်ကို ငါကောင်းချီးပေး၍ သင်၏အမည်နာမကို ကြီးမြတ်စေသဖြင့် သင်သည် ကောင်းချီးမင်္ဂလာဖြစ်လိမ့်မည်။
ထိုမြို့ထဲတွင် ဖြောင့်မတ်သောသူ အယောက်ငါးဆယ်ရှိလျှင် ကိုယ်တော်သည် မြို့ထဲရှိဖြောင့်မတ်သောသူအယောက်ငါးဆယ်အတွက် ထိုအရပ်ကို ချမ်းသာမပေးဘဲ အမှန်ပင်ဖျက်ဆီးသုတ်သင်တော်မူမည်လော။
ထိုသို့ မြစ်ဝှမ်းရှိမြို့များကို ဘုရားသခင်ဖျက်ဆီးသောအခါ ဘုရားသခင်သည် အာဗြဟံကိုအောက်မေ့တော်မူ၏။ သို့ဖြစ်၍ လောတနေသောမြို့များကို ဖြိုလှဲသောအခါ လောတကိုထိုဖြိုလှဲခြင်းထဲမှ လွှတ်ပေးတော်မူ၏။
သင်တို့မူကား ခုနစ်ရက်ပတ်လုံး တပ်စခန်းအပြင်ဘက်၌ နေရမည်။ လူကိုသတ်ခဲ့သောသူ၊ လူအသေကောင်ကိုထိသောသူ မည်သူမဆို တတိယနေ့၊ သတ္တမနေ့၌ သုံ့ပန်းများနှင့်အတူ မိမိကိုယ်မိမိ သန့်စင်စေရမည်။
ထိုအခါ ပေတရုက “ဂျူးလူမျိုးတို့အတွက် လူမျိုးခြားထံ အလည်အပတ်သွားခြင်း၊ သို့မဟုတ် သူတို့နှင့်ပေါင်းဖော်ခြင်းသည် တရားတော်နှင့်မညီကြောင်း သင်တို့သိကြ၏။ သို့သော် မည်သူ့ကိုမျှ ညစ်ညူးသောသူ၊ သို့မဟုတ် မစင်ကြယ်သောသူဟူ၍ မခေါ်ရမည့်အကြောင်း ဘုရားသခင်သည် ငါ့အား ပြသတော်မူပြီ။
‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။
အကြောင်းမူကား အပြင်လူတို့ကိုစီရင်ခြင်းသည် ငါနှင့်မည်သို့ဆိုင်သနည်း။ အတွင်းလူတို့ကို သင်တို့စီရင်ရမည်မဟုတ်လော။
ထိုအချိန်က သင်တို့သည် ခရစ်တော်နှင့်ကင်းကွာ၍ အစ္စရေးအမျိုးသားစာရင်းမဝင်၊ ကတိတော်နှင့်ဆိုင်သောပဋိညာဉ်များနှင့်မသက်ဆိုင်၊ ဤလောက၌မျှော်လင့်ခြင်းမရှိ၊ ဘုရားမဲ့လျက်နေခဲ့ကြ၏။
ပြည့်တန်ဆာရာခပ်သည် ယုံကြည်ခြင်းအားဖြင့် သူလျှိုတို့ကို ငြိမ်းချမ်းစွာလက်ခံသောကြောင့် မယုံကြည်သောသူတို့နှင့်အတူမပျက်စီးခဲ့ရပေ။
နောဧသည် မမြင်ရသေးသောအရာများနှင့်ပတ်သက်၍ ဗျာဒိတ်တော်ရသောအခါ ကြောက်ရွံ့ရိုသေသောစိတ်ရှိ၍ မိမိအိမ်သူအိမ်သားတို့ကယ်တင်ခြင်းခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောကိုတည်ဆောက်လေ၏။ ထိုယုံကြည်ခြင်းအားဖြင့် သူသည် လောက၏အပြစ်ကိုထင်ရှားစေ၍ ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းကို အမွေဆက်ခံသူဖြစ်လာ၏။
ကျွန်မ၏မိဘ၊ ညီအစ်ကိုမောင်နှမတို့မှစ၍ သူတို့နှင့်ဆိုင်သောသူအပေါင်းတို့ကို အသက်ချမ်းသာခွင့်ပေးပါ။ ကျွန်မတို့၏အသက်ကို သေဘေးထဲမှ ကယ်နုတ်ပါ”ဟု ဆိုလေ၏။
သူတို့အား “သင်တို့ကို လိုက်ရှာသောသူတို့ သင်တို့ကို မတွေ့အောင် တောင်ပေါ်သို့တက်၍ သုံးရက်ပုန်းနေပါ။ လိုက်ရှာသောသူတို့ပြန်လာပြီးမှ သင်တို့ခရီးဆက်ကြပါ”ဟု ဆိုလေ၏။
ဤပြည်သို့ ငါတို့ရောက်လာသောအခါ ဤကြိုးနီကို ငါတို့လျှောဆင်းလာခဲ့သောပြတင်းပေါက်၌ ချည်ထားရမည်။ သင်၏မိဘ၊ ညီအစ်ကိုမောင်နှမတို့နှင့် ဆွေမျိုးသားချင်းအားလုံးကို သင့်အိမ်၌ ခေါ်ထားရမည်။
သူသည် မြို့ဝင်လမ်းကို ပြပေး၏။ သူတို့သည်လည်း မြို့ကို ဓားနှင့်တိုက်ခိုက်ကြပြီး လမ်းပြပေးသူ၏မိသားစုများကိုမူ လွတ်မြောက်ခွင့်ပေးလေ၏။