ဂိလဒ်ပြည်တွင် သူတို့၏သိုးနွားတိရစ္ဆာန်များတိုးပွားလာသဖြင့် အရှေ့ဘက်၌ ယူဖရေးတီးမြစ်နားထိရောက်သော တောကန္တာရအစပ်တိုင်အောင် အခြေချနေထိုင်ကြ၏။
ယောရှု 22:8 - မြန်မာ့စံမီသမ္မာကျမ်း “သင်တို့၏ရန်သူတို့ထံမှ တိုက်ယူသောပစ္စည်းများကို သင်တို့၏ညီအစ်ကိုတို့နှင့်အတူ ခွဲဝေယူကြလော့။ တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ အဝတ်အထည်မှစ၍ စည်းစိမ်ဥစ္စာအမြောက်အမြားတို့ကို ယူ၍ သင်တို့၏အိမ်သို့ပြန်သွားကြလော့”ဟု သူတို့အားဆိုလေ၏။ Garrad Bible ယော ရှု က၊ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ အ ဝတ် တန် ဆာ၊ တိ ရ စ္ဆာန် မှ စ သော စည်း စိမ် အ မြောက် အ မြား ပါ လျက်၊ နေ ရာ တဲ များ သို့ ပြန် သွား ပြီး လျှင် ဆွေ မျိုး သား ချင်း တို့ အား ရန် သူ့ ထံ မှ လက် ရ ပ စ္စည်း ကို ဝေ ငှ ကြ လော့ ဟူ၍ ကောင်း ကြီး ပေး လေ ၏။ Judson Bible ယောရှုကလည်း၊ သင်တို့သည် အလွန်ဥစ္စာရတတ်၍ များစွာသော တိရစ္ဆာန်၊ ရွှေ၊ ငွေ၊ ကြေးဝါ၊ သံ၊ အဝတ်တန်ဆာများတို့ကိုယူဆောင်လျက် သင်တို့နေရာအိမ်သို့ ပြန်သွားကြလော့။ ရန်သူတို့၌ လုယူ၍ရသောဥစ္စာကို သင်တို့ညီအစ်ကိုများ၌ ဝေဖန်ကြလော့ဟုမှာထားလျက်၊ ကောင်းချီးပေး၍ သူတို့နေရာအိမ်သို့ လွှတ်လိုက်လေ၏။ |
ဂိလဒ်ပြည်တွင် သူတို့၏သိုးနွားတိရစ္ဆာန်များတိုးပွားလာသဖြင့် အရှေ့ဘက်၌ ယူဖရေးတီးမြစ်နားထိရောက်သော တောကန္တာရအစပ်တိုင်အောင် အခြေချနေထိုင်ကြ၏။
ထို့ကြောင့် ထာဝရဘုရားသည် ယောရှဖတ်မင်းကြီးလက်ထဲ၌ နိုင်ငံတော်ကိုတည်မြဲစေ၏။ ယုဒလူမျိုးအပေါင်းတို့သည် ယောရှဖတ်မင်းကြီးထံ လက်ဆောင်ပဏ္ဏာများ ဆက်သကြသဖြင့် သူသည် ဓနဥစ္စာကြွယ်ဝပြီး ဘုန်းအသရေ ကြီးထွားလေ၏။
ဟေဇကိမင်းကြီးသည် ဓနဥစ္စာပေါများကြွယ်ဝ၍ ဘုန်းအသရေထွန်းတောက်လေ၏။ ရွှေ၊ ငွေ၊ အဖိုးတန်ကျောက်မျက်ရတနာများနှင့် အမွှေးနံ့သာများ၊ ဒိုင်းလွှားများနှင့် အဖိုးတန်အသုံးအဆောင်အမျိုးမျိုးတို့အတွက် သိုလှောင်ရုံများကို ဆောက်လုပ်၏။
“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
ထိုသိမ်းယူသောပစ္စည်းတို့ကို စစ်ထွက်တိုက်သောစစ်သည်နှင့် လူထုအပေါင်းတို့အား တစ်ဝက်စီခွဲပေးလော့။
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။
သူသည် အကျိုးကျေးဇူးကို ရှေးရှုမျှော်မှန်းလျက်နေသောကြောင့် ခရစ်တော်အတွက်ကဲ့ရဲ့ပြစ်တင်ခြင်းခံရသည်ကို အီဂျစ်ပြည်၏ဥစ္စာဘဏ္ဍာများထက် ပို၍မြတ်သောစည်းစိမ်ဖြစ်သည်ဟု မှတ်ယူလေ၏။
ဒါဝိဒ်ကိုခေါ်ဆောင်သွားရာ ထိုသူတို့သည် ဖိလိတ္တိပြည်၊ ယုဒပြည်တို့မှ ပစ္စည်းအများအပြားကို လုယက်သိမ်းယူနိုင်သောကြောင့် တစ်ပြည်လုံး နေရာအနှံ့ စားသောက်လျက် ကခုန်နေကြ၏။
ဤအမှုနှင့်ပတ်သက်၍ သင်တို့စကားကို မည်သူနားထောင်မည်နည်း။ စစ်တိုက်သွားသောသူရသောဝေစုအတိုင်း ပစ္စည်းစောင့်ကျန်ခဲ့သောသူကိုလည်း ညီတူညီမျှဝေစုခွဲဝေပေးရမည်”ဟု ဆို၏။