ယောရှု 22:34 - မြန်မာ့စံမီသမ္မာကျမ်း ရုဗင်သားမြေးနှင့်ဂဒ်သားမြေးတို့က “ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်း ထိုယဇ်ပလ္လင်သည် ငါတို့တွင် သက်သေဖြစ်၏”ဟု ဆို၍ ထိုယဇ်ပလ္လင်ကို “သက်သေ”ဟု ခေါ်ဝေါ်ကြ၏။ Common Language Bible ရုဗင်အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့က``ထာဝရ ဘုရားသည်ဘုရားသခင်ဖြစ်တော်မူကြောင်း ကိုဤယဇ်ပလ္လင်သည်ငါတို့၏သက်သေဖြစ် ပါစေသော'' ဟုဆိုလျက်ထိုယဇ်ပလ္လင်ကို ``သက်သေ'' ဟုမှည့်ခေါ်ကြလေသတည်း။ Garrad Bible ရု ဗင်၊ ဂဒ် အ နွယ် သား တို့ က လည်း ယေ ဟော ဝါ သာ လျှင် ဘု ရား သ ခင် ဖြစ် ကြောင်း ငါ တို့ ကြား တွင် သက် သေ တည်း ဟူ၍ ထို ပလ္လင် ကို ဧ ဒ ဟု သ မုတ် ကြ သ တည်း။ Judson Bible ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို ဤယဇ်ပလ္လင်သည် ငါတို့စပ်ကြားမှာသက်သေခံပါစေသောဟုဆိုလျက် ထိုပလ္လင်ကို ဧဒအမည်ဖြင့် မှည့်ကြ၏။ |
ထို့နောက် လာဗန်က “ယနေ့တွင် ဤကျောက်ပုံသည် သင်နှင့်ငါကြား၌ သက်သေဖြစ်၏”ဟု ဆို၏။ ထို့ကြောင့် ၎င်း၏အမည်ကို ဂိလဒ် ဟူ၍လည်းကောင်း၊
လူအပေါင်းတို့သည် ထိုအဖြစ်ကိုမြင်သောအခါ ပျပ်ဝပ်လျက် “ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဘုရားသခင်အမှန်ဖြစ်တော်မူ၏”ဟု ကြွေးကြော်လေ၏။
ထိုနေ့ရက်တွင် အီဂျစ်ပြည်အလယ်၌ ထာဝရဘုရားအတွက် ယဇ်ပလ္လင်တစ်ခုရှိလိမ့်မည်။ ထိုပြည်၏နယ်စပ်၌ ထာဝရဘုရားအတွက် ကျောက်တိုင်တစ်တိုင်ရှိလိမ့်မည်။
ထာဝရဘုရားက “သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ သင်တို့သည် ငါ့ကိုသိ၍ယုံကြည်မည့်အကြောင်း၊ ငါသည် ထိုအရှင်ဖြစ်သည်ကိုနားလည်မည့်အကြောင်း ငါရွေးချယ်သော ငါ၏အစေအပါးလည်းဖြစ်ကြ၏။ ငါ့အလျင် မည်သည့်ဘုရားမျှမရှိ။ ငါ့နောက်၌လည်း မည်သည့်ဘုရားမျှ ရှိမည်မဟုတ်။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ငါတို့သည် ငါတို့၏မီးရှို့ရာယဇ်များ၊ ပူဇော်သက္ကာများ၊ မိတ်သဟာယယဇ်များဖြင့် ထာဝရဘုရား၏ရှေ့တော်၌ ကိုယ်တော်ကိုဝတ်ပြုတတ်ကြကြောင်း သင်တို့နှင့်ငါတို့အကြား၊ နောင်လာမည့်ငါတို့၏မျိုးဆက်အစဉ်အဆက်ကြား၌ သက်သေဖြစ်စေရန်သာဖြစ်၏။ သို့မှ နောင်ကာလ၌ သင်တို့၏သားမြေးတို့သည် ငါတို့၏သားမြေးတို့အား “ထာဝရဘုရား၌ သင်တို့အဖို့ဝေစုမရှိ”ဟူ၍ ပြောခွင့်ရှိတော့မည်မဟုတ်’ဟု ပြောဆိုတိုင်ပင်ကြ၏။
ထို့နောက် ယောရှုက လူအပေါင်းတို့အား “ကြည့်ပါ။ ငါတို့အား ထာဝရဘုရားမိန့်တော်မူသောစကားတော်အလုံးစုံကို ဤကျောက်တုံးသည်လည်း ကြားပြီဖြစ်၍ ငါတို့အဖို့ သက်သေဖြစ်လိမ့်မည်။ ဘုရားသခင်၏စကားတော်ကို သင်တို့ငြင်းပယ်လျှင် ဤကျောက်တုံးသည် သက်သေဖြစ်လိမ့်မည်”ဟု ဆို၏။