ယောရှု 24:27 - မြန်မာ့စံမီသမ္မာကျမ်း27 ထို့နောက် ယောရှုက လူအပေါင်းတို့အား “ကြည့်ပါ။ ငါတို့အား ထာဝရဘုရားမိန့်တော်မူသောစကားတော်အလုံးစုံကို ဤကျောက်တုံးသည်လည်း ကြားပြီဖြစ်၍ ငါတို့အဖို့ သက်သေဖြစ်လိမ့်မည်။ ဘုရားသခင်၏စကားတော်ကို သင်တို့ငြင်းပယ်လျှင် ဤကျောက်တုံးသည် သက်သေဖြစ်လိမ့်မည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible27 ယောရှုကလူအပေါင်းတို့အား``ဤကျောက်တုံး သည်ငါတို့အတွက်သက်သေဖြစ်စေမည်။ ငါတို့ အားထာဝရဘုရားမိန့်တော်မူသမျှကိုဤ ကျောက်တုံးသည်ကြားရပြီ။ သို့ဖြစ်၍သင်တို့ သည်သင်တို့၏ဘုရားသခင်ကိုပုန်ကန်လျှင် ဤကျောက်တုံးသည်သက်သေဖြစ်ကြလိမ့် မည်'' ဟုမိန့်ကြားလေ၏။- အခန်းကိုကြည့်ပါ။Garrad Bible27 ငါ တို့ အား ထာ ဝ ရ ဘု ရား ထား တော် မူ ပြီး ဗျာ ဒိတ် တော် အ လုံး စုံ ကို ကြား ရ သော ဤ ကျောက် တိုင် သည် ငါ တို့ အ ဖို့ သက် သေ ဖြစ် သည့် ပြင်၊ ကိုယ့် ဘု ရား သ ခင် ကို မ ငြင်း ဆို နိုင် ရန် လည်း သင် တို့ အ ဖို့ သက် သေ ဖြစ် ဦး မည် ဟု လူ ပ ရိ သတ် တို့ အား မိန့် ဆို ပြီး နောက် အခန်းကိုကြည့်ပါ။Judson Bible27 ဤကျောက်သည် ငါတို့အားသက်သေဖြစ်ရလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသော စကားအလုံးစုံကို ကြားရပြီ။ သို့ဖြစ်၍ သင်တို့သည် ဘုရားသခင်ကို ငြင်းပယ်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း သင်တို့အား သက်သေဖြစ်ရလိမ့်မည်ဟု လူအပေါင်းတို့အားပြောဆိုပြီးမှ၊ အခန်းကိုကြည့်ပါ။ |
သင်တို့နှင့်အတူရှိတော်မူသောထာဝရဘုရားကို သင်တို့ စွန့်ပယ်ကြ၍ ငါတို့သည် အဘယ်ကြောင့် အီဂျစ်ပြည်မှထွက်လာကြသနည်းဟု ထာဝရဘုရားရှေ့တော်၌ ငိုကြွေးလျက်ဆိုကြသောကြောင့် သင်တို့၏နှာခေါင်းမှထွက်၍ သင်တို့ရွံရှာသည်အထိ တစ်လလုံး အသားကို စားရလိမ့်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သူတို့သည် ဘေးအန္တရာယ်နှင့် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရသောအခါ ဤသီချင်းသည် သူတို့ကို ဆန့်ကျင်သော သက်သေဖြစ်လိမ့်မည်။ သူတို့၏သားစဉ်မြေးဆက်တို့သည် ဤသီချင်းကိုမမေ့လျော့ဘဲ နှုတ်၌အစဉ်ရှိနေမည်။ သူတို့အား ပေးမည်ဟု ငါကျိန်ဆိုခဲ့သောပြည်သို့ သူတို့ကိုမပို့ဆောင်မီ ယနေ့ သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏”ဟု မိန့်တော်မူ၏။