ယောရှု 22:33 - မြန်မာ့စံမီသမ္မာကျမ်း33 ထိုစကားကို အစ္စရေးအမျိုးသားတို့ကြားသောအခါ ကျေနပ်နှစ်သက်ကြ၏။ အစ္စရေးအမျိုးသားတို့သည် ဘုရားသခင်ကိုကောင်းချီးထောမနာပြုကြ၏။ သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးတို့နေထိုင်ရာပြည်ကို စစ်ချီတိုက်ခိုက်ဖျက်ဆီးမည့်အကြောင်း မပြောကြတော့ပေ။ အခန်းကိုကြည့်ပါ။Common Language Bible33 ထိုအခါဣသရေလအမျိုးသားတို့သည် ကျေနပ်ဝမ်းမြောက်လျက် ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ သူတို့သည်ရုဗင် အနွယ်ဝင်၊ ဂဒ်အနွယ်ဝင်တို့နေထိုင်ရာပြည် ကိုစစ်ချီတိုက်ခိုက်ဖျက်ဆီးရန်မကြံစည် ကြတော့ချေ။- အခန်းကိုကြည့်ပါ။Garrad Bible33 ဣ သ ရေ လ အ မျိုး သား တို့ သည် ထို စ ကား ကို နှစ် သက်၍၊ ရု ဗင်၊ ဂဒ် အ နွယ် သား တို့ နေ ရာ နယ် ကို ချီ တက် ဖျက် ဆီး မည့် အ ကြံ ကင်း ငြိမ်း လျက် ဘု ရား သ ခင် ကို သြ ဘာ ဆက် ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible33 ဣသရေလအမျိုးသားတို့သည် ဝမ်းမြောက်ခြင်းရှိ၍ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြ၏။ နောက်တစ်ဖန် ရုဗင်အမျိုး၊ ဂဒ်အမျိုးသားတို့နေသောပြည်ကို လုပ်ကြံအံ့သောငှာ စစ်ချီမည်ဟု အကြံမရှိကြ။ အခန်းကိုကြည့်ပါ။ |
တိတုရောက်ရှိလာခြင်းအားဖြင့်သာမက သင်တို့ထံမှ တိတုခံစားရသောနှစ်သိမ့်မှုအားဖြင့်လည်း ငါတို့ကို နှစ်သိမ့်ပေးတော်မူ၏။ တစ်နည်းဆိုသော် သင်တို့သည် ငါ့ကိုလွမ်းဆွတ်နေကြောင်း၊ အလွန်ဝမ်းနည်းနေကြောင်းနှင့် ငါ့အပေါ်စေတနာစိတ်ထက်သန်လျက်ရှိကြောင်းကို ငါတို့အား တိတုပြောပြသောကြောင့် ငါသည် ပို၍ဝမ်းမြောက်၏။