ယောရှု 22:31 - မြန်မာ့စံမီသမ္မာကျမ်း
ယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်ကလည်း ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတို့အား “ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူကြောင်းကို ယနေ့ ငါတို့သိရပြီ။ အကြောင်းမူကား သင်တို့သည် ထာဝရဘုရားကိုမပြစ်မှားခဲ့ကြပေ။ ယခု သင်တို့သည် အစ္စရေးအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှကယ်နုတ်လေပြီ”ဟု ဆိုလေ၏။
အခန်းကိုကြည့်ပါ။
ထိုအခါယဇ်ပုရောဟိတ်ဧလာဇာ၏သား ဖိနဟတ်က``ထာဝရဘုရားသည်ငါတို့နှင့် အတူရှိတော်မူကြောင်းကိုငါတို့ယခုသိ ရကြပြီ။ ကိုယ်တော်အားမပုန်ကန်ခဲ့ကြ သဖြင့်ဣသရေလအမျိုးသားတို့သည် ထာဝရဘုရား၏ဒဏ်ခတ်တော်မူခြင်း မှလွတ်မြောက်ရကြပြီ'' ဟုသူတို့အား ဆို၏။
အခန်းကိုကြည့်ပါ။
ပ ရော ဟိတ် ဧ လာ ဇာ့ သား ဖိ န ဟတ် က၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို သင် တို့ မ ဖောက် ကျော် သော ကြောင့် ထာ ဝ ရ ဘု ရား သည် ငါ တို့ အ လယ် တွင် တည် ရှိ တော် မူ ကြောင်း ယ နေ့ ငါ တို့ သိ ရ ကြ ပါ၏။ သင် တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ ကို၊ ထာ ဝ ရ ဘု ရား လက် တော် မှ ယ နေ့ လွတ် မြောက် စေ ကြ ပြီ ဟု ရု ဗင်၊ ဂဒ်၊ မ နာ ရှေ့ အ နွယ် သား တို့ အား ဆို ပြီး နောက်
အခန်းကိုကြည့်ပါ။
ယဇ်ပုရောဟိတ် ဧလာဇာသားဖိနဟတ်ကလည်း၊ သင်တို့သည် ထာဝရဘုရားကို မပြစ်မှားသောကြောင့်၊ ထာဝရဘုရားသည် ငါတို့တွင် ရှိတော်မူကြောင်းကို ယနေ့ ငါတို့သိမြင်ကြ၏။ သင်တို့သည် ဣသရေလအမျိုးသားတို့ကို ထာဝရဘုရားလက်တော်မှ ယခုကယ်လွှတ်ကြပြီဟု ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးသားတို့အား ပြောဆိုကြ၏။
အခန်းကိုကြည့်ပါ။