Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 22:31 - Common Language Bible

31 ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​၏​သား ဖိ​န​ဟတ်​က``ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​နှင့် အ​တူ​ရှိ​တော်​မူ​ကြောင်း​ကို​ငါ​တို့​ယ​ခု​သိ ရ​ကြ​ပြီ။ ကိုယ်​တော်​အား​မ​ပုန်​ကန်​ခဲ့​ကြ သ​ဖြင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​ဒဏ်​ခတ်​တော်​မူ​ခြင်း မှ​လွတ်​မြောက်​ရ​ကြ​ပြီ'' ဟု​သူ​တို့​အား ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

31 ပ ရော ဟိတ် ဧ လာ ဇာ့ သား ဖိ န ဟတ် က၊ ထာ ဝ ရ ဘု ရား သ စ္စာ တော် ကို သင် တို့ မ ဖောက် ကျော် သော ကြောင့် ထာ ဝ ရ ဘု ရား သည် ငါ တို့ အ လယ် တွင် တည် ရှိ တော် မူ ကြောင်း ယ နေ့ ငါ တို့ သိ ရ ကြ ပါ၏။ သင် တို့ သည် ဣ သ ရေ လ အ မျိုး သား တို့ ကို၊ ထာ ဝ ရ ဘု ရား လက် တော် မှ ယ နေ့ လွတ် မြောက် စေ ကြ ပြီ ဟု ရု ဗင်၊ ဂဒ်၊ မ နာ ရှေ့ အ နွယ် သား တို့ အား ဆို ပြီး နောက်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

31 ယဇ်​ပု​ရော​ဟိတ် ဧ​လာ​ဇာ​သား​ဖိ​န​ဟတ်​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​ပြစ်​မှား​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​တွင် ရှိ​တော်​မူ​ကြောင်း​ကို ယ​နေ့ ငါ​တို့​သိ​မြင်​ကြ၏။ သင်​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​လက်​တော်​မှ ယ​ခု​ကယ်​လွှတ်​ကြ​ပြီ​ဟု ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​သား​တို့​အား ပြော​ဆို​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

31 ယဇ်ပုရောဟိတ်​ဧလာဇာ​၏​သား ဖိနဟတ်​က​လည်း ရုဗင်​သားမြေး​၊ ဂဒ်​သားမြေး​နှင့် မနာရှေ​သားမြေး​တို့​အား “​ထာဝရဘုရား​သည် ငါ​တို့​နှင့်အတူ​ရှိ​တော်မူ​ကြောင်း​ကို ယနေ့ ငါ​တို့​သိ​ရ​ပြီ​။ အကြောင်းမူကား သင်​တို့​သည် ထာဝရဘုရား​ကို​မ​ပြစ်မှား​ခဲ့​ကြ​ပေ​။ ယခု သင်​တို့​သည် အစ္စရေး​အမျိုးသား​တို့​ကို ထာဝရဘုရား​လက်​တော်​မှ​ကယ်နုတ်​လေ​ပြီ​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 22:31
13 ပူးပေါင်းရင်းမြစ်များ  

အာ​ဇ​ရိ​သည်​အာ​သ​မင်း​ထံ​သို့​သွား​ပြီး​လျှင်``အို အာ​သ​မင်း​နှင့်​တ​ကွ​ယု​ဒ​နှင့်​ဗင်္ယာ​မိန်​အ​နွယ် ဝင်​တို့၊ ငါ​၏​စ​ကား​ကို​နား​ထောင်​ကြ​လော့။ သင် တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး ကိုယ်​တော်​သည်​သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​မည်။ သင်​တို့​သည်​ကိုယ်​တော်​အား​ရှာ ကြ​လျှင် ကိုယ်​တော်​သည်​သင်​တို့​အား​အ​တွေ့ ခံ​တော်​မူ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည် ကိုယ်​တော်​အား​ကျော​ခိုင်း​ကြ​ပါ​က​ကိုယ် တော်​သည်​လည်း​သင်​တို့​အား​စွန့်​ပယ်​တော် မူ​လိမ့်​မည်။-


ဗုက္ကိ​၏​အ​ဖ​သည်​အ​ဘိ​ရွှ၊ အ​ဘိ​ရွှ​၏​အ​ဖ သည် ဖိ​န​ဟတ်၊ ဖိ​န​ဟတ်​၏​အ​ဖ​မှာ​ဧ​လာ​ဇာ၊ ဧ​လ​ဇာ​၏​အ​ဖ​ကား​အာ​ရုန်​ဖြစ်​သ​တည်း။


ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့် သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။


ငါ​သည်​သူ​တို့​နှင့်​အ​တူ​နေ​နိုင်​ရန် ငါ့​အ​တွက် တဲ​တော်​ကို​တည်​ဆောက်​ရ​ကြ​မည်။-


ဇိ​အုန်​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​အား ကြွေး​ကြော်​သီ​ဆို​စေ​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​သည်​ကြီး​မြတ်​တော်​မူ​၍၊ မိ​မိ​လူ​မျိုး​တော်​အ​လယ်​၌​ကျိန်း​ဝပ်​တော် မူ​၏။''


ထို​နေ့​ရက်​ကာ​လ​၌​ယု​ဒ​အ​မျိုး​သား တစ်​ဦး​အား​လူ​မျိုး​ခြား​တစ်​ကျိပ်​က``ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​တော်​မူ​ကြောင်း ငါ​တို့​ကြား​သိ​ရ​ကြ​ပေ​ပြီ။ သို့​ဖြစ်​၍ ငါ​တို့​သည်​သင်​တို့​နှင့်​ဆိုး​တူ​ကောင်း​ဖက် ဖြစ်​လို​ကြ​ပါ​သည်' ဟု​ဆို​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။


ဗျာ​ဒိတ်​တော်​ကား ``အ​ပျို​က​ညာ​သည်​ကိုယ်​ဝန် ဆောင်​၍​သား​ယောက်ျား​ကို​ဖွား​မြင်​လိမ့်​မည်။ ထို သား​ကို​ဧ​မာ​နွေလ ဟု​ခေါ်​ဝေါ်​သ​မုတ်​ကြ​လိမ့်​မည်'' ဟူ​၍​ဖြစ်​သ​တည်း။


သူ​၏​စိတ်​နှ​လုံး​စစ်​ကြော​စီ​ရင်​ခြင်း​ကို​ခံ​ရ လျက်​သူ​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ သည်​ပေါ်​လွင်​သ​ဖြင့် ``သင်​တို့​နှင့်​အ​တူ​ဧ​ကန် အ​မှန်​ဤ​အ​ရပ်​တွင်​ဘု​ရား​သ​ခင်​ရှိ​တော်​မူ ပါ​သည်​တ​ကား'' ဟု​ထုတ်​ဖော်​ဝန်​ခံ​ကာ​ဘု​ရား သ​ခင်​ကို​ပျပ်​ဝပ်​ရှိ​ခိုး​လိမ့်​မည်။


ယဇ်​ပု​ရော​ဟိတ်​ဖိ​န​ဟတ်​နှင့်​တ​ကွ ဣ​သ​ရေ​လ အ​နောက်​ဘက်​အ​နွယ်​ဝင်​တို့​၏​အ​ကြီး​အ​ကဲ ဖြစ်​ကြ​သော သား​ချင်း​စု​ခေါင်း​ဆောင်​ဆယ်​ဦး တို့​သည်​ရု​ဗင်​အ​နွယ်​ဝင်၊ ဂဒ်​အ​နွယ်​ဝင်၊ အ​ရှေ့ မ​နာ​ရှေ​အ​နွယ်​ဝင်​တို့​ပြော​ပြ​သ​မျှ​ကို ကြား​ရ​သော​အ​ခါ​ကျေ​နပ်​ဝမ်း​မြောက်​ကြ ၏။-


ထို​နောက်​ဖိ​န​ဟတ်​နှင့်​အ​ကြီး​အ​ကဲ​တို့​သည် ရု​ဗင်​အ​နွယ်​ဝင်​နှင့်​ဂဒ်​အ​နွယ်​ဝင်​တို့​နေ​ထိုင် ရာ​ဂိ​လဒ်​ပြည်​မှ​ခါ​နာန်​ပြည်​သို့​ပြန်​ရောက် ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား မိ​မိ​တို့​ဆောင်​ရွက်​ခဲ့​သ​မျှ​ကို​ပြန်​ကြား ကြ​လေ​သည်။-


သင်​တို့​ချီ​တက်​သော​အ​ခါ​ဘု​ရား​သ​ခင် သည်​ခါ​နာန်​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ဂိ​ရ ဂါ​ရှိ​အ​မျိုး​သား၊ အာ​မော​ရိ​အ​မျိုး​သား​နှင့် ယေ​ဗု​သိ​အ​မျိုး​သား​တို့​ကို​မု​ချ​နှင်​ထုတ် တော်​မူ​မည်။ ကမ္ဘာ​မြေ​ကြီး​တစ်​ခု​လုံး​ကို အ​စိုး​ရ​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​သည် သင်​တို့​ကို​ရှေ့ ဆောင်​၍​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​သော အ​ခါ​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​သင်​တို့​နှင့်​အ​တူ​ရှိ​တော်​မူ သည်​ကို​သင်​တို့​သိ​ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ