သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
ယောရှု 22:20 - မြန်မာ့စံမီသမ္မာကျမ်း ဇေရအမျိုးသားအာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အပြစ်ပြုသောကြောင့် သူတစ်ယောက်တည်း သေသည်မဟုတ်။ အစ္စရေးလူထုတစ်ရပ်လုံး အမျက်တော်ဒဏ်ခံခဲ့ရသည်မဟုတ်လော’ဟူ၍ ပြောဆိုကြသည်”ဟု ဆို၏။ Common Language Bible ဇေရ၏သားအာခန်သည်ဖျက်ဆီးပစ်ရ မည့်ပစ္စည်းများနှင့်စပ်ဆိုင်သောအမိန့်တော် ကိုမနာခံသဖြင့် ဣသရေလတစ်မျိုးသား လုံးအပြစ်ဒဏ်ခံခဲ့ရသည်မဟုတ်လော။ အာခန်၏အပြစ်ကြောင့်သူတစ်ဦးတည်း သာအသက်သေဆုံးခဲ့ရသည်မဟုတ်'' ဟု ဆိုကြ၏။ Garrad Bible ဇေ ရ သား အာ ခန် သည် မြေ လှန် ရာ ပါ ဥစ္စာ ကို ယူ၍ လွန် ကျူး သည့် ဒု စ ရိုက် ကြောင့် သူ့ ကိုယ် တိုင် သေ ဒဏ် ခံ ရုံ နှင့် မ ငြိမ်း ဘဲ ဣ သ ရေ လ တစ် မျိုး လုံး ပ ရိ သတ် အ ပေါ် တွင် အ မျက် ဒဏ် သင့် ရောက် ခဲ့ ပြီ မ ဟုတ် လော ဟု ဆင့် ဆို ကြောင်း ပြန် ကြား ကြ ၏။ Judson Bible ဇေရသားအာခန်သည် ကျိန်အပ်သောအရာ၌ ပြစ်မှား၍ အမျက်တော်သည် ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အပေါ်မှာ ရောက်သည်မဟုတ်လော။ ထိုသူသည် ပြစ်မှားသောအပြစ်ကြောင့် တစ်ယောက်တည်းသာ သေရသည်မဟုတ်ဟု ဆိုကြ၏။ |
သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား၏အိမ်တော်ကို စွန့်ခွာသွားကြပြီး အာရှရနတ်ဘုရားမတံခွန်တိုင်နှင့် ရုပ်တုတို့ကို ကိုးကွယ်ကြ၏။ ထိုအပြစ်ကြောင့် ယုဒပြည်သူဂျေရုဆလင်မြို့သားတို့အပေါ် အမျက်တော်သက်ရောက်လေ၏။
သင်ဆိုးယုတ်လျှင် သင်ကဲ့သို့သောလူကို ထိခိုက်နိုင်၏။ သင်ဖြောင့်မတ်လျှင် လူသားကို အကျိုးပြုနိုင်၏။
ထို့နောက် မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာ၊ ဣသမာတို့အား “သင်တို့ မသေကြရမည့်အကြောင်း၊ ကိုယ်တော်သည် လူထုအပေါင်းတို့ကိုအမျက်ထွက်တော်မမူမည့်အကြောင်း သင်တို့၏ဆံပင်ကို ဖားလျားမချနှင့်၊ သင်တို့၏အဝတ်ကို မဆုတ်နှင့်။ သင်တို့၏အမျိုးသားချင်းများဖြစ်သော အစ္စရေးအမျိုးသားအပေါင်းတို့သည် ထာဝရဘုရားရှို့တော်မူသောမီးအတွက် ငိုကြွေးရကြမည်။
ဤအရာများကား ထိုသူတို့တပ်မက်ခဲ့ကြသကဲ့သို့ မကောင်းသောအရာများကို ငါတို့တပ်မက်ခြင်းမရှိကြစေရန် ငါတို့အတွက်နမူနာများအဖြစ် ဖြစ်ပျက်ခဲ့ကြ၏။
ထိုအခါ ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့က အစ္စရေးမျိုးနွယ်စုအကြီးအမှူးတို့အား
ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ကျူးလွန်ရာရောက်စေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အမျက်ထွက်တော်မူ၏။
ဇာဗဒိအိမ်ထောင်စုကို တစ်ယောက်ချင်းစီ ချဉ်းကပ်စေရာ ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ရွေးထုတ်ခံရ၏။
ထိုအခါ ယောရှုနှင့်အစ္စရေးအမျိုးသားအပေါင်းတို့သည် ဇေရအမျိုးသားအာခန်ကို သူယူခဲ့သော ငွေ၊ ဝတ်လုံ၊ ရွှေချောင်းနှင့်တကွ သူ၏သားသမီး၊ နွား၊ မြည်း၊ သိုး၊ တဲ စသည့် သူပိုင်ဆိုင်သမျှတို့ကို အာခေါ်ချိုင့်ဝှမ်းသို့ ထုတ်ဆောင်သွားကြ၏။
အာဣမြို့သားတို့သည် မြို့တံခါးမှ ရှေဗရိမ်အရပ်အထိ သူတို့နောက်သို့လိုက်၍ တောင်စောင်း၌ လူသုံးဆယ့်ခြောက်ယောက်ကို တိုက်ခိုက်သတ်ဖြတ်လေ၏။ ထို့ကြောင့် လူတို့သည် စိတ်ပျက်အားလျော့ကုန်လေ၏။
ထို့ပြင် သောဒုံနှင့်ဂေါမောရမြို့တို့ကို ပြစ်ဒဏ်စီရင်လျက် ပြာပုံအဖြစ်သို့ ပျက်သုဉ်းစေကာ ဘုရားတရားမဲ့ဖြစ်လာမည့်သူတို့အတွက် နမူနာဖြစ်စေတော်မူ၏။